New Artical

နှလုံးမပျက်စီးချင်ရင် ဘယ်လိုနေထိုင်သင့်သလဲ

 


နှလုံးရောဂါဟာ အမေရိကမှာ နံပါတ် ၁ အဆိုးရွားဆုံးကျန်းမာရေးပြဿနာပါ။ ဒီလိုဆိုးရွားလှတဲ့ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးရမှုတွေရဲ့ အများစုဟာ Heart Attack ကြောင့်ပါ။
Heart Attack ဖြစ်ခြင်းဟာ အသက်အန္တရာယ်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Heart Attack ဖြစ်ခဲ့မယ်ဆိုရင် နှလုံးထိခိုက်ပျက်စီးပြီး အသက်အန္တရာယ်ကို ထိခိုက်စေပါလိမ့်မယ်။

မိမိမှာ နှလုံးရောဂါအခံရှိနေတာ၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပြသလာနေပြီဆိုရင် အခြေအနေတွေ ရှေ့ဆက်တိုးပြီး မဆိုးရွားလာဖို့ တားဆီးဖို့ လိုအပ်လာပါပြီ။
Heart Attack ဖြစ်မလာအောင် အကောင်းဆုံးတားဆီးရမယ့်နည်းလမ်းကတော့ လူနေမှုပုံစံကို ပြောင်းလဲလိုက်ပြီး ကျန်းမာအောင်နေထိုင်ဖို့ပါပဲ။

ဆေးလိပ်ဖြတ်ပါ – ဆေးလိပ်သောက်တတ်တယ်ဆိုရင် ဖြတ်လိုက်တာကောင်းပါတယ်။ နှလုံးရောဂါရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆေးလိပ်မသောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။
အာဟာရမျှတပါစေ – ကိုလက်စထရော မများအောင်၊ သွေးမတိုးအောင်၊ ကိုယ်အလေးချိန်မများအောင်၊ ကျန်းမာရေးနဲ့ညီညွတ်အောင် အစာအာဟာရကို မှီဝဲပေးတာက Heart Attack မဖြစ်ဖို့ တားဆီးရာမှာ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။

ကိုလက်စထရောကို သတိထားပါ – သွေးတွင်းမှာ ကိုလက်စထရောများမနေအောင် ဂရုစိုက်ရပါမယ်။ ကိုလက်စထရောတွေများပြီး အဆီတွေပြည့်လာရင် သွေးကြောတွေကျဉ်းမြောင်းလာပြီး နှလုံးကိုထိခိုက်စေမှာပါ။

သွေးဖိအားတည်ငြိမ်အောင်ထားပါ – သွေးခုန်နှုန်းကိုလည်း မပြတ်စစ်ဆေးနေဖို့လိုမှာပါ။ ပုံမှန်အားဖြင့် ၁၂၀/၈၀ အကြားမှာရှိနေအောင် သတိထားပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ – ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ကို ကျစေရုံတင်မဟုတ်ပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာသန်စွမ်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။

ကိုယ်အလေးချိန် လျှော့ချပါ – ကိုယ်အလေးချိန်ကို BMI ချိန်ညှိပြီး ကိုယ့်ရဲ့ အသက်အရွယ်၊ အရပ်အမောင်းတွေနဲ့ ကိုက်ညီတဲ့ အလေးချိန်မျိုးမှာရှိနေအောင် ချိန်ညှိနေထိုင်ဖို့ လိုအပ်ပါတယ်။

ဆီးချိုကို ထိမ်းပါ – ကိုယ့်မှာ ဆီးချိုရှိနေတယ်ဆိုရင် ဆီးချိုဆောင့်မတက်အောင် သတိထားရပါမယ်။ အသက် ၆၅ နှစ်အထက် နှလုံးရောဂါသည်အများစုရဲ့ သေဆုံးမှု ၁၆ % ဟာ ဆီးချိုရောဂါနဲ့ ဆက်စပ်နေတတ်ပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပါ – စိတ်ဖိစီးမှုဟာ Heart Attack ဖြစ်စေနိုင်တဲ့ ပြဿနာတွေက တစ်ခုပါ။

အသောက်အစားကို လျှော့ပါ – အရက်၊ ဘီယာစတဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေကို ဖြတ်လိုက်တောက်သင့်ပါတယ်။ ကြိုက်လွန်းလို့ မှီဝဲမယ်ဆိုရင်တောင်မှ အလွန်နည်းပါးတဲ့ပမာဏမျိုးပဲဖြစ်သင့်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အချက်တွေကို လိုက်နာပြီး လူနေမှုပုံစံကို ပြောင်းလဲနေထိုင်မယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့ Heart Attack ဖြစ်မယ့်ရန်ကိုလည်း ကာကွယ်နိုင်မှာပါ။

နှလုံးရောဂါဟာ အန္တရာယ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပေမယ့် စနစ်တကျကျန်းမာစွာနေထိုင်ခြင်းဖြင့် ရောဂါကိုတွန်းလှန်နိုင်တာကို မမေ့ပါနဲ့။

No comments