New Artical

ကလေးငြိမ်အောင် ဖုန်းပေးကိုင်မှာလား?

 

နည်းပညာတွေထွန်းကားလာတာနဲ့အမျှ ကလေးငယ်တွေရဲ့ screen အပေါ်စွဲလမ်းမှုတွေကလည်း များပြားလာပါတယ်။screen လို့ပြောတဲ့နေရာမှာ ဖုန်း screen, tablet screen, TV screen တို့ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး ကလေးငယ်တွေဟာ TV ကြည့်နေရင်းနဲ့ tablet နဲ့ဆော့နေတာလိုမျိုး multi-screening လုပ်တတ်ကြပါသေးတယ်။ မိဘတစ်ချို့က ကလေးငယ်ငြိမ်နေစေဖို့ ဖုန်းပေးထားတာမျိုးလုပ်တတ်ကြပါတယ်။

ကလေးတွေဟာ ထောင်သားတွေလောက်တောင် အပြင်လောကနဲ့ထိတွေ့မှုမရှိအောင် နည်းပါးလာပါတယ်

လေ့လာတွေ့ရှိချက်တွေအရ

ကလေးငယ် ၄ယောက်မှာ ၃ယောက်က အပြင်မှာဆော့ကစားခြင်းထက် screen   နဲ့ထိတွေ့ချိန်ပိုများပါတယ်

ကလေး ၅ယောက်မှာ ၁ယောက်ကတော့ တစ်နေ့လုံးအပြင်ထွက်မဆော့ပဲနေပါတယ်တဲ့

ပျော်ရွှင်ကျန်းမာတဲ့ ကလေးဘဝရဲ့သော့ချက်က ပြေးလွှားဆော့ကစားတာမျိုးဖြစ်ပေမယ့် ဒီနေ့ခေတ်ရဲ့ကလေးတွေမှာတော့ အကြောက်တရားတွေ ၊ အိမ်စာတွေတောင်လိုပုံပြီး screen တွေနဲ့အချိန်ကုန်တာလည်းများပြားလာတာကတော့ စိုးရိမ်စရာပဲဖြစ်ပါတယ်။

ဒီလိုကနေ ကလေး ၄ယောက်မှာ ၁ယောက်က video game တွေကစားတာကို လေ့ကျင့်ခန်းလုပ်တယ်လို့ထင်မှတ်လာကြတယ်ဆိုပြီးလေ့လာချက်တစ်ချို့ကပြောထားပါသေးတယ်

ဒါပေမယ့်လည်း အံ့အားသင့်စရာကောင်းစွာပဲ video game တွေက ကမ္ဘာတစ်ဝှမ်းမှာ လူမျိုး အသက်မရွေးကို လွှမ်းမိုးနေတာတွေ့ရမှာပါ။

နောက်တစ်ခုကတော့ကလေးငယ်တွေကို social media တွေဆီဆွဲခေါ်လာတာမျိုးပါ။ကလေးတွေကိုငယ်စဉ်ကတည်းက social media သုံးစေတဲ့အခါ ကလေးအသက်၁၃နှစ်လောက်ရောက်တဲ့အခါ social media တွေကို လူကြီးတွေထက်ပို ခုံမင်လာတတ်ပါတယ်တဲ့။

ကလေးတွေအနေနဲ့ ၁၀ယောက်မှာ ၆ယောက်က screen တွေနဲ့ထိတွေ့နေတာကြောင့် အိပ်ချိန်တွေလည်းလုံလောက်စွာမရှိတော့တာမျိုးဖြစ်လာပါတယ်။

Microsoft ရဲ့ co-founder Bill Gates ကတော့သူ့ကလေးတွေကို အသက် ၁၄နှစ်မတိုင်ခင်ထိ smart phone တွေပေးမကိုင်ခဲ့ပါဘူး။

အဲ့ဒါကြောင့်မေမေတို့က မိမိကလေးငယ်ငြိမ်နေစေဖို့ ဖုန်းပေးထားတာ ၊ TV ပေးကြည့်တာတွေကို တတ်နိုင်သမျှရှောင်သင့်ပါတယ်နော်။

Ref : Kalay

No comments