New Artical

ညဘက်အိပ်မရဖြစ်နေရင် ဒါလေးတွေ လုပ်ကြည့်ပါ


စိတ်ဖိစီးမှုတွေများနေတဲ့ အခုလိုအချိန်မှာ ကောင်းကောင်းအိပ်မပျော်တာ ဖြစ်နေတယ်ဆိုရင်တော့ အခုပြောပြထားတဲ့ အချက်လေးတွေကို သေချာလိုက်လုပ်ကြည့်ပါနော်။

ခုနောက်ပိုင်း လူတွေအများစု ခံစားလာရတာတွေက အိပ်မရတဲ့ ညတွေ ပါပဲ။ ညညဆို အိပ်မပျော်ဘူး၊ အိပ်ရေးမဝဘူး ကောင်းကောင်း အိပ်မပျော်ဘူးဆိုတာကို အများစုဆီကနေ ကြားဖူးနေမှာပါ။ ခုက ဖုန်းတွေ ညနက်ထိ သုံးနေရတော့ာ့ ညဘက်ဆို တော်ရုံနဲ့လည်း မအိပ်ဖြစ်ကြတော့ဘူးလေ။ ဒါပေမယ့် ချစ်တို့ရေ အိပ်လို့ မရဘူး အိပ်ရေးပျက်တယ် အိပ်မပျော်ဘူးဆိုတာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေပါ။
 

ညနေဘက် လေ့ကျင့်ခန်းလုပ်ပါ 

ကိုယ်လက်တွေ ပင်ပန်းလာရင် အိပ်ပျော်တတ်ကြတယ်လေ နည်းနည်းပင်ပန်းနေလို့ စောစောအိပ်ပျော်သွားတယ် ဆိုတာမျိုးပေါ့။ ညနေဘက်တွေမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်တာကလည်း အိပ်ပျော်စေမယ့် နည်းလမ်းတွေထဲက တစ်ခုပါပဲ။ ပုံမှန် လမ်းလျှောက်ပေးတာမျိုး၊ ပြေးတာမျိုးလေးတွေ လုပ်ကြည့်ပေးပါ။
 

တတ်နိုင်သမျှ အိပ်ရာစောစောဝင်ပါ 

ညဘက်စောစော အိပ်မပျော်တာက အိပ်ရာနောက်ကျမှ ဝင်တာနဲ့လည်း ဆိုင်တယ်နော်။ ချစ်တို့ အိပ်ချင်ချင် မအိပ်ချင်ချင် အိပ်ချိန်မှာ အိပ်ရာသာ ဝင်ပါ။ ဒါဆိုရင် အသိစိတ်က အိပ်ဖို့ လှုံ့ဆော်နေမှာမလို့ အိပ်ပျော်သွားနိုင်ချေ များပါတယ်။
 

ရေတွက်ပါ 

ဒါကတော့ အိပ်ပျော်ဖို့ ကြိုးစားနေတဲ့သူတိုင်း သုံးတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ (၁) ကနေ (၁၀၀) အထိ ဖြည်းဖြည်းချင်း ရေတွက်ပါ။ ဒါက စိတ်ငြိမ်စေပြီး တခြားအတွေးတွေ မဝင်အောင် ကူညီပေးမှာမို့ အမြန်အိပ်ပျော်စေမှာပါ။
 

ပတ်ဝန်းကျင် 

အိပ်မပျော်ဘူးဆိုရင်တော့ ဘာကြောင့် အိပ်မပျော်တာလဲဆိုတာ အဖြေရှာဖို့ လိုတယ်နော်။ အကယ်လို့ ကိုယ်ကောင်းကောင်း အိပ်မပျော်တာက ပတ်ဝန်းကျင်ရဲ့ ဆူညံမှုတွေကြောင့်ဆိုရင် အဲဒီအရာတွေနဲ့ ဝေးဝေးမှာ အိပ်ဖို့ ကြိုးစားကြည့်ပါ။ တိတ်ဆိတ်လေ ပိုအိပ်ပျော်လေ ဖြစ်မှာပါ။
 

စိတ်ဖိစီးမှု လျှော့ချပါ 

ညဘက်တွေမှာ အိပ်မပျော်တာတွေ ဖြစ်တာက စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်မရတဲ့ ညတွေလွန်အောင် ချစ်တို့ အတွေးတွေ လျှော့တွေးပါ။ မဖြစ်သေးတာတွေကို တွေးပြီးတော့ မပူပါနဲ့။ အဲဒီအချက်တွေက စိတ်ဖိစိးမှု ဖြစ်စေပြီး ညဘက် ကောင်းကောင်း အိပ်မပျော်နိုင်ပါဘူး။

ဖုန်းမသုံးပါနဲ့
 

ခုနောက်ပိုင်း အများစု အိပ်ရာဝင်နောက်ကျရတဲ့ အကြောင်းရင်းထဲမှာ ဖုန်းသုံးတာလည်း ပါပါတယ်။ ဖုန်းသုံးနေရင်း ကြည့်ချင်တာ၊ စိတ်ဝင်စားတာ ရှိတာနဲ့ပဲ အိပ်ချင်တာကို မအိပ်တော့ဘဲ ဆက်သုံးနေတာမျိုးပေါ့။ အိပ်ချင်နေချိန်မှာ မအိပ်ဘဲနေတာကလည်း မျက်စိကျယ်ပြီး မအိပ်ချင်တော့တာမျိုး  ဖြစ်တတ်ပါတယ်။ နောက်ပြီး ဖုန်းက ထွက်တဲ့ အလင်းရောင်ကြောင့်လည်း မအိပ်ချင်တာမျိုးဖြစ်တတ်ပါတယ်။ အိပ်ရာထဲထိ ဖုန်းသုံးတာမျိုး တဖြည်းဖြည်းချင်း လျှော့ပါ။ 

စိတ်ဖိစီးမှုတွေများနေတဲ့ အခုလိုအချိန်မှာ ကောင်းကောင်းအိပ်မပျော်တာ ဖြစ်နေတယ်ဆိုရင်တော့ အခုပြောပြထားတဲ့ အချက်လေးတွေကို သေချာလိုက်လုပ်ကြည့်ပါနော်။

Crd : Marry

No comments