New Artical

အိမ်မွေးတိရစ္ဆာန်နဲ့ကလေးတို့ကျန်းမာရေး


အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ကလေးတွေဆိုတာက သူတို့အချင်းချင်းမှာ ကောင်းခြင်းတွေ ဖလှယ်နိုင်ပါတယ်။ ဥပမာ ခွေးလေးတစ်ကောင်ရှိခြင်းက သင်နှင့်သင့်ကလေးကို ပျော်ရွှင်စေနိုင်ပါတယ်။ ကလေးငယ်ရှိရင် အိမ်မွေးတိရစ္ဆာန်မွေးသင့် မမွေးသင့်တွေဝေနေမယ့် မေမေတို့အတွက် ဒီစာလေးရေးပေးလိုက်ပါတယ်။

အိမ်မွေးတိရစ္ဆာန်ရှိခြင်းက သင့်ကလေးအတွက် စိတ်ရော ကိုယ်ပါ ကောင်းကျိုးရှိစေပါတယ်။

လေ့လာချက်များအရ အိမ်မွေးတိရစ္ဆာန်တွေကို ဂရုစိုက်တတ်တဲ့ကလေးတွေက

(၁)တာဝန်သိမှုအပြင် တစ်စုံတစ်ခုကိုဂရုစိုက်ခြင်းကရတဲ့ ပျော်ရွှင်မှုကို အခြားကလေးတွေထက်ပိုပြီး သင်ယူနိုင်ကြပါတယ်

(၂) သဘာဝတရားကို ရှာဖွေတွေ့ရှိဖို့ သင်ကြားပေးပြီး တိရစ္ဆာန်လေးတွေ ပတ်ဝန်းကျင်မှာ ဘယ်လိုပြုမူနေထိုင်ကြလဲဆိုတာ သိစေပါတယ်တဲ့

(၃)တည်ငြိမ်မှုရှိစေပြီး အပန်းပြေစေတာကလည်း အိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ.

(၄)ခံစားချက်တွေ ချိတ်ဆက်နိုင်ဖို့နဲ့ မိသားစုအချင်းချင်းမျှဝေခံစားတတ်ဖို့လဲ အထောက်အကူပြုပါတယ်

သင့်အိမ်မှာ ကလေးငယ်နဲ့အတူ အိမ်မွေးတိရစ္ဆာန်လေးတွေပါရှိတယ်ဆိုရင်တော့

(၁) ကလေးငယ်ကိုထည့်ထားတဲ့ပုခက်ကို မဖုံးအုပ်ပဲမထားခဲ့ပါနဲ့။ဘာလို့ဆို ကြောင်လေးတွေအတွက် အိပ်စရာနေရာရှာရင်း ကလေးငယ်နားဝင်အိပ်နေနိုင်တာကြောင့်ပါ။

(၂)သင့်ကလေးငယ်ကို အိမ်မွေးတိရစ္ဆာန်နဲ့ဘယ်တော့မှ အတူမထားခဲ့ပါနဲ့။ကလေးငယ်က ရုတ်တရတ်ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိတဲ့အခါ အိမ်မွေးတိရစ္ဆာန်လေးတွေက ပြန်ကိုက်တာ၊ ကုတ်တာမျိုးပြုလုပ်နိုင်လို့ပါ။

(၃)ကလေးငယ်ကို တိရစ္ဆာန်လေးတွေနဲ့ အတူအစားမစားမိအောင် သင်ကြားပေးထားသင့်ပါတယ်။

(၄)အိမ်မွေးတိရစ္ဆာန်လေးတွေကို ညင်သာစွာဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သင်ထားပေးသင့်တဲ့အပြင်၊ တိရစ္ဆာန်လေးတွေ ဒေါသထွက်နေတဲ့အခါ ၊ ကြောက်နေတဲ့အခါ ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာပါ သင်ထားပေးသင့်ပါတယ်။

(၅)ကလေးတွေကို လျှာနဲ့အလျက်မခံဖို့သင်ထားပေးရမှာဖြစ်ပြီး တိရစ္ဆာန်လေးတွေကိုကိုင်တွယ်ပြီးတဲ့အခါ လက်ဆေးဖို့လဲသင်ထားပေးရမှာပါ။

(၆)အိမ်မွေးတိရစ္ဆာန်လေးတွေကို အိပ်ရာနဲ့ဝေးရာမှာထားရပါမယ်။

ဒါဆိုရင်တော့ သင့်ကလေးအတွက်အန္တရာယ်ကင်းကင်းနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးနိုင်မှာပဲဖြစ်ပါတယ်နော်။

Crd:Kalay

No comments