New Artical

“ရေဖျင်း” ရောဂါပျောက်တဲ့ ရွှေနွယ်ပင်၏ကောင်းခြင်းများ

 


ဇီးပင်ပေါ်မှာသာ ပေါက်တဲ့ ရွှေနွယ်ရိုး ပင်လေးရဲ့ဆေးစွမ်းတွေကတော့  အပင်ကို ၃ ခွက် ၁ ခွက်တင်ကျိူသောက်ယင် ဗိုက်ကြီးပူ ပြီးရေတွေ စုတ်ထုတ်နေရတဲ့  ရေဖျဉ်းရောဂါ ပျောက်ပါတယ် ဆီးချိူ သွေးချိူ နဲ့ ကင်ဆာ ရောဂါ ပျောက်ပါတယ်

Image result for ရွှေနွယ်ရိုး

ဂုဏ်နှင့်စွမ်းရည်

၎င်းဆေးရွှေနွယ်သည် ချို၏။ ထက်မြက်၏။ သည်းခြေနှင့်စပ်လျဉ်းသော ရောဂါများကို နိုင်နင်း၏။

Image result for ရွှေနွယ်ရိုး

ရောဂါအလိုက်အသုံးပြုပုံ

အသည်းရောင်ခြင်း/ အသည်းကြီးခြင်း/အသည်းမာကြောကြမ်းတမ်းခြင်းတို့အတွက်

၎င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း။ ဝမ်းဗိုက်ကို လိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါများ ပျောက်ကင်း၏။

အသည်းအားနည်း/အားပျော့ခြင်းအတွက် 

၎င်းရွှေနွယ်ကို ပြုတ်၍ ၎င်းပြုတ်ရည်သက်သက်ကို၎င်း ။ အခြားဆေးဘက်များနှင့်၎င်းသောက်မူ အသည်းကို များစွာအားပေး၏။

သွေးဖောက်ပြန်ရောဂါ

၎င်းဆေးရွှေနွယ် ၅-ကျပ် ။ တွင်းနက်ကတိုးမြစ် ၅-ကျပ် ။ ရေ ၆၀-ကျပ်သားနှင့် ထက်ဝက်ခန်းအောင် ကျို၍ ၎င်းဆေးတွင် ပျားရည်သင့်တော်ရုံစပ်၍ တခွက်စာ ကြွေဇွန်းကြီး ၃-ဇွန်းမျှ တနေ့ ၃-ကြိမ်သောက်ပါမူ သွေးဖောက်ပြန်သောရောဂါများ ပျောက်ကင်း၏။

ဝမ်းရောင် ဝမ်းကြောတင်းရောဂါ

ဝမ်းရောင် ဝမ်းကြောတင်း အစာမကြေ လေချဉ်တက်ခြင်းဖြစ်မူ ၎င်းဆေးရွှေနွယ်ကို ကျက်ကျက်ကျို၍ ဝမ်းဗိုက်ကို လိမ်းပေးမူ ဖော်ပြပါရောဂါများနှင့်တကွ ဝမ်းဗိုက်နာကျင်ခြင်းများ ပျောက်ကင်း၏။

မကျက်နိုင်သောအနာဟောင်းများ

ဆေးရွှေနွယ်မှုန့် ချင်းခြောက်မှုန့် ၂-မျိုး ဆတူပြုပြီးလျှင် ထောပတ်နှင့်ဖျော်၍ အနာအို အနာဟောင်းများသို့ လိမ်းပေးမူ အသားနုများတက်၍ အနာများအကျက်မြန်လိမ့်မည်။

ယားနာမျိုးစုံ

၎င်းဆေးရွှေနွယ်ကို ညက်စွာကြိတ်၍ ရေနှင့်မပျစ်မကျဲ ဖျော်၍ ယားနာများကို လိမ်းပေးမူ မြန်စွာပျောက်ကင်း၏။

အရေပြားလိမ်းဆေး

အရေပြားရောဂါများ အခြားအတွင်းဆေးများစားသော်၎င်း။ မစားသော်၎င်း အဆိုပါရွှေနွယ်ကို ပြုတ်၍ ရေချိုးပေးခြင်း လူးပေးလိမ်းပေးခြင်း ပြုလုပ်ပါမူ များစွာအကျိုးရှိ၏။

ရေငတ်ရောဂါ

အဖျားအားကြီး၍ ရေငတ်ခြင်း ကျောက် ဝက်သက်စသောရောဂါ ဝမ်းရောဂါဖြစ်၍၎င်း ရိုးရိုးရေငတ်ရောဂါများကို၎င်း ရွှေနွယ်ကို ပြုတ်၍ ရေသဘောသောက်မူ ရေငတ်ရောဂါများ ပျောက်ကင်း၏။

သွေးဆိုးပွားရောဂါ

သွေးသားမစင်ကြယ်ခြင်း ယားယံခြင်းတို့အတွက် ရွှေနွယ်ကို ကျို၍သောက်မူ သွေးသားစင်ကြယ်စေ၏။

ဝမ်းဗိုက်ထိုးကျင်ခြင်း

အောက်သို့ လေမစုန်ဘဲ ဝမ်းဗိုက်တင်းကြပ်နာကျင်မူ ရွှေနွယ်ကိုကျို၍ ဝမ်းဗိုက်တွင် လိမ်းပေး၍ အဝတ်နှင့်ပတ်ထားမူ အောက်သို့လေစုန်၍ ဝမ်းဗိုက်နာခြင်း ပျောက်ကင်း၏။

သူရဌေးအောင်

Image result for ရွှေနွယ်ရိုး

No comments