New Artical

ကိုကာကိုလာ ကြက်တောင်ပံကြော် စားရအောင်


 အရသာရှိတဲ့ ကြက်တောင်ပံကြော်နည်းကို ဝေမျှပေးချင်ပါတယ်။ ကိုကာကိုလာလို့ ပြောလိုက်ရင် သောက်စရာ အချိုရည်ဆိုတာ သိကြပေမယ့် ဟင်းပွဲထဲမှာ ထည့်သုံးလိုက်မယ်ဆိုရင် ဘယ်လို အရသာ ပြောင်းလဲသွားမလဲ။ ကိုကာကိုလာ ကြက်တောင်ပံကြော် အရသာက အချိုမများဘဲ တကိုက် ကိုက်လိုက်တိုင်း အချိုရည်နဲ့ ဟင်းခတ် အမွှေးကြိုင်နံ့တွေကို တပြိုင်တည်း ခံစားမိစေမှာပါ။

ကိုကာကိုလာ ကြက်တောင်ပံကြော်ဖို့ အောက်ပါအတိုင်း လိုအပ်ပါတယ်။

ကြက်တောင်ပံ ၁ ကီလို
ကိုကာကာလာ (300ml)
ချင်း
ကြက်သွန်မြိတ်
ကြက်သွန်ဖြူ
ဆား
နှမ်း
ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ကြက်တောင်ပံတွေကို သန့်စင်ဆေးကြောပြီး နှစ်ပိုင်းပိုင်းကာ ငရုတ်ကောင်းမှုန့်၊ ဆားအနည်းငယ်ထည့်ပြီး ခဏ နှပ်ထားပါ။ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာရင် ကြက်တောင်ပံတွေကို ရွှေအိုရောင် အနည်းငယ် သမ်းသွားတဲ့အထိ တဖက်ကို ၅ မိနစ်ခန့်စီ ကြော်ပေးပါ။

ကြက်တောင်ပံတွေ ရွှေအိုရောင်သမ်းလာပြီဆိုရင် မီးလျှော့ပြီး ကိုကာကိုလာ 300 ml တဘူး လောင်းထည့်ပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း ထည့်ပါ။ ကြိတ်ထားတဲ့ ချင်း၊ ကြက်သွန်ဖြူ အနည်းငယ်ထည့်ပါ။ ၅ မိနစ် လောက်တည်ပြီးရင် အထက်အောက်ညီအောင် တဖက်ကို လှန်ပေးပါ။

၁၀ မိနစ်လောက်ကြာလို့ အသား နူးပြီးဆိုရင် မီးအေးအေးနဲ့ အချိုရည်တွေ ပျစ်သွားတဲ့အထိ နောက်ထပ် ၃ မိနစ်လောက် ထပ်တည်ထားပါ။

အသားလည်းနူးအိပြီး ကိုကာကိုလာတွေ ကြက်သားထဲ စိမ့်ဝင်သွားပြီဆိုရင် အရသာရှိတဲ့ နာမည်ကျော် ကိုကာကိုလာ ကြက်တောင်ပံကြော်ရပါပြီ။ ပန်းကန်ထဲထည့်ပြီး ပါးပါးလှီး ထားတဲ့ ကြက်သွန်မြိတ်နဲ့ နှမ်းလေး ဖြူးလိုက်ရုံပါပဲ။

Ref: Yummy Kitchen

No comments