New Artical

ငါ အိုသွားသောအခါ


 ၁။  ငါအိုသွားသောအခါ ငါအရင်ကလိုမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ထား ဆက်ဆံပေးပါ။

၂။ ချည့်နဲနဲလက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီ၊ လုံချည်၊ ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ အညစ်အကြေးတွေ မထိမ်းသိမ်း နိုင်တော့တဲ့ငါ့ကို မရွံပါနဲ့ ငယ်ငယ်တုန်းက ငါသုတ် သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

၃။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး သည်းခံ နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ ငါးရာငါးဆယ် နိပါတ်တော်တွေ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
 

၄။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

၅။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ ငါ့ကိုကူတွဲပေးကြပါ။  လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့် ပေးခဲ့တာတွေကို သတိရပေးပါ။

၆။ တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး  ဝမ်းမနည်းပါနှင့်။ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလိုအခုအချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့မေတ္တာတွေ တွေ့ရမှာပါ။


သားတို့သမီးတို့ရေ ထာဝရပျော်ရွှင်ချမ်းမြေ့ပြည့်စုံကြပါစေကွယ်….။

No comments