New Artical

သုက်လွှတ်မြန်ခြင်း၊ ပန်းသေပန်းညိုးခြင်း၊သုက်ပျက်၊သုက်ခန်း၊သုက်အားနည်းခြင်းတို့အတွက်


 သုက်လွှတ်မြန်ခြင်း၊ ပန်းသေပန်းညိုးခြင်း၊သုက်ပျက်၊သုက်ခန်း၊သုက်အားနည်းခြင်းတို့အတွက်

အမျိုးသားများကြုံတွေ့နေရသောရောဂါအချို့မှာ အချိန်မတိုင်မီ သုက်လွတ်စောခြင်း၊ ပန်းသေခြင်း၊ ပန်းညှိုး၊ သုက်လွတ်မြန်ခြင်းအပြင် အခြားသော လိင်ပိုင်းဆိုင်ရာ အားနည်းမှုများ ရှိနေတတ်သည်။ အဆိုပါ လက္ခဏာရပ်များကိုခြုံပြောရပါမူ ကာမအားနည်းရောဂါဟု ဆိုရပါမည်။
 

သုက်လွတ်မြန်ခြင်း၊ပန်းသေခြင်း

ကသစ် 

  • ကသစ်အပွင့် နှင့် အမြစ်ကို ဆတူယူ၍ ထုထောင်းပြီး ရရှိသောအဖတ်များကို နွားနို့စစ်စစ်တွင် စိမ်ပါ။ ရရှိသော နို့စိမ်ရည်ကို နံနက်တစ်ကြိမ်၊ ည နေတစ်ကြိမ် သောက်ပေးပါ။ (၇)ရက်မှ (၄၅)ရက်ထိ နေ့စဉ်သောက်ပေးပါ။


ခံတက်ရွက် 

  • ခံတက်ရွက်ကို ငါးဖယ်သားဖြင့် သုပ်စားပေးပါ။ အမျိုးသားတို့ ဖြစ်ပွားတတ်သော ပန်းညှိုးခြင်း၊ သုတ်လွတ်မြန်ခြင်း၊ ပန်းသေနေခြင်းကို သက်သာပျောက်ကင်းစေသည်။

 

သုတ်အားနည်းခြင်း

  • မန်ကျည်းစေ့ကို တစ်ညတာရေစိမ်ပါ။ အပေါ်ခွံများ ချွတ်ပြီး အဆံကို ညက်အောင်ကြိတ်၍ ကြံသကာစစ်စစ်ဖြင့် မန်ကျည်းစေ့(၁)ဆ ကြံသကာ (၃)ဆ ရောစပ်ထားပါ။ နေတွင် ခြောက်သွေ့ရန် လှန်းထားပါ။ ကောင်းစွာခြောက်ပါလျှင် ပုလင်းတစ်လုံးထဲ ထည့်ထားပါ။ နံနက်တစ်ကြိမ်၊ နေ့လည် တစ်ကြိမ်၊ ညနေတစ်ကြိမ် လက်ဖက်စားဇွန်းလေးဖြင့် မှန်မှန်သောက်ပေးပါ။

စံချိန်မီသော အမျိုးသားတစ်ဦးကဲ့သို့ အိမ်ထောင်ရေးသုခ ပေးဆောင်နိုင်ပါကြောင်း လေ့လာဖူးသော တိုင်းရင်းဆေး သုတတစ်ခုအား ပြန်မျှဝေပါသည်။


ပန်းသေရောဂါ

  • ကညွတ်ဥ သတ္တုရည်တစ်ခွက်နှင့် ဖန်ခါးသီးတွဲဖက်စားသုံးပါ ကပျောက်ကင်းချမ်းသာမည်။ ကာမဆန္္ဒ အားနည်းပါက ကညွတ်ဥကိုနှမ်းဆီဖြင့်ကြော်စားပါ။


သုက်ပျက်ရောဂါ

  • သုက်ရည်အလိုအလျောက် စီးကျနေသော ရောဂါဖြစ်သည်။ ဒူလာသရောနာ ဟုလည်းခေါ်သည်။ ခွေးလှေးယားသီးအနု (အယဉ်သီး)ကို နွားနို့နှင့်ကျို၍  ပျားရည်အနည်း ငယ်ရောစပ် သောက်ပါ။ 
  • ခွေးလှေးယားသီး အစေ့အခြောက် တကျပ်သား၊ မိကျောင်းကွမ်းဖတ်တကျပ်သား၊ မှန်ရောင်သကြားခဲ နှစ်ကျပ်သား၊တို့ကို ရောစပ်အမှုန့်ပြုလုပ်၍ နှစ်ပဲသားခန့်ကို နွားနို့ပူပူနှင့်သောက်ပါ။ ညအိပ်ရာဝင်ချိန် သောက်လျင် အိမ်မက်မက်၍ သုက်လွတ်သော ရောဂါများပါသက်သာ ပျောက်ကင်းပါသည်။
  • ကြွက်နားပေါင်းရွက်ခြောက်နှင့် ကြစုသီးကို အမှုန့်ပြုလုပ်၍ ထောပတ်နှင့်ကြော်ပြီး နွားနို့ပူပူနှင့် ရောသောက်ပါ သုက်ရည်ယိုရောဂါ၊ အိမ်မက်သုက်လွတ်ရောဂါ နှစ်မျိုးလုံးအတွက် ကောင်းသည်။

 

သုတ်လွှတ်မြန်ရောဂါ

  • ခွေးလှေးယားစေ့၊ဆူးလေစေ့၊ရှဥ့်မတက်ဥ၊ကြစုသီး ထိုလေးမျိုးကိုအမှုန့်ပြုပြီးနွားနို့နှင့်သောက်ပါ။
  • ခရာပင်၏အမြစ်ကို မှန်ရောင်သကြားနှင့် ရောကျိုပြီး အကြမ်းပန်းကန် တစ်လုံးစာ ညအိပ်ရာဝင်ချိန် သောက်ပါ။
  • ဂျိုးခြေ၏အမြစ်ကို အမှုန့်ပြုလုပ်ပြီး နွားနို့နှင့်သောက်ပါက သုက်လွတ်မြန်ခြင်းကို တားဆီးနိုင်ပြီး စိတ်ကျေနပ်မှုကို ရရှိစေနိုင်သည့် အပြင်ဦးနှောက်နှင့်မှတ်ဉာဏ်ကိုပါအားကောင်းစေသည်။

 

အိမ်မက်သုက်လွတ်ရောဂါ

  • ဂျူးမြစ် များများစားပေးပါ ချဥ်ရည်ဟင်း/အစိမ်းအတိုင်းတို့စားမြုပ်စားပေးပါကပျောက်သည်။

သုတ်ခန်း​ခြင်း ရောဂါ

အသက်အလွန်ကြီးသောသူ လူအိုများဖြစ်တတ်သည် ရသဓာတ်ခမ်းခြောက်သောရောဂါဖြစ်သည်။

  • ကျွဲခေါင်းသီးကို အမှုန့်ပြုလုပ်ပြီး နွားနို့အစိမ်းတွင် စိမ်၍သောက်ပါ။ ထောပတ်နှင့်လည်း ရောစားနိုင်ပါသည်။ 
  • ဖီးကြမ်းငှက်ပျောသီးကို ပျားရည်၊ နွားနို့တို့နှင့် ရောစပ်စားခြင်းဖြင့် သုက်ခန်းရောဂါ သက်သာစေသည်။

သုတ်အားနည်းရောဂါ

သုက်အားနည်းပါက သန္ဓေမအောင် ကလေးမရဖြစ်တတ်သည်။

  • ခွေးလှေးယားသီးအစေ့ (အရိုင်းစေ့)ကို နွားနို့နှင့်ပြုတ်၊ နေလှန်း အမှုန့်ပြု၍ ပျားရည်နှင့်တေပြီး ဟင်းစားဇွန်းတစ်ဇွန်း နေ့စဥ်မှန်မှန် တလခန့်စွဲ၍မှီဝဲပါ။
  • ဆူးလေစေ့နှင့်ခွေးလှေးယားစေ့ နှစ်မျိုးကိုဆတူရော အမှုန့်ပြုပြီးနှစ်ပဲသားခန့်နွားနို့နှင့်သောက်ပါ။

ဆေးနည်းတိုအဘိဓာန်
ကြည်လွင်မြင့် (မုဒြာ)

No comments