New Artical

မိန်းမပျက် အင်္ဂါ ၂၅ ချက်

 


မိန်းမပျက် အင်္ဂါ ၂၅ ချက်တို့မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။
 
၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။
၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။
၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။
၄။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။
၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။
၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။
၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။
၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာ၀န်ကို မပြုလုပ်ပေးခြင်း။
၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။
၁၀။ အ၀တ်ကို မြဲစွာ၀တ်၍ အိပ်တတ်ခြင်း။
၁၁။ လင်ကို ကျောပေးအိပ်ခြင်း။
၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။
၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။
၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။
၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။
၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။
၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။
၁၈။ တခြားယောက်ျားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။
၁၉။ လင်ယောက်ျားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။
၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောက်ျားများကို အကျွမ်း၀င်တတ်ခြင်း။
၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ၀င်ထွက်သွားလာတတ်ခြင်း။
၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။
၂၃။ အိမ်တံခါး၀တွင် အမြဲလိုလို နေထိုင်တတ်ခြင်း။
၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။
၂၅။ အရပ်တကာ လျှောက်သွားတတ်ခြင်းတို့ ဖြစ်ပါပေတယ်။ 
 
မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁)

No comments