New Artical

" ဗုဒ္ဓမှာတမ်း "


 " ဗုဒ္ဓမှာတမ်း "

သွားတော့မယ်.. အာနန္ဒာ တရားနဲ့သာ ဖြေရစ်ကြပေတော့ နေမဖြစ်တဲ့ လမ်းမှာ ငါဘုရားလည်း မြန်းရမယ် ဒါ..အဆန်းမှ မဟုတ်ပဲ ဖြစ်ရင်ပျက်မြဲ ချစ်ခင်သမျှလည်း ခွဲရမှာ မဟုတ်လား ငိုပွဲတွေရပ် မျက်ရည်ဇာတ်သိမ်း သောကကို ထိန်းပေါ့ ...

ငြိမ်းချမ်းစွာ  ထွက်ခွာ မသွားခင် သက်သာစွာ အသာနားဖို့ ငါ ဘုရားကို... ရေကြည် တစ်ခွက်လောက် ဆက်စမ်းပါ 

ပြန်မလာတော့ဘူး.. အာနန္ဒာ... သံသရာအလည်ရပ်ခဲ့ပြီမို့ ခန္ဓာနယ်စပ်က ငါရုန်းထွက်တော့မယ် အသုံးမဲ့ အဆုံးမဲ့ အရှုံးနဲ့ ရင်းရတဲ့ လမ်းမှာ  ငါ သိပ်ပင်ပန်းခဲ့တယ် အနွမ်းပြေဖို့... အလွမ်းတွေရဲ့ ဟိုဖက်ကမ်း ငါတန်းတန်းကြီးသွားနှင့်မယ် မဂ္ဂင်လမ်းက လိုက်ခဲ့ကြ...

ဂရုစိုက်ပါ အာနန္ဒာ.. ကုသိနာနဲ့ လုမ္ဗိနီ  မိဂဒါဝုန်နဲ့ မဟာဗောဓိ ငါ့ အတ်ထုပ်ပတ်တိဟာ.. တောတွေနဲ့ အနားကွပ် ငါဟာ တကယ့် တောသားအစစ်ပေါ့ ... 

သစ်ပင်ရင်းမှာ ငါ့ကိုဖြား သစ္စာတရားကို တောမှာဖွေ ငါပိုင်တဲ့နေ့တွေဟာ သစ်ပင်တွေနဲ့ ​ဝေလို့.. ငါ့ရဲ့ နောက်ဆုံးထွက်သက်လေဟာ သစ်ပင်ရင်းပဲ ဖြစ်သင့်တယ် သစ်ပင်ကို ချစ်ခင်ဖို့ ငါ.. တရားတွေဟောခဲ့ပြီးပြီ..

တောဆိုတာ သံသရာရဲ့ ထွက်ပေါက် တောပျောက်ရင် နိဗ္ဗာန်ပါ ​ပျောက်မယ် တောမရှိရင် ဘုရားမရှိနိုင်ဘူး.. အရိယာတွေ မွေးထုတ်ဖို့ တောအုပ်တွေရှိမှ ဖြစ်မယ် သတိပဋ္ဌာန်ကို သင်ပြတိုင်း သစ်ပင်ရင်းကို သွားကြဖို့  ငါ ခဏခဏ တိုက်တွန်းခဲ့ပြီးပြီ စိတ်ချခြင်းများစွာနဲ့  အခုတော့...ငါ.. သွားပါရစေ‌တော့ ...

သဘောထားကြီးဖို့ တောသားကြီးတွေဖြစ်အောင်သာ  ကြိုးစားရစ်ပေတော့ ...


credit.

No comments