New Artical

သာသနာပြုမင်း (သုံးပါး) ၏ သစ္စာအဓိဌာန်


 သာသနာပြုမင်း (သုံးပါး) ၏ သစ္စာအဓိဌာန်


၁။ အနော်ရထာမင်း
  ငါသည် တမ္ပဒီပတိုင်း ပုဂံပြည်ကြီးအား အရည်းကြီး ဝါဒကို ဖယ်ရှားကာ  ဗုဒ္ဓ၏ စစ်မှန်သော တရားနဲ့ သာသနာကို ဆောင်ယူထွန်းလင်းစေခဲ့သည်။ နောင်သောအခါ ငါ၏ ပုဂံပြည် သာသနာအား ထိပါး နှောင့်ယှက်လာသော မိစ္ဆာများကို  ငါ့၏ လက်ရုံးဘုန်းတော်ဖြင့်  တိုက်ခိုက်ဖယ်ရှားအံ့။ ငါကဲ့သို့သော သာသနာပြုမင်း ထပ်မံ ​ပေါ်စေအံ့။ ဤအကြောင်းကား ငါ၏သစ္စာ အဓိဌာန်ဖြစ်၏။


၂။ ဒုဋ္ဌဂါမဏိမင်းကြီး(သီရိလင်္ကာ)
  ဘုန်းတော်ကြီးသော ရှင်တော်ဗုဒ္ဓ မြတ်စွာဘုရားကို ကြည်ညိုသော တပည့်တော်သည်   သာသနာ ရောင်ဝါ ထွန်းသော လင်္ကာဒီပကျွန်းအား  တိုက်ခိုက်သိမ်းပိုက်ရန် လာသော   မိစ္ဆာကျေးကုလား စစ်သည် ရှစ်သောင်းအား   တပည့်တော်၏ သုံးသောင်းခွဲသော တပ်တော်ဖြင့် အနိူင်တိုက်မည်ဟု သစ္စာပြုပါသည်။ စစ်ပွဲတွင် တပည့်တော် ကျဆုံးခဲ့သော် ဤဇမ္ဗူ၌ တပည့်တော်ကဲ့သို့  မိစ္ဆာခွင်းမည့် သာသနာပြုမင်း ထပ်မံ ပေါ်ထွက်ပါစေ။


၃။ သိရီဓမ္မာ အာသောကမင်းကြီး(အိန္ဒိယ)
  ကြီးမားပြင်းထန်သော စစ်ပွဲများကို ငါဆင်နွဲခဲ့ပြီးလေပြီ။  သတိသံဝေဂ ရစွာဖြင့် မြတ်ဗုဒ္ဓကို ကိုးကွယ် ယုံကြည်ခဲ့တယ်။ သာသနာတော်ကိုလည်း ပြန့်ပွား ထွန်းလင်းစေခဲ့တယ်။ စစ်ပွဲတွေကိုလည်း ငါအကြွင်းမဲ့ စွန့်လွတ်ခဲ့တယ်။ ငါသေခဲ့သော် နောင်တချိန်၌  ငါကဲ့သို့ သာသနာပြန့်ပွားစေသော  သာသနာပြု မင်းများ အဆက်မပြတ် ပေါ်ထွက်ပါစေသား။ ဇမ္ဗူတခွင် ထွန်းလင်းပါစေသား။


ယခုလို ဒီမိုကရေစီ ကုန်းအော်နေတဲ့  ခေတ်မှာသာဆိုရင် နိုင်ငံတကာစံနှုန်းတွေ လူ့အခွင့်အရေး ပေတံတွေနဲ့ တိုင်းပြီး ဒီမင်းသုံးပါးကို ဘာသာရေး အစွန်းရောက်တွေလို့ ခေါ်ခံရမှာပဲ။

Credit

1 comment:

  1. ဘာမှမဆိုင်ဘူး မြန်မာလူမျိုးက ကိုယ့် သာသာ တရား ကို နုလုံးနဲ့ရင်းပြီးကြည်ညိုပြီးသား ဒီမိုကရေစီဆိုတာ မတရားမ၀င်တိရောင်း၀ယ်မူ မူးယစ်ဆေးဝါး ‌‌အကျင့်ပြတ်ချစားမူမရှိ ဆင်းရဲချမ်းသာ အလွန် မတန်တဆ ကွာ ဟ မူမရှိ နိုင်ငံတကွာနဲ့ တန်းတူ ရင်ဘောင် တန်း နိုင်တဲ့ ပညာရေး လူကိုလူလိုဆက်ဆံတဲ့မင်း ဒါမျိုးတွေကိုလိုချင်လို့ ဒီမိုကရေစီ အော်တာ ဒီအရာလေးကြောင့် ခေတ်အဆက်ဆက်ရင်းခဲ့ရတဲ့ ကျောင်းသားရဟန်းတွေသွေးရဲ့ စာတစ်စောင်နဲ့ ခုတုံးလုပ်သွေးမခွဲပါနဲ့ မွေးရင်လဲတစ်ယောက်ထည်း သေရင်လဲတစ်ယောက်ထည်း လူ့လောကမှ ရှင်သန်ရတုန်း လိပ်ပြာလုံအောင်ရှင်သန်ပါလို့ဘဲပြောချင်တယ်
    ပုံ/ ၁၉နှစ် ဥပဒေကျောင်းသူ

    ReplyDelete