New Artical

အရွယ်​ကောင်းတုန်း တရားအားထုတ်ပါ


ထိုင်ချင်လည်း ထိုင်၊ မ ထိုင်ချင်လည်း ထိုင်ဖြစ်အောင်ထိုင်၊
အားလည်း ထိုင်၊ မ အားလည်း ထိုင်ဖြစ်အောင်ထိုင်၊
ပျော်လည်း ထိုင်၊ မ ​ပျော်လည်း ထိုင်ဖြစ်အောင်ထိုင်၊
မှတ်လို့ကောင်းလည်း ထိုင်၊ မှတ်လို့ မကောင်းလည်း ထိုင်သာထိုင်၊
တစ်ယောက်ထဲလည်း ထိုင်၊ အများနဲ့ဆိုလည်း ထိုင်ဖြစ်အောင်ထိုင်၊
နိုင်ငံရေးကောင်းလဲ ထိုင်ပါ၊ နိုင်ငံရေး မကောင်းလည်း ထိုင်ပါ။
စီးပွားရေးကောင်းလည်း ထိုင်ပါ၊ စီးပွားရေး မကောင်းလည်းပဲ ထိုင်ပါ။ 

အချိန်တိုင်းမှာ အိုမင်းခြင်းက သင့် အသက်အရွယ်ကို ဝါးမျိုနေတယ်။ အချိန်တိုင်းဟာ သေခြင်းဆီကို  မြန်းကြွနေတယ်၊ နီးနီး လာစေတယ်။ မမျော်လင့်ဘဲ ကျန်းမာရေးတွေ  ဖောက်ဖောက် သွားရတယ်။ ဒါတွေ ဘယ်သူမဆို အားလုံး ကြုံနေကြရတာပဲ၊ မယုံနိုင်စရာ ဘာရှိသေးလို့လဲ။ ဒို့ခန္ဓာကိုယ်ကြီးက ငယ်ရွယ်စဉ် အခါမှာတောင် စိတ်သွားတိုင်း ကိုယ်ပါချင်တာ မဟုတ်ဘူး။ အသက်အရွယ်ကြီးလာရင် စိတ်သွားတိုင်း ကိုယ်ပါနိုင်ဖို့ဆိုတာ ပိုခက်သွားပြီလေ။

ထိုင်လို့ မကောင်း ၊ ထလို့ မကောင်း ၊ ရပ်လို့ မကောင်း ၊ အိပ်လို့မကောင်း ၊ စားလို့ မကောင်းက အစဖြစ်လာကုန်တော့မှာ။

ဒါကြောင့် အရွယ်လေး ​ကောင်းတုန်း ကျန်းမာရေးလည်း ကောင်းနေတုန်း မှတ်ဉာဏ်လေးလည်း ကောင်းတုန်း အစွဲအလမ်း ဥပါဒါန်တွေလည်း  နည်းတုန်း အချိန်လေးမှာ ခရီးတော်တော်ပေါက်အောင် တရားထိုင်ကြပါ။ 

အချိန်လွန် အရွယ်ပျက်စီး ခန္ဓာမှာ ရောဂါ ဖိစီးပြီဆိုမှ နောင်တ မရချင်ကြပါနဲ့။ ကိုယ့်အလုပ်ဆိုတာ ဘယ်ဟာလဲ သေခါနီးအချိန်ကျမှ သိပါလိမ့်မယ်။ ခန္ဓာက ခိုင်းသမျှ လုပ်နေတုန်းလား အဲ့ဒီ ခန္ဓာဟာ သင်သေရင် သုဿာန်မှာချလို့ ပုတ်ဆွေးကာ မြေဖြစ်ပြီး ကျန်ခဲ့မှာနော်။

ဥပမာ -  သင် အဖိုးတန်တွေ စားခဲ့သမျှ မစင်ဖြစ်ပြီး စွန့်လိုက်ရသလိုပေါ့။
သတိ မြန်မြန်ရပါ။
အသိမြန်မြန် ဝင်ပါ။
အမှန်ကို သေချာကြည့်ပါ။
ကိုယ့်ဘဝ ကိုယ့်သံသရာအတွက်ကို  သတ္တိရှိရှိ လုပ်ရဲပါစေ။ လုပ်နိုင်ပါစေ။

No comments