New Artical

ဘယ်သူ့ကိုမှထုတ်မပြောမိပါစေနဲ့

 


ကိုယ့်ရည်မှန်းချက်အိပ်မက်ကို ဘယ်သူ့မှမပြောမိစေနဲ့
.
နန်းတို့ တိတ်တခိုးမက်ထားတဲ့အိပ်မက်ကို တခြားသူတွေသိအောင်ပြောပြဖူးလားမသိဘူး ဒီအချက်က အရမ်းအရေးကြီးတယ်လို့ နန်းခံယူထားတယ် ကိုယ့်ရဲ့ ရည်မှန်းချက် အိပ်မက်ထက်တောင် အရေးကြီး တယ်...
နန်းသူငယ်ချင်း နန်းကိုတစ်ခါ မေးဖူးပါတယ် နင့်ရည်မှန်းချက် အိပ်မက်ကဘာလဲတဲ့ … နန်းမ ပြောချင်ပါဘူး ဒီတော့ သူက ဘာဖြစ်လို့လဲတဲ့၊ ငါ copy လုပ်မှာဆိုးလို့လားလို့သူက မေးလာတယ် နန်းမဟုတ်ဘူးလို့ ပြန်ဖြေလိုက်တယ် ။ ဒါဆိုပြောင်မှာဆိုးလို့လား ? လို့သူမေးတယ် ဟုတ်တယ်။ နန်းမပြောတာ သူများနန်းတန်ဖိုးထားတဲ့အိပ်မက်ကို ပြောင်မှာဆိုးလို့

ဘာလို့ကြောက်ရမှာလဲတဲ့ ကောင်းတဲ့အရာဆိုရင် ပြောရမှာပေါ့တဲ့ မဟုတ်ပါဘူး ကောင်းတဲ့အရာ မို့လို့ပိုကြောက်ရတာပါ။ ဘာဖြစ်လို့လဲ နန်း .. ကြောက်စရာမလိုပါဘူး ပြောသာပြောပါဆိုပြီး အတင်းမေးတော့တယ် ကောင်းပြီလေ ဒါဆိုရင် နန်းရဲ့အိပ်မက်ကိုပြောပြမယ်နော်လို့


နန်းတစ်လဝင်ငွေဒေါ်လာတစ်သိန်းအထက်လိုချင်တယ်လို့ပြောလိုက်ရော… (အဲ့ချိန်တုန်းက တက္ကသိုလ် ဒုတိယနှစ်ပဲရောက်သေးတယ်) သူကပြုံးစိပြုံးစိနဲ့ ကိုယ့်ကိုအရူးတစ်ယောက်လိုကြည့်နေတယ်။ ဒီတော့ သူက နန်းကို တစ်လမြန်မာကျပ်တစ်သိန်းဝင်အောင်အရင်လုပ်ပါအုံးတဲ့  နန်းအတည်ပြောနေတာ လို့ပြန်ပြောလိုက်တော့ ချက်ချင်းရစေဗျာတဲ့ (သူပဲ မျော်ပညာနဲ့ဖန်ဆင်းပေးတော့မယ့်ပုံနဲ့)

တကယ်ပြောနေတာနော် ဒါဆိုပြောပါအုံး ဘယ်လိုလုပ်မှာလဲဆိုတာ အဲ့ချိန်တုန်းက နန်းလဲမသိသေးဘူး ၊ ဘယ်လိုလုပ်ရမှာလဲဆိုတာ ။ ဒါပေမဲ့ နန်းမှာဒီအိပ်မက်ရှိနေသမျှတော့ နန်းမှာအခွင့်အရေးရှိပါတယ်။ သူ့ဟာနဲ့သူုဖြစ်လာမှာ နန်းကြိုးစားရင်ပေါ့။

ဒီတစ်ခါတော့သူပြုံးစိပြုံးစိဖြစ်ရုံသာမက အသံပါထွက်ပြီးရီတော့တယ်။ နန်းလေးတော့ ရူးပြီတဲ့ အဲ့ဒါနဲ့ နန်းသိပြီလို့ပြောလိုက်တယ် ၊ဘာသိသလဲလို့ သူနောက်ဆုံးမေးလာတယ် ၊ ဒေါ်လာတစ်သိန်းရှာမယ့် နည်းလမ်းလားတဲ့ ဟုတ်ဘူးလို့ ၊ နင်နဲ့စကားပြောတာရပ်သင့်ပြီဆိုတာ သိလိုက်ရပြီလို့ ပြန်ပြောလိုက်ပါတယ်သိပြီလား ၊ နောက်တစ်ခါမေးမယ်နော် ဘာလို့ငါ့အိပ်မက်ကို နင်သိအောင် မပြောပြချင်လဲဆိုတာ
 
နန်းဆိုလိုချင်တာက ကိုယ့်ဘေးပတ်ဝန်းကျင်မှာ သူငယ်ချင်းများစွာရှိမယ် လူတိုင်းဒီလိုမျိုး တုန့်ပြန်မယ် လို့နန်းမဆိုလိုပါဘူး ဒါပေမဲ့ နန်းတွေ့ဖူးသလောက် များသောအားဖြင့်က ဒီလိုပါပဲ သတိထားပါ ။ လူတိုင်းကိုမပြောပါနဲ့ မယုံရင် ကိုယ့်အိပ်မက်ကို လူ (၁၀) ယောက်သိအောင်ပြောလိုက်ပါ ။ သင်ရဲ့ ကိုယ့်အပေါ်ယုံကြည်မှု တစ်ဝက်လျော့ကြသွားပါလိမ့်မယ်

အိပ်မက်ဆိုတာမဖြစ်သေးတဲ့အရာကိုဖြစ်အောင်လုပ်ရတာပါ ဒီကြားထဲမှာ အရေးကြီးဆုံးအချက်က ဖြစ်နိုင်တယ်ဆိုတဲ့ ကိုယ့်ရဲ့ယုံကြည်မှုပါ အဲ့ဒီယုံကြည်မှုသာ ပျောက်သွားရင် ဒီအိပ်မက် ဘယ်တော့မှ ဖြစ်လာမှမဟုတ်ပါဘူး ဆီမရှိတဲ့ ကာတစ်စီးလိုဖြစ်သွားမှာပါ ။


လူတိုင်းပဲကိုယ့်ရဲ့ အိပ်မက်ကို ယုံကြည်မှုရှိရှိအကောင်အထည်ဖော်နိုင်ပါစေ ...

နန်း

No comments