New Artical

စစ်မှန်တဲ့တန်ဖိုးဆိုတာ

 

စစ်မှန်တဲ့တန်ဖိုးဆိုတာ

လောကကြီးမှာ
ကိုယ့်အပေါ် မကောင်းပြောနေလည်း
ကိုယ်ကပြန်မပြောမိစေနဲ့...
ကိုယ့်အပေါ်
မဆီမဆိုင် မုန်းနေလည်း
ကိုယ်က ပြန်မမုန်းမိပါစေနဲ့...
ကိုယ့်အပေါ်
အမြင်စောင်းပြီး တစ်မျိုးမြင်နေလည်း
ကိုယ်က အမြင်မစောင်းတမျိုး
မထင်မိပါစေနဲ့...
ကိုယ့်အပေါ်
တစ်ကယ်မချစ်တဲ့သူနဲ့ တွေ့ခဲ့ရင်လည်း
ကိုယ်ကသူ့အပေါ် မေတ္တာမပျက်မိပါစေနဲ့...
သူကဘာပေးပေး
ကိုယ်ကသူ့အပေါ် မေတ္တာပဲ
ပြန်ပေးလိုက်ပါ...
မေတ္တာဆိုတာ
ဝဋ်ကြွေးတွေကို ဆပ်ဖို့အတွက်
အကောင်းဆုံး ပေးဆပ်ခြင်းပဲ
ဖြစ်ပါတယ်...
ဒီဘဝမှာ
အမုန်းတွေရှိလည်း ကျေပါစေ...
အငြိုးတွေ ရှိရင်လည်း
ကျေပါစေ...
ဒီဘဝမှာ အကြွေးဆပ်ဖို့
အကြောင်းပါလာရင် ဒီဘဝမှာပဲ
အကျေဆပ်ခဲ့လိုက်ပါ...
နောက်ဘဝတွေထိ
ယူမသွားပါနဲ့...
မိတ်ဆွေ သိထားရမည့်အရာက...
ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါးပျော့ကွက်ကို ချမနင်းပဲ
နေတတ်ရမယ်...
ကိုယ့်မှာ ခံနိုင်ရည်မရှိရင်
သူတစ်ပါး နစ်နာစရာစကားကို
ဆင်ခြင်ပြောဆိုတတ်ရမယ်...
ကိုယ့်မှာ ဒုက္ခဆိုတာ ရှိရင်
သူတစ်ပါး ဘဝပျက်စီးကြောင်းကို
ရှောင်ရှား တတ်ရမယ်...
ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်...
ကိုယ့်အပေါ် မပြုစေချင်တဲ့အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်...
ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို လက်ညှိုးမထိုးမိအောင်
နေတတ်ရမယ်...
ကိုယ့်မှာ ဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်...
ကိုယ့်ကို ကဲ့ရဲ့တာမကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်...
ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်းပေးနိုင်ရမယ်...
ဒါဟာ ကိုယ်ချင်းစာတရားပဲ
ကိုယ်ချင်းစာတတ်ပါစေ။
 
Credit Original Writer

No comments