New Artical

ဝဋ်ကြွေးဟူသမျှ ဒီဘဝဒီမျှသာ

 

ဝဋ်ကြွေးဟူသမျှ ဒီဘဝဒီမျှသာ

ကိုထိလက်ရောက် နာကျင်အောင်တော့လုပ်မသွားပါဘူး။ဒါပေမယ့် အပြင်ဒဏ်ရာထက် ပိုနာကျင်စေ ပါတယ်စကားလုံးတွေနဲ့ ထိုးနှက်သွားကြတယ်။

ကိုယ့်စိတ်ထဲကတော့ နင့်နေအောင် ခံစား လိုက်ရတာပေါ့။အနိုင်ရသွားလို့ စိတ်ပျော်ရွှင်သွားကြပြီလာ ကျေနပ်ပါတယ်။

ဝဋ်ကြွေးသာကြေပါရစေ ဒီဆုတောင်းလေး ပဲ ယူလိုက်ပါတယ်။ တစ်ဘဝထဲ မပြီးဆုံးနိုင်တဲ့ သံသရာဝဋ်ဆင် ရဲထဲမှာ ဆုံလာရတဲ့ လူတိုင်းဟာ အတိတ် ကရေစက်ရှိလို့ ကြုံရတယ် ဆုံရတာပါ။

အနိုင်ယူသွားသူတွေဟာလည်း အတိတ်ဘဝက ပေးဆပ်စရာရှိတဲ့ အကြွေး ပေးဆပ်လိုက်ရတယ်လို့ပဲ ခံယူလိုက်ပါတယ်။

ကိုယ့်အပေါ် အနစ်နာခံပြီး ဆက်ဆံပေးနေ တယ် ဆိုတာဟာလည်း ကိုယ့်ကို ဝဋ်ရှိလို့ ဆပ်နေရတာ အနိုင်ရတိုင်း အနိုင်မယူခဲ့ဘူး

ကိုယ့်အကျိုး စီးပွားကို ထိခိုက်နစ်နာအောင်လုပ်သွားတယ်။ ကိုယ့်သိက္ခာတွေ ရစရာ မရှိအောင် နောက်ကွယ်မှာပြေားတယ်။ ကိုယ်ကပေးတဲ့ အချစ် မေတ္တာကို မတူတန် အောင် ရက်စက်စွာ စော်ကား ဥပေက္ခာပြု သွားတယ်။

နေပါစေ ကိုယ့်ဝဋ်ကြွေးတွေ ကြေကုန်ပြီ ဒီလို စိတ်လေးကို ခံယူမိချိန်ကစပြီး စိတ်နှလုံးတွေ အေးချမ်းစေလာပါတယ်။

ကိုယ့်အပေါ် အခြောက်တိုက် မုန်းနေလား ကိုပြန်မမုန်းပါဘူး။ ကိုယ့်စိတ်ကို နိုင်အောင် ချွန်အုပ်လိုက်တယ်။ ကိုယ့်အကျိုးစီးပွားကို ထိခိုက်အောင် လုပ်နေလား ဒေါသအလျင် မရှိပါဘူး ကိုယ့်အလုပ်ကို ဆက်လုပ်နေလိုက်တယ်။

ကိုယ့် မကောင်းကြောင်းတွေ နောက်ကွယ်မှာပြေားပြီး သိက္ခာချနေလည်း ကိုယ်မရှက်ပါဘူး။ ကိုယ့်ကိုယ်ကို မှန်အောင်နေလိုက် တယ် လမ်းဆုံးရင် ရွာတွေ့စမြဲပါ။ လောကကြီးရဲ့ ဓမ္မတာအတိုင်း ပြုလိုက်သူ သာ အသစ်ပြန် ခံရမြဲမို့။ ဝဋ်ကြွေးသစ်ကိုမ ယူတော့ဘူး ဝဋ် ဟောင်းကျေသည်အထိပဲ ဆပ်လိုက်ပါရစေ။ 

ကြမ္မာဝိဘတ် နောက်ပိုးတက်တဲ့ အရမ်းကြောက်မိပါတယ်။ ဒါကြောင့် ဘယ်သူအပေါ်မှလည်း စိတ်ယုတ်မာမမွေးချင်ဘူး။ ဘယ်သူကိုမှလည်း အငြိုး မထားခြင်ဘူး။

ကိုယ့်ကြောင့် တစ်ပါသူတွေရဲ့အကျိုးပျက်စီးရမဲ့ အလုပ်ဆို အဝေးဆုံးက ရှောင်လိုက် ပါတယ်။

ချစ်ခင်နေသူတွေ ကြားထဲ တစ်ယောက်နဲ့ တစ်ယောက် အမုန်းပွားစေမယ့် အလုပ် ဘယ်သေားအခါမှ မလုပ်ဘူး။

ကိုယ်လဲမကြုံချင်ဘူး ဒါပေမယ့် ကြုံခဲ့ရတယ် စိတ်မကောင်း ဖြစ်ယုံကလွဲပြီး ဝဋ်ကြွေး ပါလို့ ဆပ်လိုက်ရတယ်လို့ပဲ ခံယူလိုက်ပါတယ်။

လူတချို့ရှိတယ် ချစ်ချစ်ခင်ခင် နေတဲ့သူတွေကြားထဲစိတ်ဝမ်းကွဲအောင် ကြားဝင်တဲ့သူတွေ။

သူများအကျိုး ပျက်စီးအောင် လုပ်နေတဲ့သူတွေ။ ဒီလိုလူတွေကို ဘေးကကြည့်ပြီး စိုထိတ်မိတယ်။ဝဋ်ကြောင်းတရားကို မကြောက်ကြပါလား ဆိုပြီးတော့။

တချို့ငယ်ရွယ်သေးတော့ ဆင်ခြင်ဥာဏ်နည်းလို့ မှားမိကြပေမယ့် တချို့ကြတော့ အသက်ရွယ်ကြီးပြီး ဆင်ခြင်တုံးတရား နည်းကြသူတွေ။

သူတို့တွေကိုလည်း ဆုတောင်းပေးမိတယ် အချိန်မှီ အမြန် အသိတရားတွေကို ပြင်ဆင်နိုင်ကြပါစေလို့။

ကိုယ်ဆုံးရှုံးခဲ့ရသမျှတွေ ကိုယ်ပေးဆပ်ခဲ့ရ သမျှတွေဟာ ဖြစ်ချိန်တန်လို့ ဖြစ်ခဲ့တယ် ပျက်ချိန်တန်လို့ ပျက်သွားခဲ့ရတယ်။

ဒီလိုဖြည့်တွေး ခံယူလိုက်တော့ စိတ်ဆိုးဒေါသ ဖြစ်စရာမရှိတော့သလို စိတ်တွေ အေးချမ်းလာစေခဲ့လို့ ကိုယ်မရှုံးပါလား ဆိုပြီး စိတ်တွေတောင် ပျော်ရွှင်လာစေပါတယ်။

ကိုယ့် အသက်ထက်မက ချစ်သူဖြစ်ပါစေ ကိုယ့်ဘဝထဲ မရှိမဖြစ် ဆိုသူတွေဖြစ်ပါစေ ဘယ်လောက် ခင်မင်နေတဲ့သူတွေ ဖြစ်ပါစေ တစ်နေ့ အချိန်တန်ရင် သူအရင်လား ကိုအရင်လား ဆိုတာ မသိတဲ့ ထာဝရခွဲခွာ ခြင်းနဲ့ ခွဲခွာကြရမှာပါ။

ဒီလိုတွေးပြီး ခံယူလိုက်တော့ အမုန်းတရား  အငြိုးတွေဆိုတာ စိုးစဉ်မျှ မထားချင်တော့ဘူး။ကိုယ့်အပေါ် ရက်စက်သွားသူလည်းပျော်ရွှင်ပါစေ။ကိုယ့်အပေါ် မုန်းတီးနေသူတွေလည်း အေးချမ်းကြပါစေ။ ကိုယ့်အပေါ် အနိုင်လိုသူတွေလည်း ဝမ်းသာနိုင်ကြပါစေ။ ဆိုတဲ့ စိတ်လေးနဲ့ နေတက်လာခဲ့ပါတယ်။ ရှိခဲ့သမျှ ဝဋ်ကြွေကိုလည်း ကုန်အောင်ဆပ်မယ်။ ဆပ်စရာကျန်သေးရင်လည်း ဒီဘဝမှာသာ ကျေအောင် ဆပ်ပါရစေ။

ဝဋ်ကြွေးဟူသမျှ ဒီဘဝဒီမျှသာ ဆိုတဲ့ စိတ်ကလေးနဲ့ နေ့ရက်တိုင်းမှာ ကိုယ်လည်း  စိတ်နှလုံး အေးချမ်းနေပါပြီ။


Credit:

No comments