New Artical

အသက် ၄၀ကျော်များ ဖြစ်တတ်သောရောဂါများ

 

အသက် ၄၀ကျော်များ ဖြစ်တတ်သောရောဂါ

အရိုး

အရိုးတွေ ချောင်လာတယ်  ဒူးနာတတ်တယ် ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ် ခါးဆစ်ရိုးတွေလည်း နာတတ်တယ် ချော်မလဲအောင် ဂရုစိုက်ပါ ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

 ကြွက်သား

ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက် အဖြစ်များတယ် ။ကြွက်သားဆိုတာ လက်မောင်း ကြွက်သားနဲ့ ခြေသလုံး ကြွက်သား   ၂ မျိုးလုံးပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

အကြော၊အဆစ်

အကြော အဆစ် နာတတ်တယ် ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ် ( အကြောအားဆေး သောက်ပေးပါ) ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်  အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

အတွင်းကလီစာများ

အသက်ကြီးလာတာနဲ့အမျှ ..ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း  ညဖက်ဆီးခဏခဏ သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့  အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့  အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

နှလုံး

နှလုံးစဖြစ်ရင်...အသက်ရူမဝခြင်း ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြော တက်တတ်တယ်။ အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။ မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။ နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။ နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check  သွားလုပ်ပါ။ အဆီတွေလျှော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

အသည်း

အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက် အပေါ်ဘက်ကို နာကျင်တယ် ညာခါး  အနောက်ဖက် ညောင်းနာမယ် ညာဖက်ပုခုံး ထုံကျင်ညောင်းနာ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ် အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ် အစာ စားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ် လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်း လွယ်တယ် တကိုယ်လုံး နူံးပြီး အားမရှိသလို ခံစားရတယ် ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ် အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ် အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ် အသား.  လက်ဖဝါး  . မျက်လုံးအိမ်တွေ ဝါလာမယ် အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ်  ( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ကြည့်နည်းပါ)

ကျောက်ကပ်

ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူးအသားအရေ ယားယံတတ်တယ် ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး ခြေ လက် အေးတတ်တယ် ခြေထောက်တွေ ရောင်လာတတ်တယ် အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ် အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး ခြေသည်းခွံတွေ ကြမ်းလာတယ် အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ်  -ကြမ်းပြီးထူလာတယ်အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ -အမြဲဆေးသောက်ပါ - ဆီးချို ချိန်ပါ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ် သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ

သရက်ရွက်

သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်လည်ပင်း ဇက်ကြော တက်လွယ်တယ် ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ် အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ် ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး သိပ်မသောက်ပါနဲ့ အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်းကြောင်းကို ထိပြီး သွေးယိုတတ်တယ် ဝမ်းသွား သွေးပါရင် သတိထားပါ ( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး ဖြစ်တတ်တယ်။ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ  (ရှောကနဲ အဖြောင့်လိုက်သွားပြီးဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ) တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေ ထုတ်ပစ်တာ ကြောက်စရာမလို -ကောင်းတယ် - တရက်လုံးပန်းရင်တော့ ဝမ်းလျောပြီ) အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ ( စကားပုံရှိပါတယ် ဝမ်းတလုံး ကောင်းရင် ခေါင်းမခဲဆိုတာ)

အူမကြီး

အူမကြီး မကောင်းရင် ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ် နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ် သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ် လည်ပင်းရောင် ဖောင်းတတ်တယ် တော်ရုံ အနည်းငယ် လေးတာတောင် အလေး မ , မ နိုင်ပါ ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ် ( အပူများတဲ့သဘော ) ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ် အူမကြီးက ဝမ်းနဲ့ဆိုင်တယ် ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ် လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ်  အညစ်အကြေးတွေကို မထုတ်ပစ်လို့ နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေကင်ဆာဖြစ်သွားတယ် အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာ ဖြစ်တတ်တယ် အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ် ( အစာမခံပဲ ဗိုက်ဆာရင်စားပါ) အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့ အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ (တခါတည်းအများကြီး မစားပါနဲ့) တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင်ပြဿနာ မရှိပါ။ သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါထွက်လာရင် ဂေါက်ရောဂါနဲ့  အစာအိမ်က စုပ်ယူအား မကောင်းတော့ဘူး ဗီတာမင် မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ ) ဂေါက်ရောဂါရှိရင် ဘီယာနဲ့ မတဲ့ပါ  ရေချိုးရင် မချော်တတ်တဲ့ ဘိနပ်စီးပြီးချိုးပါ ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်တယ် ချော်လဲကျ လွယ်တယ်အသက်ကြီးရင် အရိုးတွေက  weak ဖြစ်နေပြီး အရိုးအားဆေးစားပါ ချော်မလဲ ကျပါစေနဲ့

အသက် ၄၀ အရွယ် လုပ်သင့်သည့် အချက်များ

နေ့တိုင်း နံနက်စာ မှန်မှန်စားပါ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင်  လေ့ကျင့်သင့်နေပါပြီ ယောဂ တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ ငါး ကြက်သား အခွံမာစေ့များ စားပေးရင် လိုအပ်သည့်  ပရိုတင်းဓာတ်ကို ရရှိမယ် စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။ အဖော်နဲ့ ခရီးထွက်ပေးပါ သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။

အသက်ကြီးသူများလိုက်နာရန်

မျောက်လို လူပ်ရှား  ၊ ကြောင်လိုစား 

နွားလိုရေသောက် ၊ လိပ်လိုလျှောက်

တုတ်ထောက်မပျင်းနှင့် ..


မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင်  လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါကအကြောများ ဆိုင်း၍ လူမမာဖြစ်တတ်သည်။

ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေ ညက်စေနိုင်သည်။ တကြိမ်တည်း များစွာ မစားရ။

နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက် ရေကိုများများသောက်ပေးပါ။

လိပ်လိုလျှောက် - အသက်ကြီးလျှင် အရိုးအဆစ်များ မသန်မာသည့်အတွက် သွားလာလူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး သွားလာပါ။


တုတ်ထောက်မပျင်းနှင့် - အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက် ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် - မိမိကိုယ်ကို လဲမကျအောင် တုတ်ကောက် က အကူရသည်။

Credit. .

No comments