New Artical

တန်ရာတန်ကြေးတော့ ပေးပါ


 

တန်ရာတန်ကြေးတော့ ပေးပါ

တရားထိုင်တဲ့အခါမှာ မှတ် မရတာတွေ စိတ်ပြန့်လွှင့်တာတွေ ခံစားမှု ပြင်းထန်တဲ့ ဝေဒတွေကြောင့် ယောဂီတော်တော်များများဟာ  စိတ်ပျက်တက်ကြတယ် အားငယ် တက်ကြပါတယ် စိတ်မပျက်ပါနဲ့ .. တသံသရာလုံး မကောင်းမှု့မှာ ကျင်လည်ခဲ့တဲ့ စိတ်ကို ဆုံးမတဲ့ ကိစ္စကတော့ သာမန်ဇွဲ သာမန် လုံ့လ နဲ့ မရ နိုင်ပါဘူး မိုးညှင်းဆရာတော်ဘုရားကြီးဟာ တရားမှတ်လို့ မရတဲ့ အတွက်  လယ်တီဆရာတော်ဘုရားကြီးကို အကူအညီတောင်းတော့  လယ်တီဆရာတော် ဘုရားကြီးက ငါ့ရှင် ...  ဆယ်နှစ်တိတိ စကား မပြောပဲတရားပဲ ကျင့်ပါ ဆိုလို့ မိုးညှင်းဆရာတော် ဘုရားကြီးဟာ ဆယ်နှစ်တိတိ စကားမပြောပဲ ကျင့်ခဲ့လို့ တရားထူးရဲ့ အရသာကို တွေ့ကြုံ ခံစားခဲ့ရတာပါ .. သီလမလုံခြုံပဲ ကိုယ့်အိမ်မှာကိုယ် တနာရီ လောက်ကလေး ထိုင်းပြီး တရားမှတ်ရတာ မှတ်လို့ မရဘူး စိတ်တွေ အရမ်းပြန့်တယ် ဝေဒနာတွေက မခံမရပ်နိုင်အောင် နှိပ်စက်တယ်  လို့ဆိုတာတွေဟာ လူတိုင်း ဖြစ်မှာပဲလေ ..ဗုဒ္ဓက .. အမြတ်စား နိဗ္ဗါန်ကို အညံ့စား လုံ့လဝိရိယနဲ့ မရောက်နိုင်ဘူးလို့ ဟောထားပြီးသားပဲ .. ဘာများ မှားလို့လည်း .. 

တရားထူး လိုချင်ရင်တော့လည်း တရားထူးရနိုင်တဲ့ လုံ့လ ဝိရိယမျိုးတော့  ပေးဆပ် ရမှာပေါ့ ..

နိဗ္ဗါန်ဆိုတာ လိုချင်တိုင်းရတဲ့ အရာမျိုး မဟုတ်ပါဘူး

ဒါ့ကြောင့် ...

တန်ရာတန်ကြေးတော့ ပေးကြပါ လို့ ...

#Credit#

No comments