New Artical

"ပလ္လင် ရှစ်ခန်း ရွှေနန်းကိုးဆောင်"


"ပလ္လင် ရှစ်ခန်း ရွှေနန်းကိုးဆောင်"

ရှေးမြန်မာဘုရင်တို့သည် အကြောင်းအရာပေါ်မူတည်၍ အသုံးပြုသည့် "ပလ္လင်" ကွာခြားသလို "ပလ္လင်"ထားရှိသည့် နေရာလည်းကွဲပြားခြားနားသည်။
🇲🇲 (၁)
◼️ပလ္လင်အမည်_သီဟာသနပလ္လင်
▪️ခံသောအရုပ်_ခြင်္သေ့အရုပ်
▪️ထုလုပ်သည့်သစ်သား_ယမနေသား
▪️အသုံးပြုသည့်ကိစ္စရပ်_မင်းတို့ ပူဇော်ခံရာ နေ့စဉ်စည်း​ဝေးစုရုံးရာ
▪️နေရာ_မြေနန်းပြသာဒ်
🇲🇲 (၂)
◼️ပလ္လင်အမည်_သီဟာသနပလ္လင်
▪️ခံသောအရုပ်_ခြင်္သေ့အရုပ်
▪️ထုလုပ်သည့်သစ်သား_ယမနေသား
▪️အသုံးပြုသည့်ကိစ္စရပ်_တရားစီရင်​တော်မူရာ၊ ဝန်ကြီးများ၊ စစ်သူကြီးများနှင့် အ​ရေးကြီး​သောကိစ္စများ ​ဆွေး​နွေးရာ
▪️နေရာ_လွှတ်​တော်
🇲🇲 (၃)
◼️ပလ္လင်အမည်_ဘမရာသနပလ္လင်
▪️ခံသောအရုပ်_ပိတုန်းရုပ်
▪️ထုလုပ်သည့်သစ်သား_ကရဝေးသား
▪️အသုံးပြုသည့်ကိစ္စရပ်_စက်တော်ခေါ်ရာ၊အတွင်းဝန်ကြီးများနှင့် ကိုယ်​ရေးကိုယ်တာကိစ္စ သီးသန့်​ဆွေး​​နွေးတိုင်ပင်ရာ
▪️နေရာ_မှန်နန်းဆောင်
🇲🇲 (၄)
◼️ပလ္လင်အမည်_ပဒုမ္မာသနပလ္လင်
▪️ခံသောအရုပ်_ပဒုမ္မာကြာပွင့်
▪️ထုလုပ်သည့်သစ်သား_သရက်သား
▪️အသုံးပြုသည့်ကိစ္စရပ်_မင်းမိန်းမတို့ကန်တော့ခံရာ
▪️နေရာ_အနောက်ဇေတဝန်ဆောင်
🇲🇲 (၅)
◼️ပလ္လင်အမည်_ဟံသာသနပလ္လင်
▪️ခံသောအရုပ်_ဟင်္သာရုပ်
▪️ထုလုပ်သည့်သစ်သား_သင်္ကန်းသား
▪️အသုံးပြုသည့်ကိစ္စရပ်_ဘုရားဝတ်ပြုရာ၊ မင်းမျိုးမင်းနွယ်၊ သံတမန်အဆင့်မြင့်ပုဂ္ဂိုလ်များကို လက်ခံ​တွေ့ဆုံရာ
▪️နေရာ_အရှေ့ဇေတဝန်ဆောင်
🇲🇲 (၆)
◼️ပလ္လင်အမည်_ဂဇာသနပလ္လင်
▪️ခံသောအရုပ်_ဆင်ရုပ်
▪️ထုလုပ်သည့်သစ်သား_စကားသား
▪️အသုံးပြုသည့်ကိစ္စရပ်_ရာထူးအတက်၊ အကျကို အမိန့်ထုတ်ပြန်ရာ
▪️နေရာ_ဗြဲတိုက်
🇲🇲 (၇)
◼️ပလ္လင်အမည်_သင်္ခါသနပလ္လင်
▪️ခံသောအရုပ်_ခရုသင်းရုပ်
▪️ထုလုပ်သည့်သစ်သား_တောင်ပိန္နဲသား
▪️အသုံးပြုသည့်ကိစ္စရပ်_မင်းတို့တရားစကားနာခံရာ
▪️နေရာ_လေသာဆောင်
🇲🇲 (၈)
◼️ပလ္လင်အမည်_မိဂါသနပလ္လင်
▪️ခံသောအရုပ်_သမင်ရုပ်
▪️ထုလုပ်သည့်သစ်သား_ရေသဖန်းသား
▪️အသုံးပြုသည့်ကိစ္စရပ်_ယုံကြည်ရ​သော ဝန်ကြီးများနှင့် တိုင်ပြည်​ရေးကိစ္စများကို ​ဆွေး​နွေး​တော်မူရာ
▪️နေရာ_တောင်စမုတ်ဆောင်
🇲🇲 (၉)
◼️ပလ္လင်အမည်_မယုရာသနပလ္လင်
▪️ခံသောအရုပ်_ဥဒေါင်းရုပ်
▪️ထုလုပ်သည့်သစ်သား_ပေါက်သား
▪️အသုံးပြုသည့်ကိစ္စရပ်_ကန်တော့ပန်း သိမ်းရာ
▪️နေရာ_မြောက်စမုတ်ဆောင်
"ပလ္လင်"ရှစ်မျိုးအား အထက်ပါအဆောင်များတွင် ထားရှိသည်။ "ခြင်္သေ့ရုပ်ခံ သီဟာသနပလ္လင်"မှာ မြေနန်းတော်နှင့် လွှတ်တော်တွင် တစ်ခုစီထားသဖြင့် "ပလ္လင် ရှစ်ခန်း ရွှေနန်းကိုးဆောင်" ဟူ၍ ခေါ်ဆိုသည်။

No comments