New Artical

ကျောက်ကပ်ကြောင့် ဆီးသွားရခက်နေသူများ၊ ဆီးမထွက်သူများအတွက် ပိန်းရိုင်းပင်

 

ကျောက်ကပ်ကြောင့် ဆီးသွားရခက်နေသူများ၊ ဆီးမထွက်သူများအတွက် ပိန်းရိုင်းပင်


ဆေးပင်ကမခက်ပါဘူး။ အနီးနားမှာအလွယ်တကူရှာလို့ရနိုင်တဲ့ ပိန်းရိုင်းပင်ပါပဲ။ ပိန်းရိုင်းပင်မှာ ရိုးတံအစိမ်းနဲ့ ရိုးတံအနက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ဆေးအတွက်ရိုးတံအနက်ကိုပဲ ယူရမှာပါ။ အဲဒီပိန်းရိုင်းပင်ကို သုံးပင်နှုတ်ရပါမယ်။ အမြစ်ပါ ပါရပါမယ်။ ပဉ္စငါးပါးလုံးကို သုံးခွက်တစ်ခွက်တင်ကြိုပြီး ဝေဒနာရှင်ကိုရေဆာတိုင်းတိုက်ရပါမယ်။

အဲဒီလိုတိုက်တာနဲ့ ညဖက်မှာ ဆီးစသွားပါလိမ့်မယ်။ တစ်ပါတ်အတွင်းမှာ အဖေါကျလာပါလိမ့်မယ်။ ရောဂါအမြစ်ပြတ်သည် အထိ တစ်လခန့်နေ့ စဉ်တိုက်ပေးရပါမယ်။ လူကောင်းပကတိဖြစ်သွားရင် ဆက်တိုက်စရာ မလိုတော့ပါဘူး။ ပိန်းရိုင်းကို ပြုတ်ထားတဲ့အရည်ဟာ လုံးဝမယားပါဘူး။


Get paid to share your links!

တစ်ချို့ဒေသတွေမှာ ဟင်းချက်စားလေ့ရှိကြပါတယ်။ဒီဆေးနည်းကို၂၀၁၂ခုနှစ်က ကော့ကရိတ် အမှတ်၃ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မင်း ငွေပြောပြခဲ့တဲ့နည်းပါ။ သူ့ဖခင်ကျောက်ကပ်မကောင်းလို့ ဖေါယောင်ပြီးသေလူသတ်မှတ် ထားတဲ့အခြေအနေမှာ လူနာသတင်းလာမေးတဲ့ အသိမိတ်ဆွေ ကရင်မကြီးက ”ငါတို့ရွာမှာဒီရော ဂါဖြစ်ရင်ရိုးတံအနက်နဲ့ ပိန်းရိုင်းပင်ကို ပြုတ်တိုက်တာပဲ။ 

နင့်အဖေမသေစေရဘူးအာမခံတယ်”လို့ပြောတာနဲ့ ငွေလည်းမကုန်တဲ့ ဒီဆေးပင်ကို နေရာအနှံ့မှာ အလွယ်တကူတွေ့နိုင်လို့ တစ်နေ့ကိုသုံးပင်နှုန်းနဲ့ ပြုတ်တိုက်ခဲ့တာပါ။ အခုတော့ အသက်ရှစ်ဆယ်ကျော် သူ့ဖခင်ဟာမြဝတီမှာ သားတစ်ယောက်နဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိပါနယ်။ ဆေးနည်းတိုတွေများစွာရှိပါတယ်။

ဝေဒနာရှင်များမိမိအဆင်ပြေရာနည်းနဲ့ရောဂါပျောက်ကင်းကျန်းမာကြပါစေ။

Credit

No comments