New Artical

လူရှင်းရင်ပြီးရောဆိုတဲ့ ချစ်သူစုံတွဲများ သတိပြုစရာ


လူရှင်းရင်ပြီးရောဆိုတဲ့ ချစ်သူစုံတွဲများ ဖတ်ကြည့်ပေးပါ


ဒီပို့စ်ဖတ်မိတဲ့ မြန်မာမိန်းကလေး တိုင်းအမှားအမှန် သင့်မသင့် ချင့်ချိန်နိုင်ပါစေ။ အချစ်ဆိုတာ လူသားတိုင်း မကင်းဘူးထင်ပါတယ်။ အရှက်တရားကင်းမဲ့တဲ့ လုပ်ရပ်တွေက အချစ်စစ် မဟုတ်ဘူးထင်ပါတယ်။ မိမိ မိသားစုအသိုင်းအဝိုင်းရဲ့ နိမ့်ကျမှုကို ပြသပေးနေသလိုပါဘဲ။

တက္ကသိုလ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးအများစု သတိပြုသင့်ပါတယ်။ ရဲတွေက လူဆိုးသူခိုးဖမ်းဖို့ထက် လူ တော်သလင်းအတွဲတွေ ဖမ်းနေရသလိုဖြစ်နေတာ မကောင်းပါဘူး။ စိတ်ပျက်စရာပါ ရဲတွေက အလုပ်အားအချိန်ပိုလို့ ဒီလိုလိုက်ပြီး ဖမ်းဆီးပညာပေးနေတာ မဟုတ်ပါဘူး။

ချုံမြင်တိုးစုံတွဲများ ရဲစခန်းကို မရောက်ချင်ဘူးဆိုရင် ရဲ ပြောတဲ့စကားကို နားထောင်ပေးပါ။ မောင်တို့မယ်တို့အနေနဲ့ လူငယ်သဘာ၀ ချိန်းဆိုတွေ့ဆုံခွင့် အပြည့်အ၀ ကိုယ်စီရှိပါတယ်။ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့သူကို လူသူ အသွားအလာပြတ်တဲ့ ချုံကြိုချုံကြားနေရာတွေမှာ

ခေါ်မသွားသင့်ဘူး။ ချုံတိုးပြီး ချိန်းတွေ့တဲ့ စုံတွဲအချစ်က ချုံတိုးစုံတွဲအချစ်ဘဲ ဖြစ်မယ်။ ကိုယ့်ချစ်သူကို ကိုယ်တန်းဘိုးထား မြတ်နိုးရာမရောက်ဘူး။ အချစ်အကြောင်းကို စဉ်းစားလာကြပြီဆိုရင် လူကြီးလူကောင်းဆန်ဆန် အိန္ဒြေရရ ချိန်းတွေ့ကြပါ ရပါ၏။ နောက်ပြီး မောင်တို့မယ်တို့ဟာ

တိုင်းပြည် ရဲ့ အနာဂါတ်ကြယ်ပွင့်များဖြစ်တာကြောင့် အခုကတည်းက အဆင့်အတန်းရှိရှိ တွေးခေါ်မျှော်မြင်တတ်တဲ့ အလေ့အဓကောင်း များကို မွေးမြုလေ့ကျင့်ကြရမယ်။ ကိုယ့်ဆန္ဒတစ်ခုတည်းကို ရှေ့တန်းတင်ပြီး ချုံတိုးလို့ ချိန်းဆိုတွေ့ကြတဲ့ အတန်းအစားထဲမှာ မောင်တို့မယ်တို့ မပါစေချင်ဘူး။ 


ချုံတိုးပြီး စုံဖက်သွားတဲ့ အတွဲဆိုတာ ဘယ်တော့မှ တည်တန့်သွားတယ်ဆိုတာ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်ဦးနှစ်ဘက်စလုံးဟာ ချုံမြင်လျင် တိုးချင်ကြလို့ဘဲဖြစ်တယ်။ အဲ့ဒီလို ချုံမြင် တိုး စုံတွဲ တွေကို ပစ်မှတ်ထားပြီး လူသတ် လုယက်နေတဲ့ ဒုစရိုက်သမား

များရှိနေတယ်။ တက္ကသိုလ်စုံတွဲများကို ဓားထောက် တိုက်ခိုက်ပြီး ပစ္စည်းလုယက်မှုများကြောင့် ကျောင်းသား အချို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ အများအပြားရှိတယ်။၂၀၀၂ တုန်းက မုံရွာ နန္ဒဝန်ရပ်ကွက် စည်သူလမ်းမှာ တစ်မှုဖြစ်ခဲ့တယ်။ အသက်မသေဘဲ နာကျင်ဒဏ်ရာ

ရခဲ့တဲ့ စုံတွဲများကတော့ မကြာမကြာဘဲ။ မိတ္ထီလာတက္ကသိုလ်စုံတွဲဆို ကောင်လေးဖြစ်သူက အသက်ဆုံးခဲ့တယ်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မန္တလေးတောင် စုံတွဲများကတော့ ပစ္စည်းတွေပါပြီး လူတွေက နာလို့ကျန်ခဲ့တယ်။ 


အဲ့ဒီလို စုံတွဲလုယက်မှုဖြစ်စဉ်တွေ မုံရွာလည်း ၂၀၁၆ ထဲမှာ ၂ မှုဖြစ်ခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့ လုယက်မှု ၂ မှုလုံးကို ချက်ချင်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်။ မောင်တို့မယ်တို့သာ ချုံမတိုးဘူဆိုရင် ဒီလိုပြသနာက ဖြစ်လာစရာ အကြောင်းမရှိဘူး။ ချုံမြင်တိုးစုံတွဲများဟာ အမှုအခင်းတွေဖြစ်ပွားပြီဆိုမှာတော့ မဖြစ်မနေ ရဲစခန်း ကို ရောက်ရတော့တယ်။

ကောင်းကြသေးရဲ့လား။ ထိုင်ရှက်ရမဲ့ ကိစ္စက အမှုအခင်းဖြစ်တော့ ထပြီးရှက်ကြရတယ်။ ထိုင်ပြီးရှက်ရမဲ့ ကိစ္စကို ထပြီးမရှက်ချင်ဘူးဆိုရင် မောင်တို့ မယ်တို့ ရဲပြောတဲ့စကားကို နားထောင်ပါ ချုံမြင်တိုင်း မတိုးကြပါနဲ့။ မောင်ရင်းနှမလို စိတ်သဘောထားပြီး ပြောချင်းဖြစ်တယ်။

မောင်တို့မယ်တို့အနေနဲ့ ရဲ စကားကိုနားထောင်ပေးရင် ရဲစခန်းကို လာစရာမလိုဘူး။ အခုလို အချိန်ကုန်ခံငွေကုန်ခံ ပြောပြတာဟာ မောင်တို့မယ်တို့ကို ချစ်လို့ပြောတယ် မှတ်ပါ။ 

ရဲအုပ် ရဲအောင် 

Credit စခန်းမှူး မုံရွာနယ်မြေ ရဲစခန်း။

No comments