New Artical

အရေးကြောင်းတွေ ဝက်ခြံတွေ၊ အမည်းစက်တွေနဲ့ နေလောင်ကွက်တွေကို ပျောက်ကင်းစေမဲ့ တရုတ်နံနံပင်


 

အရေးကြောင်းတွေ ဝက်ခြံတွေ၊ အမည်းစက်တွေနဲ့ နေလောင်ကွက်တွေကို ပျောက်ကင်းစေမဲ့ တရုတ်နံနံပင်

=================================
ဒီနေ့မှာတော့ တင်းတိပ် ဝက်ခြံတွေနဲ့ အစက်အပျောက်တွေကို ပျောက်ကင်းစေမဲ့အပြင် အရေပြားကို စိုပြေစေမဲ့ နည်းလမ်းကိုမျှဝေပေးသွားမှာပါ။
တရုတ်နံနံပင်မှာ ဗီတာမင်နဲ့သတ္တုဓါတ်တွေ
ကြွယ်ဝစွာပါဝင်ပါတယ် - ဒါ့အပြင် မဂ္ဂနီ နဲ့ ပိုတက်ဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ် ဒါ့ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ ဆီးနဲ့ဆိုင်တဲ့ရောဂါတွေ၊ ဖျားနာတာ၊ ကျောက်ကပ်နဲ့ဆိုင်တဲ့ရောဂါတွေ၊ ဆီးချိုနဲ့ မျက်လုံးရောင်ရမ်းတာတွေအတွက် အထူးကောင်းမွန်ပါတယ်။
ပါဝင်ပစ္စည်း
========
တောက်တောက်စင်းထားတဲ့ တရုတ်နံနံပင်
စားပွဲတင်ဇွန်း ၂ ဇွန်း …
သံပိုယိုသီးအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ပန်းသီးရှလကာရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း …
ရေ ၂၀၀ မီလီလီတာ …
ပြင်ဆင်ခြင်း
=========
ရေကိုဆူအောင်သည်ပြီး တရုတ်နံနံပင်ကို ထည့်ကာ ၁၅ မိနစ်လောက် သည်ထားပါ- ပြီးရင် အအေးခံထားပါ မကြာခင်မှာ အဲဒီအရည်က အေးလာပါလိမ့်မယ် အဲဒီအခါကျရင် သံပုယိုသီးအရည် (သို့) ပန်းသီးရှလကာရည် ထည့်ပါ - နောက်ဆုံး ခွက်တစ်လုံးထဲထည့်ထားပြီး ရေခဲသေတ္တာမှာထားပါ။
အသုံးပြုခြင်း
=========
အဲဒီအရည်ကို မနက်တစ်ကြိမ် နဲ့ ညနေတစ်ကြိမ် လိမ်းပေးသင့်ပါတယ်။
မျက်နှာမှာတင်မက ခန္တာကိုယ်အနှံ့လိမ်းပေးလို့ရပါတယ် အဲဒီလိုပုံမှန်လိမ်းပေးရင် အသားအရေဖြူဖွေးလာမဲ့အပြင် အမည်းစက်ကင်းစင်ပြီး ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေးဖြစ်လာမှာပါ။
တစ်လတည်းနဲ ့ အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။
==========
MyFood Myanmar#credit

No comments