New Artical

ကာကွယ်လို့မရတဲ့ လေဖြတ်နိုင်ခြေ မြင့်မားတဲ့ အကြောင်းရင်းများ

 


ကာကွယ်လို့မရတဲ့ လေဖြတ်နိုင်ခြေ မြင့်မားတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ၎င်းတို့မှာ….

အသက်အရွယ်
အသက် (၅၅) နှစ်ကျော်သွားပြီဆိုရင် (၁၀) နှစ် အသက်ထပ်ကြီးလာတိုင်း လေဖြတ်နိုင်ခြေ ၂ ဆပိုပါတယ်။

ကျား/မ
အမျိုးသားတွေမှာ လေဖြတ်ရောဂါ ပိုဖြစ်လွယ်ပေမယ့် အသက် (၅၅) နှစ်ကျော်သွားရင်တော့ လေဖြတ်နိုင်ခြေက ကျားနဲ့မ အတူတူပါပဲတဲ့။သို့သော် လေဖြတ်ရောဂါဖြစ်ရင်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် စောစောသေဆုံးလွယ်ပါသတဲ့။

မိသားစုရာဇဝင်မျိုးရိုး
မိသားစုရာဇဝင်မှာ လေဖြတ်ရောဂါရှိပါက ၄င်းတို့ရဲ့ သားစဉ်မြေးဆက်မှာလည်း လေဖြတ်နိုင်ခြေ ပိုများပါတယ်တဲ့။ ဒါကြောင့် သတိထား၍ သွေးပေါင်ချိန် မှန်မှန်စစ်ပေးပါ။

လူပုဂ္ဂိုလ်ဆိုင်ရာ ရာဇဝင်
လေတစ်ကြိမ်ဖြတ်ဖူးတဲ့ ရာဇဝင်ရှိခဲ့ခြင်း၊ လေဖြန်းတဲ့ရာဇဝင်ရှိခဲ့ဖူးခြင်း၊ နှလုံးတိုက်ခိုက်ခံခဲ့ရဖူးတဲ့ ရာဇဝင်ရှိခဲ့ခြင်းတွေက သင့်အား နောက်တစ်ကြိမ်ထပ်ပြန်ဖြစ်ဖို့ အခွင့်အလမ်းရှိကြောင်း သတိပေးခေါင်းလောင်းထိုးနေပါသတဲ့။ လေဖြန်းပြီး (၄၈) နာရီမှ (၇၂) နာရီအတွင်း ပြင်း ထန်ဆိုးဝါးတဲ့ လေသင်ဓုန်းဖြတ်ရောဂါ လာတော့မယ်ဆိုတာ သတိထားရပါမယ်။ ဒါကြောင့် သွေးတိုးရောဂါ ရှိ၊ မရှိ သွေးပေါင်မှန်မှန်ချိန်ပေးပါ။ သွေးကျဆေး မှန်မှန်သောက်ခြင်းဖြင့် နောက်ဆက်တွဲ ရောဂါများ မဖြစ်အောင် ကြိုတင်ကာကွယ်ပါ။

Ref: Health & Beauty

No comments