New Artical

နာမည်ကျော် အိန္ဒိယစတိုင် ထောပတ်ကြက်သားဟင်း ချက်ရအောင်

 

အိန္ဒိယစတိုင် ထောပတ်ကြက်သားဟင်း

အိန္ဒိယစတိုင် ကြက်သားဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။ ဒိန်ချဉ်နဲ့ နှပ်ထားတဲ့ နူးအိနေတဲ့ ကြက်သားတုံးကိုမှ အိန္ဒိယစတိုင် ဟင်းခတ်မွှေးကြိုင်တွေ ပေါင်းစပ်ထားတာပါ။ ထောပတ်ကြက်သားဟင်း (Murgh Makhani) ဟာ မူလအိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသထွက် ဟင်းလျာဖြစ်ပြီး ကမ္ဘာပေါ်က နာမည်ကြီး ဟင်းတွေထဲမှာ ပါဝင်ပါတယ်။

အလွယ်တကူ အိမ်မှာပဲ ချက်ပြုတ်ပြင်ဆင်နိုင်တဲ့ အိန္ဒိယစတိုင် ထောပတ်ကြက်သားဟင်း ချက်ဖို့ အောက်ပါအတိုင်း လိုအပ်ပါတယ်။

ကြက်သား
ထောပတ်
ခရမ်းချဉ်သီးအနှစ်
ဒိန်ချဉ်
သံပုရာရည်
မဆလာ
ငရုတ်သီးအစိမ်းမှုန့်
ဇီရာ
ချင်း
ကြက်သွန်ဖြူ
Thickened cream
နံနံပင်တို့ လိုအပ်ပါတယ်။

အိန္ဒိယစတိုင် ထောပတ်ကြက်သားဟင်း ချက်ဖို့ အရင်ဆုံး ချက်မယ့် ကြက်သားတွေကို အရသာဝင်အောင် နှပ်ထားပါမယ်။ နှပ်ဖို့အတွက် ဆော့စ် လုပ်ပါမယ်။ ကြိတ်စက်ထဲကို ဒိန်ချဉ်၊ သံပုရာရည်၊ ဆနွင်း အနည်းငယ်၊ မဆလာ အနည်းငယ်၊ ငရုတ်မှုန့်၊ ဇီရာမှုန့်၊ ချင်း၊ ကြက်သွန်ဖြူ တို့ကို အားလုံးရောထည့်ပြီး သမသွားအောင် မွှေပေးပါ။

ရလာတဲ့ အနှစ်ကို ချက်မယ့် ကြက်သားနဲ့ နယ်ပြီး အနည်းဆုံး ၃ နာရီ ဒါမှမဟုတ် မချက်ခင် တည ရေခဲသေတ္တာထဲ ထည့်ပြီး နှပ်ထားပေးပါ။

နှပ်ထားတဲ့ ကြက်သားကို စချက်ပါမယ်။ ချက်မယ့် ဒယ်အိုးထဲ ထောပတ်ထည့် အပူပေးပါ။ ပူလာရင် မီးပြင်းပြင်းနဲ့ ဆော့အနှစ်နဲ့ နယ်ထားတဲ့ ကြက်သားတွေကို ၃ မိနစ်လောက် ချက်ပေးပါ။ အနှစ်နဲ့နယ်ထားတာဖြစ်လို့ အသားတွေ ရွှေအိုရောင် မသမ်းဘဲ ဖြူနေပါလိမ့်မယ်။

ပြီးရင်တော့ ရယ်ဒီမိတ် ခရမ်းချဉ်သီးအနှစ်၊ ပျစ်လာအောင် Thickened cream ၊ သကြားနဲ့ ဆားအနည်းငယ် ထည့်ပါ။ မီးအပူရှိန် လျှော့လိုက်ပြီး နောက်ထပ် မိနစ် ၂၀ လောက် ထပ်ချက်ပါ။ အရသာမြည်းကြည့်ပြီး လိုအပ်ရင် ဆားအနည်းငယ် ထပ်ထည့်ပါ။

ဟင်းအိုးချခါနီးမှာ နံနံပင် အုပ်လိုက်ရုံပါပဲ။ ထမင်းပူပူလေးနဲ့ အလွန်လိုက်ဖက်တဲ့ နာမည်ကျော် အိန္ဒိယစတိုင် ထောပတ်ကြက်သားဟင်း ရပါပြီ။

Ref: Recipe tin eats

 

No comments