New Artical

ဘာပဲသုံးသုံး စာရင်းမှတ်ပါ


 

ဘာပဲသုံးသုံး စာရင်းမှတ်ပါ


"ကိုယ့်ဘာသာကိုယ်သုံးလို့ ကုန်သွားတာ၊
ဘယ်သူကပြန်လာ​ပေးမှာမို့လဲ..??"
"စာအုပ်ကုန်တာဘဲ အဖတ်တင်လိမ့်မယ်"လို့​ပြောတဲ့သူ​၊​တွေး​နေတဲ့သူတွေလည်း ရှိ​ပါလိမ့့်မယ်။
ဘာဖြစ်လို့လဲဆို​တော့ ကျ​နော်လည်း အရင်က အဲလို​တွေးမိခဲ့လို့ပါဘဲ။
စာရင်းမမှတ်ရင် ​​​ဒီလကိုယ့်မှာ ဘယ်​လောက်ဝင်​ငွေရှိလဲဆိုတာမသိရသလို
(ဝန်ထမ်းဘဲလုပ်တယ်ဆိုရင်​တော့ သိရပါတယ်)၊
ကုန်ကျစရိတ်/ထွက်​ငွေဘယ်​လောက်ရှိလဲ ဆိုတာလည်း အတိအကျမသိပါဘူး။
သုံးမိ​နေမြဲ၊ဖြုန်းမိ​နေမြဲပါဘဲ။ရရစားစားဘဲဖြစ်​နေမှာပါ။
အ​ကြွေးတင်တဲ့လ​တွေမှာ တင်သလို..ပိုတဲ့လလည်း သိပ်မစုမိသလိုပါဘဲ။
စာရင်းမှတ်တဲ့ အကျင့်လုပ်ဖို့ မိတ်​ဆွေတစ်​ယောက်က​ ပြောလို့ ကျ​နော် လယ်ဂျာစာအုပ်​လေးနဲ့ စာရင်းစမှတ်ကြည့်တယ်။
"သိလိုက်ရပါပြီ"မလိုအပ်ဘဲနဲ့ သုံးမိတဲ့ အပိုအသုံးစရိတ်​တွေကလည်း အများကြီးပဲ။
အ​ပျော်အပါး၊ပွဲလမ်းသွားတဲ့ စရိတ်​တွေ၊မဝယ်သင့်တဲ့၊ မဝယ်ရင်လည်းဖြစ်တဲ့ ပစ္စည်း အသုံးအ​ဆောင်​တွေကလည်း ဒုနဲ့​ဒေးပါ။​
နောက်ရက်​တွေ ​နောက်လ​တွေမှာ​တော့ မဝယ်မိ​အောင်၊ မဖြုန်းမိ​အောင် ဆင်ခြင်လို့ရသွားပါတယ်။
ဝင်​ငွေနဲ့ထွက်​ငွေ​တွေ သိရှိနိုင်ဖို့ ရတာထက်ပိုမသုံးမိ​စေဖို့ အသုံးစရိတ်​တွေ နည်းပြီးစုမိ​စေဖို့
သုံးသမျှစာရင်းလုပ်ပါ။
Credit: Original uploader.

No comments