New Artical

ဝက်နံရိုးပေါင်း


 

ဝက်နံရိုးပေါင်း

ဝက်နံရိုးအလွယ်ပေါင်းနည်းပါ
ပဲပိစပ်ရယ် ငြုပ်ကောင်းအနီရောင်နစ်မျိုးပဲသုံးထားပါတယ်ရှင့်....
အရင်ဆုံးဝက်နံရိုးကိုရေနွေးနဲ့ဆေးပါ
ပြီးလျှင်
သကြားဆီသတ်ပြီးအနီရောင်သန်းအောင်တည်ထားပါကြက်သွန်ဖြု ဂျင်း ဓားပြားရိုက်ထည့် ပဲပိစပ် အနစ်သုံးဇွန်း
ငြုပ်ကောင်းအနီရောင် ခြောက်စေ့လောက်ထည့်ပါ အများကြီး ထည့်ရန်မလိုပါ
များသွားရင် ငြုပ်ကောင်းစေ့ကိုက်မိရင်ပါးစပ်ထုံးပါတယ် အနံပါရုံသုံးတာမို့
မွှေးရုံလေးထည့်ရင်ရပါပြီ
ပြီးလျှင်ပေါင်းအိုးထဲထည့်ပြီး 2/နာရီခွဲလောက်ပေါင်းပါ ရပါပြီ အရောင်လိုအပ်ရင်တရုတ်ငံပြာရည်သုံးလို့ရတယ်ခုကတော့မသုံးထားပါဘူးနော နံရိုးနူးလာရင်ကြက်သွန်နီဥသေးလေးထည့်ရပြီ...အနံက မာလာ အနံ နည်းနည်းထွက်တယ် ငြုပ်ကောင်းအနီးသုံးထားတာကြောင့် ပါ
အနစ်ရည်များများလိုချင်ရင်အရည်အရမ်းမခမ်းခင်ကော်မှုန့်ရေဖျော်ထည့်ပါ အနစ်ရည်ပျစ်ပျစ်လေးကျန်ပါတယ် အရည်အရမ်းမခမ်းတဲ့အခါ ဝက်နံရိုးလဲ အရမ်းမဲမသွားပါဘူးနော နံရိုးပေါင်း ကအရည်အရမ်းခမ်းလျှင် ဝက်ရိုးတွေအရမ်းမဲသွားတဲ့အခါ အရောင်မလှတော့ပါ အရသာတော့မပျက်ပါဘူး ဖြည့်ပြောပြတာပါနော
အဆင်ပြေကြပါစေ

(ဝက်နံရိုးအနည်းများပေါ်မူတည်ပြီးပဲပိစပ်အနစ်ထည့်ပါအနည်းဆုံး 

ထမင်းစားဇွန်းသုံးဇွန်းကနေ စပြီးချိန်ဆထည့်ပါ)

Credit:

No comments