New Artical

မနက်ဖြန်ဟာ နတ်ပြည်ပဲ ဖြစ်ဖြစ် ငရဲပြည်ပဲဖြစ်ဖြစ်


  

လာ . . . ညီလေး ဒီမှာထိုင် စိတ်ပျော်အောင် မဟုတ်ဘူး အိပ်ပျော်အောင် သောက်တာ။

ပထမ တစ်ခွက်ကို ရေမရောပဲ ခပ်မြန်မြန်လေးသောက် ပြီးမှရေလေးနည်းနည်းခံ၊ အမြည်းလေး နည်းနည်းစား၊ နည်းနည်း ရှိန်းတက်လာရင် ဒုတိယတစ်ခွက်ကို သောက် မပျော်ရတဲ့ အကြောင်းတရားတွေကို အော်ပြီး . . . .ဆဲလိုက်။ အသဲနုရင် ငိုချလိုက် ညီလေး၊ ဘဝကြီးက. ဒီလိုပဲကွ။

ကြိုက်တက်ရင် ဖက်ကြမ်းလေး . . ဖွာဦး၊ ရမ် နဲ့ အလိုက်ဖက်ဆုံးက ဖက်ကြမ်းကွ။ ညနက်သန်းခေါင်ထိ အိပ်မရပဲ တွေးနေတဲ့ အတွေးတွေ ရပ်တန့်သွားဖို့ ဒီကောင်က ကူညီလိမ့်မယ်၊ မွန်းကြပ် နေတဲ့အကြောင်းကို တစ်ညတာ မေ့သွားစေတယ်။

ဒီမှာညီလေး . . . . ရမ် ဆိုတာ ကြံ ကချက်တာ ဘရန်ဒီ ဆိုတာ စပျစ်သီးက ချက်တာ ဝီစကီ ဆိုတာ ဂျုံက ချက်တာ အကုန်သားသတ်လွတ်တယ် . . . မင်းဒီမှာ ထိုင်သောက်နေတာ ဘယ်သူ့ကိုမှ ဒုက္ခ မပေးဘူး စိတ်သန့်သန့်သာသောက်..။

ညဆို ပဌာန်းရွတ်ပြီး မနက်ဆို တဖက်သားကို ယုတ်မာဖို့တွေးတဲ့ လူတန်းစားတွေထက်တော့ ငါတို့က. . .အပုံကြီးသာတယ် . . .။ 

မင်း စိတ်လေး ငြိမ်သက်လာပီဆိုရင် တတိယ တစ်ခွက်ကိုသောက် မပြုံးတာကြာနေတဲ့ မင်းက ပြန်ပြီး ပြုံးချင်လာမယ် လောကကြီးကို ချစ်တက်လာမယ်။ နေထိုင်ရပ်တည် မှုမှာ မင်းပျော်ရွှင်လာမယ်။

အချိန်ကြာလာရင် ခပ်ဝေးဝေးက ငါ့ညီကို နာကျင်စေတဲ့ မသေမချာ ရည်မှန်းချက်တွေကို မေ့ပြီး ညနေ စောင်းဖို့ပဲ စိတ်လောနေတော့မယ်။ အသက်ရှင် ရပ်တည်မှုမှာ ရည်မှန်းချက်လေး ရှိလာတာပေါ့ . .။

ဒီမှာ . .ညီလေး . . . .ငါတို့က . Sucide လုပ်ဖို့ အထိမပျော့ညံ့ဘူး။
ငါတို့က သူတော်ကောင်း ယောင်မဆောင်ဘူး
ငါတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး
ငါတို့က စိတ်ပျော်ဖို့မဟုတ်ဘူး အိပ်ပျော်ဖို့လေးပဲ.သောက်နေကြတာ . . . .။

ဒီတစ်ညသာ မနေ့ကညထက် စောပြီး အိပ်ပျော်ခဲ့ရင် မနက်ဖြန် . .မနက်ဟာ နတ်ပြည်ပဲ ဖြစ်ဖြစ်. . .၊ ငရဲ ပဲဖြစ်ဖြစ်ပေါ့ . . . . .။

ပြန်လည် ရေးသားခြင်း

No comments