သင် မဆုံးရှုံးသေးပါဘူး
သင် မဆုံးရှုံးသေးပါဘူး
ဆန္ဒနဲ့ဘဝတစ်ထပ်တည်းမကျဘူးဆိုတာ သိလိုက်ရချိန်
အရာရာဟာနောက်ကျနေပြီလို့ခံစားရင်ခံစားရလိမ့်မယ် ။
တချို့မှားပါတယ် (သို့) မှန်တယ် ဆိုတဲ့ အဖြေကို
ကိုယ့်စိတ်ခံစားချက်အတိုင်း ပြောကြပါလိမ့်မယ် ။
ဒါပေမဲ့ သင်နောက်ကျရင် နောက်ကျသွားတာမှန်ပေမဲ့
သင်မရှုံးဘူးဆိုတာ မြဲမြဲမှတ်ယူထားလိုက်ပါ ။
အဲ့ဒီလို အသိတရားဝင်လာတဲ့ အချိန်ဟာ
သင့်အတွက်မလိုအပ်တဲ့ အိမ်မက်က
လန့်နိုးလာပြီမို့မရှုံးသေးပါဘူး ။
ကိုယ်ဘာဖြစ်ခြင်ခဲ့သလည်း
ကိုယ့်ရည်ရွယ်ချက်က ဘာလည်း
ဒါတွေကို စိတ်နောက်လိုက်ရင်း
မအောင်မြင်ခဲ့တာမို့နောင်တဆိုတာ
ရစရာလည်း မလိုပါဘူး ။
ကိုယ့် စိတ်ကူးတွေဖြစ်မလာခဲ့လို့လည်း
စိတ်ဓါတ်ကျ မသွားပါနဲ့။
ဒီနေ့ဟာ မနက်ဖြန်မဖြစ်နိုင်သလို
ကံကြမ္မာကို ကိုယ်သာဖန်တီးယူရမှာပါပဲ ။
လူတွေနဲ့ဆက်ဆံတယ် အများစုက
ကိုယ်ပေးမှ ပြန်တုန့်ပြန်တာတွေ
ကိုယ့်စေတနာကို ဥပက္ခာပြုတာတွေ
ကိုယ့်မေတ္တာကို မထီမဲ့ မြင်ပြုတာတွေ များစွာကြုံလာလည်း
ကိုယ့်ဘဝအတွက် အရေးမပါတဲ့ အရာတွေဖြစ်နေရင်
စိတ်နဲ့လိုက်ခံစားမနေပါနဲ့။
ဒီကိစ္စ အသေးမွှားတွေထက်
ပိုအရေးကြီးတာတွေကိုသာ ဆက်လုပ်ပါ ။
ကိုယ်နဲ့အရင်းနှီးဆုံးလို့ခံယူထားတဲ့သူငယ်ချင်းတွေ
စွန့်ခွာသွားခဲ့တယ်ဆိုရင်တောင် ဝမ်းနည်းမနေပါနဲ့။
သူတို့ထက်သာတဲ့ မိတ်ဆွေသူငယ်ချင်းအသစ်တွေရှာပြီး
အစားထိုးလိုက်ပါ ။
သူဟာ ကိုယ်မဟုတ်တဲ့ လောကနိယာမကြီးထဲမှာ
အရာရာတိုင်း လိုက်ခံစားနေရင်း အချိန်တွေ
အဆုံးရှုံးခံရတာလောက် နှမျှော စရာကောင်းတာ မရှိပါဘူး ။
ပြီးသွားတဲ့ အတိတ်ကို သင်ခန်းစာယူပါ ။
အနာဂါတ်ကိုပုံဖော်ပါ ။
လက်ရှိဘဝကို ကျေနပ်အောင်နေထိုင်ပါ ။
ဖြစ်ခြင်တိုင်း မဖြစ်နိုင်တဲ့ဘဝရယ်
မဖြစ်နိုင်ရလေခြင်းဆိုတဲ့ ဒွိဟကြားမှာ
အဖြေရှာ နေမယ်ဆို အနာဂါတ်ဟာ
ပိုပြီး ခက်ခဲသွားစေပါလိမ့်မယ် ။
ကိုယ့်အမှားလို့ သိလိုက်ရတဲ့ အချိန်တိုင်းဟာ
နောက်မကျသေးဘူးဆိုတာ လူတိုင်းသိထားရပါမယ် ။
အမှားအတွက်
ပြင်ဆင်ချိန်ရောက်ပြီလို့ခံယူနိုင်ရပါမယ် ။
မှားသွားခဲ့ပြီ နောက်ကျသွားပြီဆိုတဲ့
နောင်တဟာ စိတ်ကို နှစ်ခါသေစေပါတယ် ။
အပေါင်းသင်းမိတ်ဆွေ ဆိုတာလည်း
ပေါင်းသင်းချိန် ကိုယ့်ကိုလိုအပ်တယ်လို့
သူတို့လက်ခံနိုင်တဲ့ အချိန်တိုင်းတာအထိ
ဖြူစင်တဲ့ခင်မင်မှုနဲ့ ပေါင်းသင်းဆက်ဆံပေးလိုက်ရင်
လုံလောက်ပါပြီ ။
မလိုအပ်တော့ဘူးလို့
စွန့်ခွာသွားရင်လည်း အပြုံးမပျက်ရင်ဆိုင်လိုက်ပါ ။
လောကကြီးမှာ ကိုယ်လိုခြင်တဲ့အရာ
ကိုယ်ဖြစ်ခြင်တဲ့ ဆန္ဒအားလုံးဟာ တကယ်တော့
ဇကာထဲမှာ ဆန်ကောင်းကိုသန့်ယူသလို
ကောင်းတာတွေပဲ ကျန်နေရစ်တာပါ
ဆိုတဲ့အတွေးနဲ့သာ ကျော်ဖြတ်နိုင်ကြပါစေ ။]
ဥိးသီ
No comments