New Artical

"ဒီကနေ့ ဗုဒ္ဓသာသနာတော်ရဲ့အခြေအနေ"

 "ဒီကနေ့ ဗုဒ္ဓသာသနာတော်ရဲ့အခြေအနေ"

အကြပ် အတည်း နှစ်မျိုးနဲ့ ရင်ဆိုင်နေရတဲ့အနေ အထားမှာ ရှိပါတယ်။ အကြပ်အတည်း(၁)ခုက .. အခြားဘာသာဝင်တို့ရဲ့ အရှိန်အဟုန်နဲ့ ချဲ့ထွင်နေခြင်း ထိုးဖောက် နေခြင်းတို့ကို ဒီကနေ့ ဗုဒ္ဓဘာသာ နိုင်ငံ အသီးသီး ထေရဝါဒရော မဟာယာနပါ ကြံ့ ကြံ့ ခံနိုင်တဲ့ စွမ်းအား နည်းနေကြပါပြီ။ ကြံ့ ကြံ့ ခံနိုင်တဲ့ စွမ်းအား မရှိဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့်... နည်းသွားပြီ။ ဘာကြောင့် ပြောနိုင် သလဲဆိုရင် ဝင်္ဂတိုင်းဟာ ဘင်္ဂလားဒေရှ့် ဖြစ်သွားတာကို ကြည့်ပါ။ ကန္တာရတိုင်းဟာ ပါကစ္စတန်တို့ အာဖကန် နစ္စတန်တို့ ဖြစ်သွားတာကို ကြည့်ပါ။ ယောနက-တိုင်းကလည်းပဲ ဥဇဘက် ကစ္စတန်တို့ တာဂျစ် ကစ္စတန်တို့ တူရကီတို့ ဖြစ်သွားတဲ့ အနေအထား ရှိပါတယ်။

ဗုဒ္ဓဘာသာဟာ ကမ္ဘာကို ဥရောပ၊အမေရိက၊ အာရှတိုင်းပြည် အသီးသီးကို စိမ့်ပြီးတော့ ဝင်ရောက်တယ် ဆိုတာဟာ အလွန် သေးငယ်တဲ့ ရေစိမ့် ပေါက်ကလေးက ရေလေးဟာ တစက်စက် စိမ့်သလို စိမ့်နေတာ ဖြစ်ပါတယ်။ အရှိန်အဟုန်နဲ့ စိမ့်ပြီးတော့ ဝင်ရောက်နိုင်စွမ်း မရှိပါဘူး။ အဲ့ဒီတော့... ဒီလောက် ကြာလာတဲ့ နှစ်တွေ အတွင်းမှာ .. နိဗ္ဗာန်စံ ပြီးသည်မှ နောက်ဆိုလို့ ရှိရင်တော့ ၂၅၆၁-ခုနှစ် ကာလ အတွင်းမှာ ဗုဒ္ဓရဲ့ ဓမ္မအင်ပါယာကြီးဟာ တဖြည်းဖြည်း ကျဉ်းမြောင်း လာတာကို တွေ့ရပါတယ်။ ဘုရား ပရိနိဗ္ဗာန် စံပြီး သည့်နောက် နှစ်၂၃၆ - သီရိဓမ္မာအသောက ဖြန့်တဲ့ အချိန်တုန်းက ဆိုရင် အာရှတိုက်ကြီး တစ်ခုလုံးလောက် နီးနီး တစ်ခုလုံးလို့ပဲ ဆိုကြပါစို့။

Buddhist Emperorကြီး ဖြစ်ခဲ့တာ ဗုဒ္ဓဘာသာ ပထဝီဝင်နဲ့ ဗုဒ္ဓသာသနာ သမိုင်း ဘာသာရေး သမိုင်းတို့ကို လေ့လာသူတိုင်း သိရှိ နားလည် နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သီရိဓမ္မာအသောကမင်းကြီး ဗုဒ္ဓဘာသာ ဖြန့်ချီတဲ့ အခါမှာ ဖြန့်ချီတဲ့ အချိန် သာသနာနှစ် ၂၃၀-၄၀ လောက် အချိန်တုန်းက ဗုဒ္ဓဘာသာနဲ့ အပြိုင် တခြားဘာသာတွေဟာ မ ​ပေါ်ပေါက်သေးပါဘူး။ Jesus တို့ Mohamad တို့ မမွေးသေးပါဘူး။ အဲ့ဒါကြောင့်.. ဗုဒ္ဓဘာသာရဲ့ အရှိန်အဟုန်ဟာ မြောက်သို့လည်းကောင်း အနောက်သို့လည်းကောင်း စိမ့်ဝင်ထိုးဖောက် ဝင်ရောက်တဲ့ အင်အား အရှိန်အဟုန်ဟာ အလွန် ကောင်းတယ်။

ဒီကနေ့ ဗုဒ္ဓဘာသာရဲ့ အရှိန်အဟုန်ဟာ မိမိတို့ရဲ့ ဗုဒ္ဓဘာသာ နယ်မြေမှာပင်လျှင် အင်နဲ့ အားနဲ့ ကြံ့ ကြံ့ ခံ ပြီးတော့ ထိန်းနိုင်တဲ့ စွမ်းအားဟာ တဖြည်းဖြည်း လျော့လာပြီလို့ ထင်မြင် ယူဆ မိပါတယ်။အဲ့ဒါကြောင့် ဗုဒ္ဓနေ့ အခမ်းအနားမှာ ဗုဒ္ဓဘာသာဝင်အားလုံး အသိ ပညာ ကြီးစွာ ထားပြီးတော့ .. ဗုဒ္ဓသာသနာ့ လုပ်ငန်းတွေကိုဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဗုဒ္ဓသာသနာ လုပ်ငန်းများ ဆိုရာမှာလည်းပဲ များများကြီးတော့ မပြောလိုပါဘူး။ (၄)ခုလောက် ပြောလိုပါတယ်။

To conserve the Buddha teaching သို့မဟုတ်ရင်လည်းပဲ To preserve the Buddha teaching ပေါ့။

As talk by the Buddha himself. 

မြတ်ဗုဒ္ဓ ဟောတော်မူတဲ့ အတိုင်း ဗုဒ္ဓရဲ့ဓမ္မတွေကို မူရင်းမပျက် ထိန်းသိမ်း စောင့်ရှောက်နိုင်ကြဖို့ အရေးကြီးပါတယ် မူရင်းမပျက် ထိန်းသိမ်း စောင့်ရှောက်ရမယ် စောင့်ရှောက်ကြရမယ် ဆိုတဲ့ နေရာမှာ ဗုဒ္ဓသာသနာတော်ရဲ့ အစအဦးပိုင်းက ဗုဒ္ဓရဲ့ အဆုံးအမတွေကို ရှေးဟောင်း ရဟန္တာ မထေရ်ကြီးတွေက နှုတ်တိုက် အာဂုံ ဆောင်ကြတဲ့ ခေတ်တစ်ခေတ်ဟာ အလွန် ထွန်းကားခဲ့တယ်။ သာသနာနှစ်၄၀၀-နဲ့ ၅၀၀- လောက်ထိ ထွန်းကားခဲ့ပါတယ်။ အဲ့ဒီနောက်ကျတော့ သမာဓိအားပေါ့လေ သတိအားတွေ နည်းပါးလာတဲ့ အတွက်ကြောင့်မို့လို့ .. နှုတ်ဆောင် ထိန်းသိမ်းတဲ့ ခေတ်တစ်ခေတ်ဟာ ပျောက်ဆုံးလု မတတ်ဖြစ်ပြီးတော့ .. ပေပေါ်မှာ ရေးပြီးတော့ ထိန်းသိမ်း စောင့်ရှောက်ရတဲ့ ခေတ်တစ်ခေတ်ကို ရောက်ခဲ့ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမတွေကို ပေပေါ်မှာ ထိန်းသိမ်း စောင့်ရှောက်တဲ့ ခေတ်တုန်းက ဆိုလို့ရှိရင် .. အဲ့ဒီ ပေရွက်ပေါ်မှာ သံကညစ်ကလေးတွေနဲ့ ဒီနိကာယ်ငါးရပ်ပိဋကတ် သုံးပုံ စာတွေကို ရေးသားတော်မူကြတယ်​ ..ဗမာ၊ ထိုင်း၊ လာအို၊ ကမ္ဘော ဒီးယား၊ အိန္ဒိယ၊သီဟိုဠ်၊ ရှေးဟောင်း ဆရာတော် ဘုရား ကြီးတွေရဲ့ အမြော်အမြင် ကြီးမားပုံ.. အနာဂတ်ကို မြော်မြင်တတ်မှု ဇွဲလုံ့လ ဝီရိယ ကြီးမားမှု တွေဟာ ကြည်ညိုလို့ မဆုံးနိုင်အောင် အံသြဖွယ်ရာ ရှိခဲ့တယ် ဆိုတာကို ပေရွက်တွေက ဖော်ပြ နေပါတယ်။

အဲ့ဒါကြောင့်.. ဒီကနေ့ ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက် ကြမယ့် သံဃာတော်များနဲ့ ဒကာဒကာမတွေဟာ ရှေးဆရာတော်ကြီးတွေရဲ့ သဒ္ဓါ ဝီရိယ လုံ့လ ပညာ ဓီတိ ဒီ ဂုဏ်တွေကို အလေးအနက် ကြည်ညိုကြ ပြီးတော့ မိမိတို့ ကိုယ်တိုင်လည်းပဲ သဒ္ဓါ ဝီရိယ သတိ ဓီတိ-ဆိုတဲ့ အရည်အချင်းများ မိမိတို့ရဲ့နှလုံးသားမှာ ပြည့်စုံအောင် ကြိုးစားကြဖို့ ဒီကနေ့ အလေးအနက် တိုက်တွန်း လိုပါတယ်။

ဒီကနေ့ခေတ် ပိဋကတ်သုံးပုံကို ထိန်းသိမ်း စောင့်ရှောက်တဲ့ နေရာမှာကတော့ Computer တို့ hard disk တို့ Ipad တို့ Iphone တို့ ခေတ်မှီတဲ့ နည်းပညာ စနစ်တွေနဲ့ ထိန်းကြတယ်။ သာသနာ ကြံ့ ကြံ့ ခိုင်ရေး ကြာရှည်စွာ တည်တံ့ရေးတို့ အတွက် အကျိုးကျေးဇူး အတော်အတန် များတယ်ဆိုတာ လက်ခံ ယုံကြည် ပါတယ်။

pessimistic point of view က ကြည့်ရင်တော့ သိပ္ပံပညာရဲ့ ထွန်းကားခြင်းကို ဆန့်ကျင်ဘက် ပြောလို ခြင်း မဟုတ်ပါဘူး။ သိပ္ပံပညာနည်းပညာတွေ Technologies တွေ ထွန်းကားလာတာဟာ advantages တွေ လောကမှာ အများကြီး ရှိတာ သိလို့ Disadvantages ဆိုတဲ့ အကျိုး မဲ့မှုတွေ အများကြီး ရှိနေတယ်ဆိုတာကို အားလုံး သတိ ပြုကြဖို့ လိုပေလိမ့်မယ်။

အဲ့ဒါကြောင့်... သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်တော်မူကြတဲ့ သံဃာတော်များနဲ့ သာသနာတော်ကို မြတ်နိုးတဲ့ ဒကာဒကာမတွေဟာ သာသနာတော်ကို ကွန်ပြူတာထဲမှာ ထည့်ထားရင် ပြီးရောဆိုပြီးတော့စိတ်ထဲမှာ ကျေနပ် မနေကြပဲနဲ့

နံပါတ်(၁)ကတော့ Preservation of Buddha Teaching နှလုံးသားထဲမှာ ထိန်းသိမ်းကြပါ။

နံပါတ်(၂)ကတော့ Promotion of Buddha Teaching ရရှိထားပြီးသော သင်ကြား ထားပြီးသော တတ်မြောက် ထားပြီးသော ဗုဒ္ဓရဲ့ အဆုံးအမတွေကို တိုးတက်ပြီးတော့ တိုးမြင့်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် နားလည်အောင် သင်ကြားကြပါ လို့လည်း တိုက်တွန်းလိုပါတယ်။

သင်ကြားရုံနဲ့လည်း မပြီးသေးပါဘူး။ လက်တွေ့ ကျင့်သုံးဖို့ရန်လည်း တိုက်တွန်းပါတယ်။

လက်တွေ့ ကျင့်သုံးရုံနဲ့ လည်း မပြီးသေးပါဘူး။ တတ်သိ နားလည်ဖို့ရန်လည်းပဲ အားလုံးကို တိုက်တွန်း လိုပါတယ်။

ဒါ့ကြောင့် Not only to be learn, but also to practice into practice, in to be realized လို့ ဒီသုံးချက်ကိုအလေးအနက်ထာ ပြီးတော့ ပြောလို ပါတယ်။

နောက်တစ်ခုကတော့ ဒီကနေ့ ကမ္ဘာကြီးဟာ အထူးသဖြင့် .. သိပ္ပံပညာနဲ့ နည်းပညာ ထွန်းကားပြီးတော့ စက်မှုလက်မှု ပညာတွေ စီးပွားရေးပညာတွေ အမြင့်ဆုံးအဆင့်သို့ ရောက်နေတဲ့ ဒီကနေ့ ကမ္ဘာမှာ အဲ့ဒီ အဆင့်မြင့်တဲ့ လူသားတွေ ကိုယ်တိုင်က ရေငတ်သလိုပဲ သူတို့မှာ တဏှာ၊ လောဘရဲ့ လှုံ့ဆော်မှုကြောင့် သူတို့ ရေငတ်နေကြတယ်။ အဲ့ဒါကို Thirsty Craving  လို့ ဆိုပါတယ်။

ကမ္ဘာသူ ကမ္ဘာသားတွေ Never Satisfied Nothing Satisfied ဘယ်လောက်ပဲ ရရ၊ ဘာကိုမှ ကျေနပ်နိုင်စွမ်း မရှိပဲ၊ကျေနပ်အားရခြင်း မဖြစ်ကြပဲနဲ့ နှလုံးစိတ်ဝမ်းမှာ ပူပန်နေကြတဲ့ ပူပန်မှုကို ငြိမ်းချမ်းအောင်လုပ်ပေးနိုင်တဲ့ အရာဟာ..ဗုဒ္ဓရဲ့ အဆုံးအမပဲ ဖြစ်တယ်ဆိုတာကို အနောက်တိုင်း ပညာရှင် ခပ်များများလည်း လက်ခံထားပြီးသား ဖြစ်ပါတယ်။

အဲ့ဒါကြောင့်.. တတိယ အရေးကြီးတဲ့ အလုပ် လုပ်ဖို့က To propagate the Buddha Teaching ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် မိမိတို့ သင်ကြား လေ့ကျင့် ထားတဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေကိုရေငတ်သလို ငတ်နေတဲ့ လူသားတွေရဲ့ နှလုံးသားထဲကို ဗုဒ္ဓအဆုံးအမ တစ်လုံးတစ်ပါဒ ရောက်လိုက်ရင် သူတို့ အငတ်ပြေ အဆာပြေပြီးတော့ Satisfied ကျေနပ်နှစ်သိမ့် သွားကြလိမ့်မယ်လို့ ဒီလို ဒို့များ ယုံကြည်မိတယ်။

အဲ့ဒါကြောင့် သာသနာပြု လုပ်ငန်းကြီးမှာ အဓိကကျတာ နိဂုံးချုပ် ပြောရမယ် ဆိုလို့ ရှိရင် (၄)ခု ရှိ ပါတယ်။

(1) Preservation of conservation of the Buddhism ဗုဒ္ဓဘာသာကို ထိန်းသိမ်း စောင့်ရှောက်ခြင်းလုပ်ငန်း၊

(2) Propagation of the Buddha teaching  ဗုဒ္ဓအဆုံးအမကို ဖြန့်ချီခြင်းဆိုတဲ့ လုပ်ငန်း၊

(3) Promotion of the Buddha Teaching ဗုဒ္ဓအဆုံးအမကို တိုးမြင့်ခြင်း၊ အဆင့်အတန်းမြင့်အောင် သင်ကြားပို့ချခြင်း ဖြန့်ချီခြင်းဆိုတဲ့ လုပ်ငန်း၊

(4) ပို၍ အရေးကြီးတာကတော့ တစိမ့်စိမ့်နဲ့ တခြားဘာသာတွေ စိမ့်ဝင်လာလို့ ကျဉ်းမြောင်း လာပြီဖြစ်တဲ့ ဗုဒ္ဓ နိုင်ငံတော်ကြီးကို ထိန်သိမ်းစောင့်ရှောက် ကာကွယ်ခြင်းဆိုတဲ့ .. Protection of the Buddha teaching  သာသနာ့တာဝန်ကြီး လေးရပ်ကို အင်တိုက်အားတိုက်

(၁) သံဃာတော်များ

(၂)တိုင်းသူပြည်သားများ

(၃) နိုင်ငံတော် အစိုးရအဖွဲ့များ

(၄) နိုင်ငံတော်အစိုးရရဲ့ လက်အောက်မှာ ရှိတဲ့ တပ်မတော်များ

အဲ့ဒီ အင်အားကြီး လေးရပ်တို့က သာသနာတော်ရဲ့ တာဝန်ကြီး(၄)ရပ်ကို တက်ညီ လက်ညီ အားလုံး ထမ်းဆောင်သွားကြပါ- ဆိုတဲ့ အကြောင်း ထမ်းဆောင် သွားနိုင် ကြပါစေဆိုတဲ့ အကြောင်းကို သီရိလင်္ကာ ဗုဒ္ဓနေ့ အခမ်း အနားကို တက်ရောက် နေဆဲ ဖြစ်တဲ့ ဆရာတော် အနေနဲ့ ဗုဒ္ဓနေ့နှုတ်ခွန်းဆက် စကားကို မိန့်ကြားလိုက်ရပါတယ်။

အားလုံး ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက် နိုင်ကြပါစေ ကုန်သတည်း။


ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး

No comments