New Artical

ပန်းသေပန်းညှိုးပြဿနာ အဖြေရှာ အပိုင်း (၁)

 

ပန်းသေပန်းညှိုးပြဿနာ အဖြေရှာ အပိုင်း (၁)

သေပန်းညှိုးဖြစ်တယ်လို့ပြောကြတဲ့ ပြဿနာက သိပ္ပံနည်းကျ တိတိ ကျကျ အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လိင်တံမမာတောင့်နိုင်ခြင်း၊ ဆေး ပညာဝေါဟာရအနေဖြင့် Erectile Dysfunction (ED) လို့ ခေါ်ပါတယ်။

သည့်ထက်ပိုပြီး တိတိကျကျ တစ်တစ်ခွခွပြောရရင်တော့ ယောကျာ်းတို့ရဲ့ လိင်တံက လိင်ဆက်ဆံမှုပြုလုပ်ရန် လိင်တံကိုမာတောင့်ထားခြင်းအမှု ကြာကြာ ထိန်းမထားနိုင်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ခဏတစ်ဖြုတ် မာတောင့်နိုင်သော်လည်း ကြာကြာ မထိန်းနိုင်ဘဲ ဖြေလျော့ခွေသွားတဲ့ ပြဿနာပေါ့။ ဒီပြဿနာကို မကုဘူး ဆိုရင် ကိုယ့်လူဟာ မိန်းမအင်္ဂါဇာတ်ထဲသို့ ထိုးသွင်းခြင်းပြုလုပ်ရန် အခက်အခဲ တွေ ကြုံတွေ့ရတော့မှာဖြစ်တယ်။ ဒီပြဿနာဟာ ကမ္ဘာပေါ်မှာ အမျိုးသား ငါးဦးလျှင် တစ်ဦးနှုန်း ခံစားနေရတာဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ ပိုပြီး များပြားလာလေ့ရှိပါတယ်။

ဒီနေရာမှာ ကာမဆန္ဒမရှိခြင်း (Poor Libido) နဲ့ ED နဲ့ ကွာခြားတယ်ဆိုတာ သိထားဖို့လိုပါတယ်။ အမျိုးသားတစ်ဦး လိင်ကိစ္စစွမ်းဆောင်ရည်ပြဿနာပုံစံအမျိုးမျိုး ရှိတဲ့အထဲမှာ ကာမဆန္ဒမရှိခြင်းနှင့် ဆန္ဒမပြီးမြောက်ခြင်း တစ်နည်းအားဖြင့် သုက်ရည်ထုတ် လွှတ်ခြင်း မပြုနိုင်ခြင်းတို့လည်း ပါဝင်ပါတယ်။
ED ကတော့ မာတောင်ခြင်း (Erection) ဖြစ်အောင် မလုပ်နိုင်ခြင်းနှင့် လုပ်နိုင်ရင်လည်း တာရှည် ထိန်းသိမ်းမထားနိုင်ခြင်းကို ဆိုလိုပါတယ်။
အမျိုးသားတစ်ဦးဟာ ကာမဆန္ဒရှိနေသော်ငြားလည်း ED ဖြစ်နိုင်တယ်။ စိတ်ကလာသော်လည်း ရုပ်ကမစွမ်းတော့ခြင်းဖြစ်တယ်။ အများစုသော ED ပြဿနာခံစားနေရသူတွေမှာ အခြေခံအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ပြဿနာတစ်ခုခုရှိနေတာကို တွေ့ရတတ်ပါတယ်။

ED ရဲ့ ဝေဒနာလက္ခဏာများ
(၁) မာတောင့်ခြင်းသည် ပျော့လွန်းသဖြင့် ထိုး သွင်းဆက်ဆံမှု မပြုလုပ်နိုင်ခြင်း၊
(၂) မာတောင့်ခြင်းက ခေတ္တခဏ လျှပ်တစ်ပြက်မျှသာ ကြာကြာခံတဲ့အတွက် ထိုးသွင်းဆက်ဆံမှု မလုပ်နိုင်ခြင်း၊
(၃) မာတောင့်ခြင်းအဖြစ်ကိုတောင် ရောက်မလာနိုင်ခြင်း
တို့ဖြစ်ပါတယ်။
ဒီနေရာမှာတော့ ED ရှိနေပြီလို့ ပြောချင်ရင် မာတောင့်မှုမပြုလုပ်နိုင်ခြင်း၊ တာရှည်မထိန်း သိမ်းနိုင်ခြင်း၊ ထိုးသွင်းဆက်ဆံမှု ပြီးပြည့်စုံသည် အထိ မလုပ်ဆောင်နိုင်ခြင်းဖြစ်လျှင် ခေါ်နိုင်ပါ တယ်။

ဘယ်သူတွေ ပန်းသေတတ်သလဲ
အမျိုးသားတွေ အသက် အရွယ်ကြီးလာသည်နှင့် အမျှ ED ခံစားရမှု ပိုပြီးများလာလေ့ရှိတယ်။ အသက် ၄၀ မှ ၇၀ နှစ်အကြား ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ ခံစားရတတ်တယ်။
ဒါပေမဲ့ ဒီနေရာမှာ ပြောချင်တာက အသက်အရွယ်ကြီး
လာခြင်းသည် ကိုယ့်လူရဲ့ လိင်ဆက်ဆံမှုဘဝ အဆုံးသတ်သွားပြီလို့
ဆိုလိုခြင်းမဟုတ်ပါ။ EDကို ဘယ်အရွယ်မှာပဲဖြစ်ဖြစ် ကုသလို့
ရပါတယ်။ အထူးသဖြင့် ED ဟာ စပိန်မျိုးနွယ်တွေမှာ ပိုပြီးအဖြစ်များ တယ်။ ဆီးချိုသွေးချိုရောဂါရှိသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ သွေးတိုး ရောဂါရှိသူတွေမှာလည်း အဖြစ်များတယ်။ သုတေသန ပြုလုပ်ချက်များ အရ အာဖရိကန်နွယ်ဖွား အမေရိကန်အမျိုးသားများဟာ ED ဖြစ်လို့ ဆေးကုသမှုခံယူရတဲ့နှုန်း နှစ်ဆပိုများတယ်။

ED ဖြစ်ပွားပုံ ယ္တရား
လိင်တံမာတောင့်ခြင်း ဆိုသည်မှာ လိင်တံ၏အတွင်း၌ ရှိသော Corpora Cavernosa ဆိုတဲ့ အိတ်ကလေးတွေထဲကို သွေးတွေ ပြည့် လာခြင်းကြောင့် လိင်တံတစ်ခုလုံး ဖောင်းကားကြီးထွားလာပြီး မာ တောင့်ခြင်းဆိုတာ ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ လေပူဖောင်းထဲကို လေဖြည့်လိုက်တဲ့အခါ ဖောင်းကား လာသလိုပဲပေါ့။ ဒီဖြစ်စဉ်ယန္တရားက ဘယ်ကစသလဲဆိုရင် ဦးနှောက်က စတယ်။ ကိုယ့်လူရဲ့ ဦးနှောက်က ဆန့်ကျင်ဘက်လိင်အင်္ဂါကို မြင်တွေ့ ခံစားလို့ပဲ ဖြစ်ဖြစ်၊ ကာမရာဂ နှိုးဆွ ပေးသော စာဖတ်ရခြင်း၊ ပုံမြင်ရခြင်း၊ ရုပ်ရှင်ကြည့်ရခြင်းကြောင့် ဦးနှောက်က လိင် စိတ်တွေ နိုးကြားလာတယ်၊ ပြီးတော့ အာရုံ ကြောမကြီးက တစ်ဆင့် သတင်းပို့ လွှတ်လိုက်တယ်။ အဲဒီသတင်းပို့လွှတ်မှုတွေက လိင်အင်္ဂါအာရုံခံ နာဗ်ကြော များကိုရောက်လာတဲ့အခါ အိတ်ကလေးများထဲကို ဝင် လာမဲ့ သွေးလွှတ်ကြောများအား ပွင့်သွားစေတဲ့အတွက် သွေးတွေ စီးဝင်လာကာ လိင်တံဖောင်းကားလာခြင်းဖြစ်ပါတယ်။ ဒီသတင်းပေးပို့ချက်တွေကို တစ်ခုခုက ပိတ်ဆို့လိုက်ရင် သို့မဟုတ် လိင် တံကိုသွားတဲ့ သွေးစီးဆင်းမှု အကန့်အသတ်နဲ့ ဖြစ်သွားရင် သွေးတွေ ဝင်မလာတော့ဘဲ ED ဖြစ်လာတော့တာပေါ့။
ဆက်ရန်

ဒေါက်တာဇီဝတင်

No comments