New Artical

မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ခြင်းနှင့် ပတ်သက်သည့် အယူအဆအမှားများ


မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ခြင်းနှင့် ပတ်သက်သည့် အယူအဆအမှားများ

လူအများစုက (ကျားဖြစ်စေ၊ မဖြစ်စေ) အရွယ်ရောက်လာပြီးရင် မသင်ဘဲ အလိုလို တတ် မြောက်လာလေ့ရှိတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတစ်ခုကတော့ လိင်ဆန္ဒနိုးကြားလာမှုကို မိမိဘာသာ အာသာပြေအောင် ဖြေဖျောက်လေ့ရှိတဲ့ ကိစ္စပါပဲ။ အင်္ဂလိပ်လိုတော့ Masturbation လို့ခေါ်ပါ တယ်။
မိမိဘာသာ တစ်ကိုယ်တော် လိင်ဆန္ဒအာသာဖြေဖျောက်ခြင်း အလုပ်သည် ကျန်းမာရေးနှင့် မညီညွတ်ဘူးလို့ လူအများစုက ယူဆထားကြပါတယ်။ သိပ္ပံနည်းကျလေ့လာမှုအရ အဲဒါ မမှန်ပါ ဘူး။ ကောင်းတဲ့အချက်တွေ အများကြီး ရှိပါတယ်။ လိင်ဆန္ဒဖြေဖျောက်ခြင်းဟာ ပုံမှန် ရုပ်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည် တစ်ရပ်ပါပဲ။
လူတွေ ရေချိုးခန်းသို့သွားခြင်း သို့မဟုတ် လေကောင်းလေသန့်ရှူခြင်းတို့လိုပဲ။ ဒါဟာ သဘာဝကိစ္စတစ်ခုသာလျှင်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ပင်စီဘေးနီးယားပြည်နယ် အခြေစိုက် လိင်ဘက်ဆိုင်ရာ ဆေးပညာ ဒါရိုက်တာတစ်ဦးက ဆိုခဲ့ပါတယ်။
သို့တိုင်အောင် အချို့သောသူတွေအဖို့ကတော့ လိင်ဆန္ဒဖြေဖျောက်ခြင်းနှင့်ပတ်သက်ပြီး stigma လို့ခေါ်တဲ့ အမည်းစက်ထင်နေမှုတွေ ရှိနေပါသေးတယ်။ အဲဒါကတော့ လွဲမှားသော သတင်းအချက်အလက်များနှင့် များလှစွာသော လိင်ဆန္ဒဖြေဖျောက်ခြင်းဆိုင်ရာ အယူအဆ မှားများကြောင့် ဖြစ်ပါတယ်။

အယူအဆအမှား (၁)
အချစ်သံယောဇဉ်ရှိနေတဲ့ လူတွေ မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ခြင်းမရှိ
တကယ့်အဖြစ်မှန်ကတော့ လူတစ်ယောက် တွင် တစ်ကိုယ်တည်း အထီးကျန်နေသူ ဖြစ်စေ၊ ချစ်သူရည်းစား သံယောဇဉ်ဖြစ်နေမိသူ ရှိနေသည့် သူ တစ်ဦးဖြစ်စေ၊ တစ်ကိုယ်တော်ဖြေဖျောက်ခြင်း ပြုလုပ်လေ့ရှိတယ်လို့ ဖီလာဒဲလ်ဖီးယားက ကာမ သျှတ္တရပါရဂူ တစ်ဦးက ဆိုခဲ့ပါတယ်။ အချို့သော သူများက သူတို့ရဲ့ အဖော်ဖြစ်သူ လိင်ဆန္ဒဖြေ ဖျောက်ခြင်း ပြုလုပ်လျှင် သူ သို့မဟုတ် သူမအား နောက်ပြောင်ပြက်ရယ်ပြုနေတယ်လို့ ခံစားရတဲ့ အတွက် သဝန်တိုတတ်ကြပါတယ်။ ဒါမှမဟုတ် သူတို့ ရဲ့မိတ်ဖက်အဖော်က သူ သို့မဟုတ် သူမနဲ့ အိပ်ရာထဲမှာ အတူအိပ် လိင်ဆက်ဆံခြင်း ပြုလုပ် ရတဲ့အရသာကိုမလုံလောက်သောကြောင့် ကျေနပ် အားရမှုမရှိခြင်းကြောင့်လို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ လူတိုင်းမှာ အမျိုးမျိုး ကွဲပြားခြားနားသော လိင်ဆန္ဒ
(Sexual Desire) ပမာဏ အမျိုး မျိုးရှိကြပါတယ်။ အားလုံးဟာ လုံးဝ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဒါဟာ ပုံမှန်ပါပဲ။ သူတို့ဟာ လိင်ဆန္ဒဖြေဖျောက်မှုကို ပြုလုပ်ကြပါတယ်။

အယူအဆအမှား (၂)
အမျိုးသားများ မိမိဘာသာ လိင်ဖြေဖျောက်မှုအလွန်အကျွံပြုလုပ်လျှင်
ပန်းသေပန်းညှိုး ဖြစ်သွားတတ်သည်
ဒါလည်း မှားပါတယ်။
အဖြစ်မှန်က ဒီလိုပါ။
ပန်းသေပန်းညှိုးပြဿနာ (လိင်တံမမာတောင့် နိုင်ခြင်း)ဟာ မိမိဘာသာ လိင်ဖြေဖျောက်ခြင်းကြောင့် ပေါ်ထွက်လာသော ရလဒ် မဟုတ်ပါ။
ဖြစ်နိုင်ခြေရှိတာကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မကြာခဏ လိင်ဆန္ဒဖြေဖျောက် ခြင်းကြောင့် သူ သို့မဟုတ် သူမဟာ အသုံးပြုတဲ့ သူ့လက်ကိုပဲဖြစ်စေ အမျိုးသမီးဆိုရင် တုန်ခါမှုဖြင့် ဖြေဖျောက်တဲ့စက် (Vibrator) ဖြစ်စေ စွဲသွားပြီး အဲဒါနဲ့ပဲ ဖြေဖျောက်ချင်စိတ်ဖြစ်လာနိုင်တာပါပဲ။ အဲဒီလိုလုပ်ရမှကျေနပ်နှစ်သိမ့်မှုဖြစ်တတ်ခြင်းပါပဲ။ ဒါ့ကြောင့် အဲဒီခံစားမှုအတွေ့အကြုံကို နှစ်သက်တဲ့အလေ့အထဖြစ်သွားပြီဆိုရင် အဲဒီသူ သို့မဟုတ် သူမသည် Orgasm ခေါ် လိင်ဆန္ဒပြီးမြောက်မှုအတွက် မိတ်ဖက်အဖော်နဲ့ ထိုးသွင်းဆက်ဆံမှုလုပ်ရတာ ကိုတောင် မကျေနပ်တော့ဘဲ မပြီးမြောက်နိုင်ဘဲ ဖြစ်လေ့ရှိခြင်းပါပဲ။

အယူအဆအမှား (၃)
မိမိဘာသာလိင်ဆန္ဒဖြေဖျောက်ခြင်းသည် လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၏ ပုံမှန်အစိတ်အပိုင်း တစ်ရပ်မဟုတ်
ဒါလည်း မှားပါတယ်။
ဆယ်ကျော် သက် ( ၁၄ နှစ်မှ ၁၇ နှစ်ကြား) အယောက်၈၀ဝကျော်ကို လေ့လာသုတေသနပြုချက်အရ ယောကျာ်းကလေးများ၏ ၇၄ ရာခိုင်နှုန်းနှင့် အမျိုးသမီးလေးများ ၄၈ ရာခိုင်နှုန်း ကျော်တို့သည် မိမိဘာသာလိင်ဆန္ဒဖြေဖျောက် လေ့ရှိကြောင်း တွေ့ရှိထားရပါတယ်။ ဒါဟာ ကောင်းတဲ့အပြုအမူပဲ။ အသက်အရွယ်မရွေး မိမိ ဘာသာ လိင်ဆန္ဒဖြေဖျောက်ခြင်းသည် လုံးဝ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဟု ကာမသျှတ္တရ ဆရာမတစ်ဦးက ပြောပြပါတယ်။

အယူအဆအမှား (၄)
မိမိဘာသာလိင်ဆန္ဒဖြေဖျောက်ခြင်းကြောင့် ကျန်းမာရေးအကျိုး ကျေးဇူးမရှိ
ဒီအချက်လည်း မှားယွင်းပါတယ်။
မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ခြင်းကြောင့် ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။ ပို၍အိပ်ကောင်းခြင်း၊ စိတ်ဖိစီးမှုနည်းခြင်း၊ တင်းကျပ် နေသော စိတ်တွေပြေလျော့သွားခြင်း၊ ခေါင်း ကိုက်ခဲမှုနည်းခြင်း၊ အာရုံစူးစိုက်မှု ပိုကောင်းလာ ခြင်း၊ မိမိကိုယ်ကို ပို၍ လေးစားတန်ဖိုးထားမှု ရှိလာ ခြင်း၊ ပို၍နုပျိုသော ရုပ်သွင်ပြင်ရရှိလာခြင်း၊ ပို၍ကြံ့ ခိုင်လာခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။
ဒါ့အပြင် အထူးသဖြင့် အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပိုရှိပါတယ်တဲ့။ အသက်အရွယ်ကြီးရင့်သော အမျိုးသမီးများတွင် မိန်းမကိုယ်ခြောက်သွေ့သည့်ပြဿနာ Vaginal Dryness နည်းပါးခြင်းနှင့် လိင်ဆက်ဆံချိန် တွင် နာကျင်မှု နည်းပါးသွားခြင်းတို့ ဖြစ်ပါတယ်။

အယူအဆအမှား (၅)
သင် မိမိဘာသာ လိင်ဖြေဖျောက်မှု အများကြီး လုပ်နိုင်သည်
အဲဒါကျပြန်တော့လည်း မှားနေပြန်ပါတယ်။
လိင်ဆန္ဒဖြေဖျောက်ခြင်းသည် သင်ရဲ့ ဇနီး၊ သို့မဟုတ် ခင်ပွန်းနဲ့ ရင်းနှီးဆက်ဆံမှုပြဿနာ တွေရှိနေတဲ့အခါ လွတ်မြောက်ရာ လွတ်မြောက် ကြောင်း ဆောင်ရွက်ရင်းနဲ့ အလွန်အကျွံ ဖြစ်သွားလေ့ရှိပါတယ်။ တကယ်လို့ လိင်ဆန္ဒဖြေ ဖျောက်မှုများလာပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာမယ်ဆိုရင် သိုမဟုတ် တကယ့် လိင်ဆက်ဆံမှု ဘဝအတွေ့အကြုံများကို အစားထိုးတဲ့သဘောမျိုးဖြင့် ပြောင်းသွားခဲ့သူဆိုခဲ့ရင်တော့ မကောင်းပါ။
ဒီ့ထက်ပိုပြီးတော့ပြောရရင် မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ခြင်းက ရုပ်ပိုင်းဆိုင်ရာ အနာများ၊ စိတ်ခံစားမှုဆိုင်ရာ ပြဿနာများ၊ သင့်ရဲ့ ဇနီး သို့မဟုတ် ခင်ပွန်းနဲ့ ပြဿနာများ သို့မဟုတ် အလေ့အထကြီးလို စွဲလမ်းနေတဲ့ ပြဿနာများ ဖြစ်လာပြီဆိုရင်တော့ အလွန်အကျွံပြုလုပ်ခြင်း သည် မကောင်းတော့ပါ။ တချို့ဆိုရင် မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ခြင်း ပြုလုပ်နေစဉ်တွင် လက်ဖြင့်နှိုးဆွပွတ်သပ်ပေးသည့် အပြုအမူကသာ Orgasm ဖြစ်သည်အထိ ဆောင်ရွက်ပေးနိုင်သည်ဆိုလျှင် လက်တွေ့လိင်ဆက်ဆံ ခြင်းကို မကျေနပ်ဘဲ ဖြစ်သွားတတ်ပါတယ်။
ဖော်ပြပါပြဿနာတွေ ကြုံတွေ့ လာရပြီဆိုရင် တော့ သင့်အတွက် အလွန်အကျွံဖြစ်နေပြီ ဆိုတာ ပြသတဲ့ လက္ခဏာပါပဲ။ လျှော့ရပါ မယ်။

အယူအဆအမှား (၆)
လူတို့သည် အထီးကျန်ဖြစ်သည့်အခါမှသာ မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ကြသည်
ဒါလည်းမှားပါတယ်။
အချို့သူများဆိုလျှင် လိင်ဆန္ဒ ဖြေဖျောက်ခြင်း ကို အတူတကွ ပြုလုပ်ကြတာတောင် ရှိပါတယ်။ အချို့စုံတွဲများက သူတို့ရဲ့လိင်ဆက်ဆံမှု ပြုလုပ် ခြင်းလုပ်ငန်းစဉ်တွင် လက်ဖြင့်ဖြေဖျောက် ပေး တဲ့အမှုကို တစ်စိတ်တစ်ပိုင်းဖြစ်အောင် ဆောင်ရွက် ပေးကြတာ ရှိပါတယ်။
အချို့စုံတွဲတွေကျတော့လည်း တစ်ယောက် လက်ဖြင့်ဖြေဖျောက်မှုပြုလုပ်နေတာကို စောင့် ကြည့်ရင်း သာယာတတ်ကြတယ်။ အချို့ကျ တော့လည်း ထိုးသွင်းဆက်ဆံမှုပုံစံတွေ အမျိုး မျိုးပြောင်းပြီး ဆောင်ရွက်ပြီးတဲ့နောက် သူတို့ ဘာသာသူတို့ လက်ဖြင့် ဖြေဖျောက်ခြင်းဖြင့် Orgasm ရအောင် ပြုလုပ်လေ့ရှိကြတယ်။
အပြန်အလှန်လက်ဖြင့် ဆန္ဒဖြေ ဖျောက်ပေးခြင်းသည်လည်း ဇနီး သို့မဟုတ် အိပ်ဖော်အိပ်ဖက်အမျိုးသမီးကို ကိုယ်ဝန်မရအောင် ကာ ကွယ်ရန်အတွက် ဘေးကင်း စိတ်ချရသော နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

အယူအဆအမှား (၇)
မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်လျှင် မျက်စိကန်းတတ်သည်
ဒါလည်း အဓိပ္ပာယ်မရှိတဲ့ ယူဆချက်ပါ။
လိင်ကိစ္စဆိုတာ မျိုးပွားဖို့ အတွက်သာလျှင်ဖြစ်တယ်။ မိမိ ဘာသာ လိင်ဖြေဖျောက်ခြင်းက မျိုးပွားနိုင်ခြင်းမရှိတဲ့အတွက် ဒီ အလုပ်ကိုလုပ်ရင် ပြဿနာတွေ ပေါ်လာလိမ့်မယ်။ ရူးသွားနိုင်တယ်။ တီဘီရောဂါဖြစ်လိမ့်မယ်။ ခြေဖဝါး၊ လက်ဖဝါးတွေ အမွေး အမှင်ပေါက်လာလိမ့်မယ်။ မျက်စိ ကန်းသွားနိုင်တယ်။ သေသွား နိုင်တယ် စသဖြင့် အယူအဆ အမှားတွေ တစ်ပြုံကြီးရှိပါတယ်။ အားလုံးမှားပါတယ်။

 

ဒေါက်တာဇီဝတင်

No comments