New Artical

လူတစ်ယောက်ရဲ့ရင့်ကျက်မှု့

 

ဆရာကြီး ဦးအောင်သင်းပြောပြတဲ့ လူတစ်ယောက်ရဲ့ရင့်ကျက်မှု

လူတစ်ယောက် ရင့်ကျက်တယ်  မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှစ်ခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ ကျနော်အကြိုက်ဆုံးကတော့  ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့ စကားလေး

" ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ " တဲ့

ဆရာပြောမှ ရှင်းသွားတယ်  ရည်းစားထားစဆို  တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ်  ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ် ကြာလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ် ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ် ကြီးလာတော့ ဒါတွေနည်းသွားတယ် ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ အလုပ်မှာလည်း ဒီလိုပဲ မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး ငါ ဒီလောက်လုပ်ပေးရက်နဲ့  ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုလို့ တွေးတတ်ကြတယ် ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ် ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ  မပြတ်သားလိုက်တာ  ပျော့လိုက်တာ စသဖြင့်  အပြစ်တင်မိတတ်တယ် အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့် ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့

အဲ့လိုမဟုတ်ဘဲ  အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးဘဲ ပြောရမှာပါပဲ ကိုယ်ချင်းစာတယ်ဆိုတာ  EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ် ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း  တော်တော်လေး ပြောလာကြပြီ

ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ  ကိုယ်ဘယ်လောက်  တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲ ဆိုတာက မယုံမရှိပါနဲ့  တစ်ချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။

"  ဒါဆို သင် ရင့်ကျက်လာပြီ "

ငယ်ငယ်တုန်း ကတော့ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့ ယုံကြည် ခဲ့ ဖူးပါတယ် လက်တွေ့ ဘဝ မှာတော့ ဘာတွေကို ကြိုးစား ရမယ်ဘာတွေကို လျစ်လျှူ ရှု တတ်ရမယ် ဆိုတာ  သဘောပေါက် သွားခဲ့ပြီ ဒါဆို သင် ရင့်ကျက်လာပြီ။

အရှုံး ဆိုတာ နာကျင် စရာ မဟုတ်သလို အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ အရှုံးတွေနဲ့ မကြာခဏ ဆိုသလို ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့ တံဆိပ်ကပ် မခံရအောင် သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ ဒါဆို သင် ရင့်ကျက်လာပါပြီ။

ဟိုးတုန်းက သင်ယူတယ် ဆိုတာ ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ် နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ အသုံးခံဖို့ မျှဝေဖို့ စတဲ့  အကြောင်းအရင်းတွေနဲ့ သင်ယူ လာတယ် ဒါဆို သင် ရင့်ကျက်လာပြီ။ ၀မ်းနည်း နေပေမယ့် ပြုံးနေမိတယ် ရင်ထဲ ဝမ်းသာပေမယ့် တည်ငြိမ်အောင် နေနေ ပါ တယ် ဒါဆို သင် ရင့်ကျက်လာပြီ။

လူဆိုတာ အကောင်းနဲ့အဆိုး ရောနေတဲ့ သူတွေ မှန်း သိလာရတယ် ဒါပေမယ့် ကောင်းတဲ့အချက်တွေကိုပဲမြင်အောင်ကြည့်ပြီး ဆိုးတာတွေကို လျစ်လျူ ရှု တတ်လာ ပါမယ် ဒါဆို သင် ရင့်ကျက်လာပြီ။ အစပိုင်းမှာလူတွေ သတ်မှတ် ထားတဲ့ အောင်မြင်မှုကို ရှာတယ် နောက်ပိုင်း မှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှုကိုပဲ ရှာတော့တယ် ဒါဆို ရင့်ကျက်လာပြီ။

ဘယ်အချိန်မှာ ပြောရမယ် ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊ သင်ကောင်းကောင်း သိလာပြီဒါဆို သင် ရင့်ကျက်လာပြီ။ လူတွေရဲ့ စကားကို ဂရု မစိုက်တတ်ဘူး ဒါပေမယ့် ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့ ဂရုစိုက် တတ်လာပြီ ဒါဆို ရင့်ကျက်လာပြီ။

အဆိုးတွေ နဲ့ ကြုံရတိုင်း ဝမ်းမနည်း တတ်တော့ဘူး ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာသိသွားပြီ ဒါဆို သင် ရင့်ကျက်လာပြီ။

ဆရာကြီး ဦးအောင်သင်း

No comments