New Artical

အမြတ်ဆုံးသော ဒါနရှင်


 အမြတ်ဆုံးသော ဒါနရှင်

ကိုယ့်ရဲ့ခံစားချက်ထက် ဗုဒ္ဓဘာသာရဲ့အနှစ်သာရကို ဗုဒ္ဓဘာသာဝင်တွေ အတွင်းကျကျသိစေရန်နှင့် မိမိဘာသာအပေါ် ပိုမိုသက်ဝင်ယုံကြည်လာစေရန်အတွက် ကျွန်တော်တတ်စွမ်းသလောက် နေ့စဥ် "ဓမ္မဒါန" ပြုနေခြင်းသာဖြစ်ပါတယ်။ ဓမ္မဒါနကုသိုလ်က ဘာတွေလဲမေးစရာရှိတယ်နော်၊ အောက်မှာရေးပေးထားပါတယ်။
  • ၁။ ဒါနကထာ သီလကထာ သဂ္ဂကထာ စသည်တို့ကိုဟောပြောသဖြင့်လည်းကောင်း၊
  • ၂။ သာသနာတော်ကို မကြည်ညိုကုန်သေးသော သူတို့အားကြည်ညိုစေအောင်၊
  • ၃။ သရဏဂုံ မဆောက်တည်သော သူတို့အားဆောက်တည်စေအောင်၊
  • ၄။ သီလ မဆောက်တည်သောသူတို့အားဆောက်တည်စေအောင်၊
  • ၅။ မလှူသူတို့အား လှူစေလိုအောင်၊
  • ၆။ တရားမနာသေးသူတို့အား တရားနာဖြစ်အောင်တိုက်တွန်းနှိုးဆော်ခြင်း
စသည်တို့သည်ဓမ္မဒါနမည်ပါတယ်။
(မဟာသုတကာရီ မဃဒေဝ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅ဝ၇၊ စာမျက်နှာ ၄ဝ၆ နှင့် ဓမ္မပဒတွင်ပါရှိသည့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသော ဒါနတို့တွင် ဓမ္မဒါနသာလျှင် အမြတ်ဆုံးဆိုသည့်အတိုင်း) စကြာဝဠာ တစ်တိုက်လုံး ဗြဟ္မာပြည်အထိ အပြည့်အကျပ်ရှိနေသည့် ဘုရားပစ္စေက ဗုဒ္ဓါ၊ ရဟန္တာ အရှင်မြတ်တို့ကို တစ်ပါးလျှင် သင်္ကန်းတစ်စုံကျစီ လှူဒါန်းခြင်းသည် လေးပါဒရှိသော မြတ်စွာဘုရား ​ဟောကြားတော်မူသည့် ဗုဒ္ဓရဲ့အနှစ်သာရကို သင္ကြားပြသ ဖြန့်ဖြူးရသည့် ဓမ္မဒါနကုသိုလ်၏ ၂၅၆ စိတ် စိတ်လျှင် တစ်စိတ် ကိုမျှ မမှီနိုင်ပါ၊ ထို့ကြောင့့်် ဓမ္မဒါန ပြုသူများသည် အမြတ်ဆုံး ဒါနရှင်ကြီးများဖြစ်နိုင်ပါသည်။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏တဲ့....။

No comments