New Artical

သုံးထပ်သားပေါင်း


 သုံးထပ်သားပေါင်း

°°°°°°°°°°°°°°°°°


သုံးထပ်သား................၅ဝကျပ်သား

ချင်း...........................၂တက်

ကြက်သွန်ဖြူ.................၅တက်

နာနတ်ပွင့်...................၂ပွင့်

နံနံပင်အမြှစ်................၁ဝခု

ငရုတ်ကောင်းအမည်းစေ့.. ၁၀ စေ့ခန့်

ဟင်းချက်ဝိုင်.................၂ဇွန်း

သကြား.......................၁ ဇွန်း

မြင်းပျံပဲငံပြာရည်...........၂ဇွန်း

ပဲငံပြာရည်အပျစ်............၁ဇွန်း


သုံးထပ်သားတွေကို(၁၅)ကျပ်သားအရွယ်ခန့်

အမြှောင်းရှည်လှီးဖြတ်ပြီး ဆား၊ ပဲငံပြာရည်အပျစ်၊ မြင်းပျံပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊တရုတ်မဆလာမှုန့်(Five spices powder)

တို့ဖြင့်နယ်ပြီး(၁၅)မိနစ်ခန့်နှပ်ထားပါ။


နာနတ်ပွင့် ကိုမီးကင်ပြီးဓားပြားရိုက်ထားပါ။


ချင်း၊ ကြက်သွန်ဖြူ ၊ နံနံပင်အမြှစ် ၊ ငရုတ်ကောင်းစေ့တို့ကိုခပ်ကြမ်းကြမ်းထောင်းပါ။


အသားနယ်ထားချိန်ပြည့်ပြီဆိုပါကဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးသကြား

(၂)ဇွန်းခန့်ထည့်ပါ။


သကြားတွေပျော်ပြီးအညိုရောင်ပြောင်းလာလျှင်ထောင်းထားတဲ့ချင်း၊ကြက်သွန်ဖြူ အရောကို

ဆီသပ်ပါ။


အနည်းငယ်မွှေးပြီးနွမ်းလာလျှင်နယ်ပြီးနှပ်ထားတဲ့သုံးထပ်သားတွေထည့်မွှေပါ။


သုံးထပ်သားမြှောင်းတွေအပေါ်ယံကြောတင်းမာလာပြီဆိုရင် pressure အိုးထဲပြောင်းထည့်ပါ။


မီးကင်ထားတဲ့နာနတ်ပွင့်ကိုဓားပြားရိုက်ပြီးထည့်ပါ။(၁၅)မိနစ်ခန့်နှပ်ချက်ချက်ပါ။


နှုးသွားပြီဆိုရင် ဆယ်ယူစစ်ထုတ်ပြီး ပါးပါးလှီးကာမိမိနှစ်သက်တဲ့ချဉ်ငံစပ်ရည်ဖြင့်တွဲဖက်ပါ။


Crd.winnaingthein 

No comments