New Artical

ပဲခူးမြို့ စကားဝါမြေ ကျီးတောင်တောရမှ သာသနာပြု မြွေမယ်တော်ကြီး စောနန်းဝေ

 ပဲခူးမြို့ စကားဝါမြေ ကျီးတောင်တောရမှ သာသနာပြု မြွေမယ်တော်ကြီး စောနန်းဝေ


ပဲခူးမြို့ စကားဝါမြေ ထူးမခြားနား ကရုဏာ ကျီးတောင်တောရ မြွေဘုရားကျောင်းတိုက် အတွင်းရှိကျီးတောင်ဆရာတော်ကြီးနှင့်အတူ သာသနာပြုရန် အတွက် သိုက်နန်းရှင်မြွေမယ်တော်ကြီးစောနန်းဝေဟာ၁၃၆၁ခုနှစ် တပေါင်းလဆန်း( ၁ ) ရက်နေ့မှာမိုင်ပေါင်း( ၁၄၀၀ )လောက် ကွာဝေးလှတဲ့ ရှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ်က ရှေးဟောင်း သမိုင်းဝင် ဘုရားတဆူ ဖြစ်တဲ့ဘော်ကြိုအမည်တပ် မြတ်ပရမေဘုရားမှ(၃)နှစ်(၃)မိုး(၃)လခန့်ကြာသောခရီးဖြင့်သာသနာပြုရန် ရန်ကုန်မြို့ သာကေတမြို့နယ် မှ "ဒေါ်ကျင်ရွှေ"နေအိမ်သို့ရောက်ရှိခဲ့ပါတယ်။ထိုအခါက လူသူအများက စိုးရိမ်ထိတ်လန့်ကြကာ လှော်ကား (သို့မဟုတ် ) တိရိစ္ဆာန်ဥယာဉ်သို့ပို့ဆောင်ရန်အကြံပြုကြပါတယ်။ထိုသို့ပြုလုပ်ရန်အတွက် ဆက်သွယ်ဆောင်ရွက်နေစဉ်မှာပဲ (၁၅) နှစ်မျှရှိသေးသောအမျိုးသမီးငယ်လေးကို ဝင်ရောက်ပူးကပ်ပါတော့တယ်။ လူကြီးသူမများကလဲ "မြွေကြီးသင်၏ နောက်ကြောင်းရာဇဝင်ကိုပြောပြပါဦး"ဟုဆိုလေသည်။
ထိုအခါ"ငါသည်လွန်ခဲ့သောနှစ်ပေါင်း(၆၀၀)ကျော်တုန်းက မိန်းမငယ်ဘဝနဲ့ အန္တရာယ်အမျိုးမျိုးနဲ့ကြုံခဲ့ရပြီး ပြေးမိပြေးရာ ပြေးလေ ရာ(ယခုကျီးတောင်တောရ) နေရာတွင် ရသေ့ ကြီးတပါးရဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်ခဲ့ရပါ သည်။တနေ့သောကာလမှာ ရသေ့ကြီးတားမြစ်ထားသောနေရာမှ ကျော်လွန်ကာ စား သောက်ဖွယ်ရာ ရှာလေရာ ရန်သူလက်ချက်ဖြင့် အသက်ဆုံးရှုံးရလေသည်။ထို့ကြောင့်အမျက်ဒေါသထွက်ကာ ရန်သူကို ပြန်လည်ချေပချင်သော စိတ်ကြောင့် သိုက်မြွေဘဝ ရောက်ခဲ့လေသည်။ ထိုဘဝမှ သာသနာပြုရန်ထွက်ခဲ့ချိန်မှာ လမ်းခရီးတွင်အကြိမ်ကြိမ်အသတ်ခံခဲ့ရလေသည်။
ပထမအကြိမ်မှာလမ်းတွင်အသတ်ခံရသည်။ဒုတိယအကြိမ်မှာစထွက်ထွက်ခြင်းအသတ်ခံရသည်။ တတိယအကြိမ်မှာ လမ်းတဝက်တွင်အသတ်ခံရသည်။စတုတ္တအကြိမ်မှာလမ်းတွင်း(မိုင်း)မိ၍ သေဆုံးခဲ့ရသည်။ထိုသို့မကြိမ်ကြိမ် အခါခါသေဆုံးခဲ့ရသည်ကိုပြန်လည်ဆန်းစစ်ရာသာသနာပြုရန်သွားစဉ်ဘေးအန္တရာယ်အမျိုးမျိုးကြုံနေရသည်မှာကိုယ်ခန္ဓာမသန့်ရှင်းခြင်းကြောင့်ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရသည်။ယခုအကြိမ်တွင် ရှမ်းပြည်နယ် သီပေါမြို့ဘော်ကြိုဘုရားမှသာသနာပြုရန်အတွက်ဆုတောင်းပြီး အပျိုစင်ဘဝကိုထိန်းသိမ်းကာ တစ်ကိုယ်ရည်တစ်ကာယ အပျိုကြီးဘဝနဲ့ ထွက်လာခဲ့ခြင်း ဖြစ်သည်။အန္တရာယ်များကို ရင်ဆိုင်ကာ သာသနာပြုစ်ိတ်ဓာတ်ဖြင့် မိုင်ပေါင်း( ၁၄၀၀ ) ဝေးကွာသော ခရီးကို တနေ့(၂ )နာရီနှုန်းဖြင့် (၃)နှစ်( ၃ )မိုး ( ၃ )ရက်မျှ ခရီးဆက်ခဲ့ရကြောင်း မိမိအားဘုန်းကြီးကျောင်းသို့ပို့ပေးပါရန်အား ဝင်ရောက် ပူးကပ်နေသော ကလေးငယ်မှ ပြောလေသည်။ "
ထိုအခါအနားရှိလူအများကလဲ"ကဲ ဒါဆို ဘယ်ကျောင်းလဲပြော ကျောင်းတွေကအများကြီးရယ်" ဒီတော့ သူက"ဒီကကျောင်းတွေမဟုတ်ပါဘူး ပဲခူးမြို့ကကျီးတောင်ကျောင်းပို့ပေးပါ" လို့ဆိုသတဲ့။ ဒီလိုနဲ့နောက်နေ့မှာ ပဲခူးမြို့မှာ လာရောက်ရှာဖွေရာ ၁၃၆၁ခုနှစ်တပေါင်းလဆန်း၂ရက်နေ့ ညနေလေးနာရီထိ ရှာမတွေ့နိုင်စိတ်ပျက်အားလျော့နေရင်း ဆက်လက်ရှာဖွေရာညနေ၆နာရီလောက်မှာတွေ့ရှိပါတော့တယ်။
ထို့နောက်ဆရာတော်အား အလုံးစုံလျှောက်ထားသောအခါ ဆရာတော်မှာအထိတ်တလန့်အံ့သြစွာဖြစ်ရပါတော့တယ်။
 ဆရာတော်လဲတွေ့ဆုံရန်သာကေတသို့လိုက်ပါလာခဲ့ရာည၉နာရီလောက်မှာရောက်ရှိပါတယ်။ထိုအခါ
 အရင်ကလေးငယ်အားဝင်ပူးကာ"အရှင်ဘုရား..... တပည့်တော်မသည် ဆရာတော်ကြီး ဟိုးယခင် ရသေ့ဘဝက မွေးစားသမီးအဖြစ် မွေးစားခဲ့သော ရှမ်းစော်ဘွား သိုးဟိုးဘွားရဲ့မြစ်တော်ဖြစ်ကြောင်း ပြေပြလေသည်။ဆရာတော်ကြီးလဲ ညဉ့်အချိန် ကျိမ်းစက်လေရာ ထူးဆန်းသောအိပ်မက် ထူးဆန်း သော နိမိတ်တို့ကို မြွေမယ်တော်ကြီးက  ပေးလေသည်။ဆရာတော်ကြီး၏သီလ သမာဓိအားကြောင့် ယခင်ရသေ့ဘဝကို ပြန်လည်သတိရကာနံနက် မိုးသောက်မှာတော့ ဆရာတော်ကြီးဟာ ဒါယိကာ ဒါယိကာမများအား ပြန်လည်ပြောပြလေသည်။ မြွေမယ်တော်ကြီးလဲ အားရဝမ်းသာဖြစ်ပြီး ကလေးငယ်အားဝင်ပူးလေသည်။
 မြွေမယ်တော်ကြီးက "တပည့်တော်ငယ်စဉ်တုန်းကလိုဆရာတော်ဘုရားပခုံးထက် တက်ခွင့်ကြုတော်မူပါ ဘုရား"ဟု လျှောက်တင်လေသည်။ဆရာတော်ကြီးကလဲ ငါနဲ့ အမှန်တကယ် ပဋ္ဌာန်းဆက်ပါခဲ့လျှင်မူငါ့၏ကိုယ်ပေါ်သို့ ပေါ့ပါးစွာ ( ၅ ) မိနစ်သာတက်ခွင့်ပြုကြောင်းပြောလေသည်။မြွေမယ်တော်ကြီးလဲ ငါးမိနစ်မျှ ညင်သာစွာ တက်လေသည်။
ထိုကဲ့သို့ ဂါရဝပြုရန် တက်နေစဉ်အတွင်း ကင်မရာသမားများက ထူးဆန်း၍ရိုက်ကူးလေရာ ကင်မရာများစွာထဲမှ တစ်ဦးထံတွင်သာ ဓာတ်ပုံထင်ခဲ့ကြောင်းသူတို့ ပြောစကားအရ သိရလေသည်။ထို့နောက် မြွေမယ်တော်ကြီးမှာ သာသနာပြုရန် ဆရာတော်ထံလိုက်ခွင့်ပြုရန် တောင်းဆိုလေသည်။ဆရာတော်က "ငါ့သမီးလိုက်လို့မဖြစ်ဘူး ငါ့သမီး ငါသည်အသက်တွေ လဲကြီးပြီ ငါကနင့်ကိုလဲမစောင့်ရှောက်နိုင် နင့်အတွက်လဲအစာငါမရှာနိုင်ဘူး ကျောင်းမှာရှိတဲ့တိရိစ္ဆာန်တွေလဲရှိတယ် နင်နဲ့တည့်မှာမဟုတ်" ဟုမိန့်လေသည်။မြွေမယ်တော်ကြီးကလဲ တပည့်တော်မသည်မည်သည့် သတ္တဝါကိုမျှ
 အန္တရာယ်ပြုခြင်း အထိတ်တလန့် ဖြစ်ခြင်းမရှိစေပဲ ကျောင်းတွင်ရှိသောသတ္တဝါများနှင့်လဲ တည့်အောင်နေပါမည် ဘုရားဟုလျှောက်ထားလေသည်။ဆရာတော်လဲအေးဒါဆိုလဲကောင်းပြီဟုဆိုကာ ကျီးတောင်တောရသို့တစ်ပါတည်းခေါ်ခဲ့လေသည်။ မြွေမယ်တော်ကြီးစောနန်းဝေနှင့်ပဌာန်းဆက်ရှိကြသော ကုသိုလ်ရှင်စေတနာရှင်တို့ဧ။် လာရောက်လှူဒါန်းမှုများကြောင့် ကျီးတောင်တောရရှိရာ စကားဝါမြေအနီးတစ်ဝိုက်တွင် ဘုရားစေတီ သိမ် ကျောင်း ဇရပ်များစွာ ပေါ်ထွန်းလာခဲ့လေပြီ။မြွေမယ်တော်ကြီးစောနန်းဝေသည် ပဌာန်းဆက်ရှိသူများအားအိပ်မက်ပေး၍သော်လည်းကောင်း ပူးကပ်စေခိုင်း၍သော်လည်းကောင်းပြုလုပ်၍ ယနေ့ထက်တိုင်သာသနာပြုလျက်ရှိပါသည်။မြွေမယ်တော်ကြီးစောနန်းဝေရဲ့ကျေးဇူးတော်ရှင် ကျီးတောင်တောရဆရာတော်ဘုရားကြီးကတော့ ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ပါပြီ။ပဲခူးမြို့ကိုဘုရားဖူးရောက်ရင်ဖြင့် စကားမြေ ကျီးတောင်တောရမှာရှိတဲ့ မြွေမယ်တော်ကြီးစောနန်းဝေဆီသို့ တစ်ခေါက်တစ်ခါလောက် သွားရောက်လည်ပတ်ကုသိုလ်ယူနိုင်ကြပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ....


 

No comments