New Artical

မိတ်ကပ်ဓာတ်မတည့်မှု့တွေကနေ ကာကွယ်ဖို့ ဆောင်ရန် ၊ ​ရှောင်ရန် လေးများ..


မိတ်ကပ်ဓာတ်မတည့်မှု့တွေကနေ ကာကွယ်ဖို့ ဆောင်ရန် ၊ ​ရှောင်ရန် လေးမျာ

မိတ်ကပ်လိမ်းလာတာ နှစ်ချီကြာနေပြီ ဘာပြဿနာမှ မဖြစ်ခဲ့ ဘူးဆိုပေမယ့် တစ်ခါတလေမှာတော့ မိတ်ကပ်ထဲမှာပါတဲ့ ပါဝင် ပစ္စည်းတွေကြောင့် ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဓာတ်မတည့်တဲ့ မိတ်ကပ်ပါဝင်ပစ္စည်းတွေဟာ ကိုယ်ခံအားစနစ် အပေါ် တုံ့ပြန်မှုတွေဖြစ်နိုင်ပြီး ခန္ဓာကိုယ်ကို ထိခိုက်လွယ်စေပါ တယ်။ ဒါကြောင့် မိတ်ကပ်ဓာတ်မတည့်မှု ပြဿနာတွေ လျှော့ ချနိုင်မယ့်နည်းလမ်းလေးတွေကို ပျိုမေတို့အတွ က် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မိတ်ကပ်မလိမ်းခင် လက်နဲ့မျက်နှာကို သန့်စင်ပေးပါ။

၂။ မိတ်ကပ်ပစ္စည်းတွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေ သုံးခြင်းရှောင်ပါ။

၃။ မျက်စိမှာ ကူးစက်ရောဂါတစ်ခုခုဖြစ်နေတယ်ဆိုရင် မျက်လုံး နားတစ်ဝိုက်မှာ မိတ်ကပ်မလိမ်းခြင်းရှောင်ပါ။

၄။ ရက်လွန်မိတ်ကပ်ပစ္စည်းတွေကို စွန့်ပစ်ပါ။

၅။ သုံးနေကျမိတ်ကပ်ပစ္စည်းတွေက ဓာတ်မတည့်မှုတွေဖြစ်နေ ပီဆိုရင် အရေပြားဆရာဝန်တွေ အာမခံချက်ပေးထားတဲ့ မိတ် ကပ်ပစ္စည်းအသစ်တွေကို စမ်းသုံးကြည့်ပါ။

၆။ မျက်လုံးတွေကို ချယ်သတဲ့အခါ mascara ကို မျက်တောင် ရဲ့ သုံးပုံနှစ်ပုံစာကိုပဲ ချယ်သပါ။ မျက်ခမ်းနားထိ ချယ်သခြ င်းရှောင်ပါ။ Eyeliner ကိုလည်း မျက်ခွံအတွင်းလိုင်းနားအထိ ချယ်သခြင်းရှောင်ပါ။ မျက်ကပ်မှန်တပ်သူတွေအနေနဲ့ eyeshadow အမှုန်တွေ သုံးခြင်းရှောင်ပါ။

၇။ Chemical ပါဝင်မှုနည်းတဲ့ မိတ်ကပ်ပစ္စည်းတွေကိုသာ ရွေး ချယ်သုံးပါ။

ပျိုမေလေးတို့ရေ မိတ်ကပ်ဓာတ်မတည့်မှုပြဿနာတွေကို ကာ ကွယ်နိုင်အောင် ဒီဆောင်ရန်၊ရှောင်ရန်လေးအတိုင်း လုပ်ကြည့် ပါနော်။

| အလှအပရေးရာဗဟုသုတတွေရစေဖို့ ဒီစာစောင်လေးကို မျှဝေ

လိုက်ပါနော်။

Crd:


No comments