New Artical

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးမည့်သူများစာရင်း စတင်ကောက်ယူ


ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးမည့်သူများစာရင်း စတင်ကောက်ယူ

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးမည့်သူများစာရင်း စတင်ကောက်ယူလျက်ရှိကြောင်း မြို့နယ်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌများက အတည်ပြုသည်။

ထိုသို့ စာရင်းကောက်ယူရာတွင် အိမ်ထောင်စုစာရင်း (သို့ မဟုတ်) နိုင်ငံသား စိစစ်ရေးကတ်ပါ မွေးသက္ကရာဇ်ကို အခြေခံ၍ အသက်အရွယ်အပိုင်းအခြားအလိုက် ကောက်ယူခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

‘‘အခုစပြီးတော့ စာရင်းကောက်ခိုင်းနေပါတယ်။ ဆန္ဒရှိသူဆိုတာထက် ကျွန်တော်တို့က အသက်အပိုင်းအခြားလိုက် အုပ်စုတွေခွဲပြီးတော့ ကာကွယ်ဆေးထိုးပေးမယ်လို့ သတင်းရထားတဲ့အတွက် ကောက်ယူတာဖြစ်ပါတယ်။ အသက်အပိုင်း အခြားဆိုတာကတော့ လောလောဆယ်မှာ မွေးနေ့သက္ကရာဇ်ကို မူတည်ပြီးတော့ပဲကောက်ထားပါတယ်။ နောက်ပိုင်းကျမှ ကျန်းမာရေးဘက်က ဘယ်အသက်အရွယ်၊ ဘယ်အုပ်စုဆိုပြီး တိတိကျကျ ထွက်လာတဲ့အခါ အဆင်သင့်ဖြစ်နေအောင် လို့ပါ’’ ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောသည်။

လက်ရှိတွင် မင်္ဂလာတောင် ညွန့်မြို့နယ်နေဖြင့် ဇန်နဝါရီ ၂၆ ရက် နောက်ဆုံးထား၍ စာရင်း ကောက်ယူမည်ဖြစ်ပြီး တစ်မြို့ နယ်လုံးအနေဖြင့် လူဦးရေ ၁၃၀,၀၀၀ ကျော်ရှိသည်ဟု ၎င်း က ရှင်းပြသည်။

လူဦးရေတစ်သိန်းကျော်နေ ထိုင်သော တောင်ဥက္ကလာပမြို့ နယ်တွင်လည်း ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များစာရင်းကို ပြုစုနေပြီး ပြည်သူ လူထုထံစာရင်း ကောက်ယူရန် ဆွေးနွေးနေဆဲဖြစ်ကြောင်း ယင်းမြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်း ချမ်းအောင်က ပြောသည်။

‘‘စာရင်းကောက်တဲ့အထဲမှာ တော့ ကျန်းမာရေးဝန်ထမ်းတွေပါ မယ်။ နောက်ကွာရန်တင်းစင်တာ တွေမှာ ဆောင်ရွက်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေပေါ့။ ကျန်တဲ့အပိုင်းတွေဖြစ်တဲ့ အသက် (၆၀) အထက်တွေ ဘာတွေကတော့ မူဝါဒမပြတ်သေးလို့ ထည့် မကောက်သေးဘူး’’ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကာကွယ်ဆေးထိုး နှံမည့်သူစာရင်းကောက်ရာတွင် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ ဝန်ထမ်းများအား စာရင်းပြုစုရန် လွယ်ကူသော်လည်း ပြည်သူလူ

ထုထံကောက်ယူရာတွင်မူ အ သက်အပိုင်းအခြား၊ ရောဂါအခံရှိခြင်း၊ မရှိခြင်းစသည့် သတ်မှတ် ချက်များမှာ တိကျသောလမ်းညွှန် ချက်မရသေးခြင်းကြောင့် စာရင်းကောက်ယူရန် စောင့်ဆိုင်းဆဲဖြစ် သည်ဟု ဦးငြိမ်းချမ်းအောင်က ရှင်းပြသည်။

တစ်မြို့နယ်လုံးတွင် လူဦး ရေလေးသိန်းကျော်ရှိသော လှိုင် သာယာအနောက်ပိုင်းမြို့နယ် တွင်လည်း ကာကွယ်ဆေးထိုးမည့် ဦးစားပေးအစီအစဉ်၌ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ စာရင်းကို ပြုစုလျက်ရှိကြောင်း ယင်းမြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက အတည်ပြုသည်။

‘‘ကျွန်တော်တို့က ဦးစားပေး အနေနဲ့ Stay at Home မှာတော့ပါတယ်။ ဒီအထဲမှာ ကာကွယ်ဆေးမထိုးရမယ့်၊ မထိုးသင့်တဲ့သူ တွေရှိတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်သူတွေတော့ ထိုးရမယ်၊ ဘယ်သူတွေတော့ မထိုးရဘူးဆို တာကို ကျန်းမာရေးဌာနတာဝန် ရှိသူတွေနဲ့ တိုင်ပင်ပြီးတော့မှ စာ ရင်းဇယားပြုစုရမှာ ဖြစ်ပါ တယ်’’ ဟု ၎င်းက ပြောသည်။

ကာကွယ်ဆေးထိုးလုပ်ငန်း နှင့်ပတ်သက်ပြီး ပြည်သူများ သက်ဆိုင်ရာရပ်ကျေးရုံးများသို့ စာရင်းပေးကြရန် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် လိုက်လံကြေညာခြင်း များ လုပ်ဆောင်လျက်ရှိသည်။

အိန္ဒိယအကူအညီဖြင့် ရရှိ ထားသော Covishield ကိုဗစ် ကာကွယ်ဆေးကို အသက် (၁၈)နှစ်အထက်ရှိသူများသာ ထိုးနှံနိုင် ပြီး ကိုယ်ဝန်ဆောင်များ၊ ကိုယ်ဝန် ရနိုင်ခြေရှိသူများနှင့် နို့တိုက်မိခင် များ မထိုးသင့်ကြောင်း နိုင်ငံ တကာ သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ် ကာကွယ်ဆေး ထိုးနှံမည့်သူများကို ဦးစားပေး အလိုက်ရွေးချယ် ထားရာ ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများ စေတနာ့ဝန်ထမ်းများနှင့် အစိုးရအဖွဲ့ ဝင် ပုဂ္ဂိုလ်များ ပါဝင်သည်။ 

ထို့အပြင် အသက် (၆၅) နှစ် အထက် သက်ကြီးရွယ်အိုများ၊ ရောဂါရရှိမှုလွယ်သော အုပ်စု များ၊ Stay at Home အစီအစဉ် အကျုံးဝင်သော ဒေသများနှင့် လူ ထူထပ်သည့်နေရာများ စသည်တို့ မှာ ဦးစားပေးအစီအစဉ်၌ ပါဝင် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများအား ယခုလမကုန်မီ ကိုဗစ်ကာကွယ် ဆေးထိုးပေးမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းကျန်းမာရေးဦးစီးဌာန မှူး ဒုညွှန်ချုပ်ဒေါက်တာထွန်းမြင့် က ဆိုသည်။

7day

 

No comments