New Artical

ဆိုက်ကားဖြင့် တရားပွဲကြွသော တိပိဋကဆရာတော်

 

`ဆိုက်ကားဖြင့် တရားပွဲကြွသော တိပိဋကဆရာတော်´

တစ်ခါက မန္တလေးမြို့မှ မင်းကွန်းဆရာတော်ကြီးအား တရားပွဲတစ်ပွဲပင့်၏။

ဆရာတော်သည် ည(၇)နာရီခန့်တွင် စက်လှေတစ်စီးဖြင့် မင်းကွန်းမှ မန္တလေးဘက်သို့ ကူးခဲ့၏။

ထုံးစံအတိုင်းဆိုလျှင် မန္တလေးဘက်သို့ ရောက်သည်နှင့် ဆရာတော်အား လာကြိုသည့်ကားများ အသင့်ရောက်နေရမည်ဖြစ်၏။

ယခုမူ မည်သည့်ကား မည်သည့်ဒကာမှ ရောက်မလာခဲ့ချေ။

ဘုန်းကြီးပြီး ကျော်ကြားထင်ရှားသော ဆရာတော်ကြီးတစ်ပါးဖြစ်၍ သူကြိုမည် ငါကြိုမည် ထင်ပြီး နောက်ဆုံးတွင် မည်သူမျှ သွားမကြို မိကြခြင်းဖြစ်၏။

ဆရာတော်ကား လုံးဝဒေါသမထွက်။ ဆိုက်ကားတစ်စီးငှားပြီး တရားပွဲသို့ ရောက်အောင်ကြွသွားခဲ့၏။

တရားပွဲတွင် ပရိသတ်များ ပြည့်ကျပ်လျှက်ရှိလေပြီ။

ဆရာတော်သည် စိတ်မဆိုးသည့်ပြင် အကြောင်းစုံသိသွားလျှင် ဒကာ ဒကာမများ စိတ်မကောင်းဖြစ်မှာစိုးသည့်အတွက် ဆိုက်ကားကို မှောင်ရိပ်တစ်ခုတွင်  ရပ်ထားခိုင်းပြီး ပလ္လင်ပေါ်သို ဣနြေ္ဒရရပင်တက်သွားလေ၏။

တရားပွဲအကျိုးဆောင်များအားလုံးနှင့် ပရိတ်သတ်တို့က ဆရာတော်သည် သူဌေးတစ်ယောက်ယောက်၏ ကားနှင့် ကြွလာခြင်းဖြစ်မည်ဟု ထင်နေကြ၏။

ဆရာတော်သည် ကားအကြောင်းကို တစ်ခွန်းမှမပြော။

တရားကို ပြီးဆုံးအောင်ဟောပြီးသည်နှင့် မှောင်ရိပ်ထဲမှ ဆိုက်ကားနှင့်ပင် လှေဆိပ်သို့ ပြန်ကြွတော်မူလေသည်

ဆရာတော်၏ မေတ္တာနှင့် သည်းခံခြင်းတရားတို့ကား  အံ့သြဖွယ်ရာပင် ဖြစ်လေတော့သတည်း။

    

{တိပိဋကဓရ ဓမ္မဘဏ္ဋာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီး}

🙏🙏🙏

No comments