New Artical

ဆံပင်ထူတဲ့ ပျိုမေတို့သာ နားလည်နိုင်မည့် ဆံသားပြသနာများ


ဆံပင်ထူတဲ့ ပျိုမေတို့သာ နားလည်နိုင်မည့် ဆံသားပြသနာများ

 ပျိုမေတို့ရေ

မိန်းမတို့ဘုန်းဆံထုံး ဆိုတဲ့အတိုင်း မြန်မာ အမျိုးသမီးအများစု ဟာ ဆံပင်ရှည်ထားရတာကို နှစ်သက် ကြ ပါ တယ်။ ဆံနွယ် လေးတွေနက်မှောင်ထူထဲနေတာက အမြင်မှာတော့ လှတယ် လို့ထင်ရပေမဲ့ ရှင်းရ၊ ထိန်းသိမ်းရတဲ့ဒုက္ခကတော့ မသေးလှပါ ဘူး။ ဆံသားထူထဲတဲ့ပျိုမေတို့ပဲ နားလည်နိုင်မယ့် ဆံသား ပြဿနာလေးတွေကတော့ . . .
 
ခေါင်းလျှော်ရည်နဲ့ပေါင်းဆေးကို အမြဲဝယ်ထားရတယ်။  ဆံကုပ်၊ ဆံညှပ်တွေကို ပုံမှန်ဆေးရတယ်။ ပလက်စတစ် ဘီးတွေနဲ့ ခေါင်းပြီးရင် အားပျော့လွန်း တယ်။  ဆံပင်အရောင်ဆိုးရင် ဆိုးဆေးတွေ အများ ကြီး သုံးရတယ်။  ခေါင်းလျှော်ပြီးတဲ့အခါ သဘာဝအတိုင်း အခြောက်ခံတာပဲဖြ စ်ဖြစ်၊ လေမှုတ်စက်နဲ့ မှုတ်တာပဲ ဖြစ်ဖြစ် အချိန်အတော် ကာပေးရတယ်။  နေရာတိုင်းမှာ ဆံပင်အကျွတ်တွေ တွေ့ရတတ်တယ်။
ဆံသားထူတဲ့အမျိုးသမီးတွေအနေနဲ့  ဆံပင်ကို အထပ်ပုံစံညှပ်ပါ။  ဦးရေပြားနေလောင်တာကို ကာကွယ်ဖို့ ဆံပင်အရှည်ထား ပါ။  မောင်းသန်တဲ့ဆံညှပ်တွေနဲ့ သားရေပင်တွေ ဝယ်ပါ။  ဆံပင်ထူတာမသိသာစေဖို့ အဖျား ရှူးတဲ့ ဗွီပုံစံညှပ်ပါ။

ဆံသားထူတဲ့အမျိုးသမီးတွေအနေနဲ့ ရှောင်ကြဉ် သင့်တွေကတော့....  
သဘာဝအဆီတွေ ပြောင်စင်သွား တတ်တာကြောင့် နေ့တိုင်း ခေါင်းလျှော်တာ  ဆံပင်တွေကို လက်နဲ့ ခဏခဏကိုင်တာ  အသွားစိပ်ဘီးတွေနဲ့ ဖီးတာ  လေမှုတ်စက်အသုံးပြုပြီး အခြောက်ခံတာ တွေပါပဲ။
ကဲ... ဆံပင်ထူတဲ့ ပျိုမေတို့ရေ ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိရှိပြီဆိုတော့ ဆံနွယ်လေးတွေကို အကောင်းဆုံးထိန်းသိမ်းနို င်ကြပါစေနော်။
 
Crd:

No comments