New Artical

နန္ဒဘုရင်

နန္ဒဘုရင်

ပုံမှာ နမူနာပြရန်ဖြစ်သည် ယိုးဒယားဆိုက်တခုမှပုံဖြစ်သည်


နန္ဒဘုရင် (ငါးဆူဒါယကာမင်း) (၁၅၈၁-၁၅၉၉) သည် ဘုရင့်နောင် ၏သားတော်အိမ်ရှေ့မင်းဖြစ်သည်။ ဘုရင့်နောင် လွန်လျှင် ဟံသာဝတီထီးနန်းကို စိုးစံအုပ်ချုပ်သည်။ ခမည်းတော် လက်ထက်အတိုင်းပင် တောင်ငူ၊ အင်းဝ၊ ပြည်၊ ဇင်းမယ် မွ အဆွေအမျိုးများကို အပြောင်းအလဲမရှိ ဆက်လက်အုပ်ချုပ်စေသည်။ ထို့အပြင် မိုးကုတ် ကျောက်တွင်းများကို မိုးမိတ် စော်ဘွားထံမှ တကောင်းဒေသ ကိုပေးပြီး အလဲအလှယ်လုပ်ခဲ့သည်။


သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ္ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ ထို စစ်ပွဲတွင် သားတော်ကြီး မဟာဥပရာဇ် ကျဆုံးလေသော်ကြောင့် လက်စားချေလိုစိတ်ဖြင့် အကြိမ်ကြိမ် စစ်ပြုခြင်းဖြစ်သည်။ ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာယ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယား၊ ပြည်၊ မော်လမြိုင်၊ မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။


ထိုသို့သော် ပုန်ကန်မှုများကို နှိမ်နင်းရန်အတွက်လည်းကောင်း၊ မပုန်ကန်သေးသည့် လက်အောက်ခံတို့ကို မယုံကြည်သည့်အတွက်လည်းကောင်း နန္ဒဘုရင်သည် တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥေပါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။ ထို့အတူပင် ဇင်းမယ်နော်ရထာအားလည်းကောင်း၊ ညောင်ရမ်း မင်းရဲနန္ဒမိတ်အားလည်းကောင်း အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။ နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး၊ တောင်ငူဘုရင် မင်းရဲသီဟသူတို့ နှစ်ဖက်ညှပ်တိုက်သည်ကို မခံနိုင်သည့်အတွက်လည်းကောင်း သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ တောင်ငူတပ်မှ နတ်သျှင်နောင်ထံ လက္နက္ခ် အညံ့ခံလိုက်သည့်အတွက် လည်းကောင်း အလွန်စိတ်ဓာတ်ကျဆင်းပြီး ကိုယ်တိုင် အညံ့ခံလိုက်တော့သည်။


တောင်ငူသို့ နန္ဒဘုရင်ပါလျှင် ယိုးဒယားမင်း တောင်ငူသို့လာရောက်ပြီး နန္ဒဘုရင်အား ပေးရန်တောင်းသည်။ မင်းရဲသီဟသူက မပေးသဖြင့် တောင်ငူကိုတိုက်သည်။ နတ်သျှင်နောင် ထွက်တိုက်သဖြင့် ယိုးဒယားတပ်ပျက်လေသည်။ နောက်တွင် နတ်သျှင်နောင် သည် နန္ဒဘုရင်အား ဆက်လက်ထားလျှင် အရေးထပ်ပေါ်မည်ကို တွေးပြီး မယ်တော်နှင့်တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်လုပ်ကြံသည်။ သို့ဖြင့် နန္ဒဘုရင်သည် သက္ကရာဇ် ၉၆၂ ၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် လွန်လေသည်။

Credit to original post uoloader

Photo Credit to Actor of Thailand Movie


ငါးဆူဒါယကာ နန္ဒဘုရင်

==============


နန္ဒဘုရင်သည် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို စုစည်းတည်ထောင်နိုင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီး၏ သားတော်ဖြစ်သည်။ ( ထိုမင်းလက်ထက်တွင် ဤဘဒ္ဒကမ်ဘာ၌ ပွင့်တော်မူသော ဘုရားငါးဆူကို ရွှေစင်ရုပ်သွန်း၍ ပူဇော်ခဲ့သောကြောင့် ငါးဆူဒါယကာဟုလည်း ခေါ်ကြသည်။ )


သူ၏ ငယ်မည်မှာ ဇေယျသီဟ ဖြစ်ပြီး မင်းသားငယ်ဘဝကပင် ဦးရီးတော်တပင်ရွှေထီးနှင့် ခမည်းတော်ဘုရင့်နောင်တို့၏ မြို့သိမ်းတိုက်ပွဲများစွာတွင် ပါဝင်ခဲ့ရသူဖြစ်သည်။


၄င်းအသက် ၁၃နှစ်အရွယ်တွင် တပင်ရွှေထီး၏ ယိုးဒယားချီစစ်ပွဲတွင် လိုက်ပါတိုက်ခိုက်ခဲ့သည်။ ( ထိုစဉ်က သျှောင်ထုံးရအောင်ပင် ဆံပင်မရှည်သေးသဖြင့် ဆံပင်ကို ကြက်တောင်စည်းကာ ပတ္တမြားမောက်ရှည်ကို ထိပ်မှအပေါက်ဖောက်၍ ဆောင်းခဲ့ရသည်ဆို၏။ )


ကန်ချနာဘူရီတိုက်ပွဲတွင် ဘုရင့်နောင်နှင့် ယိုးဒယားမင်းသားမက် သြယားလကွန်းအိမ်မား တို့ဆင်စီးချင်းယှဉ်ထိုးကြရာ ဇေယျသီဟမင်းသားငယ်သည် ရဲလုလင် အမည်ရှိဆင်ကို စီး၍ ယိုးဒယားမင်းသားမက်ဆင်၏ မုန်အိုးကို အတင်းဝင်တိုးလေ၏။ ( မထင်မှတ်သော အခြေအနေဖြစ်သဖြင့် ယိုးဒယားဆင်လည်း မျက်နှာသုန်ကာ ထွက်ပြေးတော့ရာ ယိုးဒယားမင်းသားမက်လည်း ဆင်ပေါ်မှဟန်ချက်ပျက်ကာ ပြုတ်ကျခဲ့သည်။ )


ပြုတ်ကျလာသော ယိုးဒယားမင်းသားမက်ကို ဘုရင့်နောင်၏ ကုန်းလယ်စီးက အတင်းဝင်ရောက်ဖမ်းချုပ်ခဲ့သဖြင့် အရှင်ဖမ်းဆီးရမိလေ၏။ ( ထိုအကြောင်းကို တပင်ရွှေထီးသိလျှင် "ငါ့တူတော်ဇေယျသီဟသည် အင်းဝဘုရင်မင်းခေါင်သား မင်းရဲကျော်စွာ ကဲ့သို့ရဲရင့်လှပေ၏" ဟုဆိုကာ မင်းရဲကျော်စွာဘွဲ့ကိုချီးမြှင့်လေ၏။ )


ဇေယျသီဟသည် ခမည်းတော်ဘုရင့်နောင် ဟံသာဝတီထီးနန်းကို ရရှိသည့်အခါ အိမ်ရှေ့ဥပရာဇာဖြစ်လာသည်။ ( ဥပရာဇာ နန္ဒမင်းသား ဖြစ်လာသည့်အခါတွင်လည်း ခမည်းတော်၏ စစ်ဆင်ရေးများ၌ အားကိုးရေသာ စစ်သူကြီးအဖြစ် အစွမ်းပြခဲ့သည်။ )


အေဒီ ၁၅၆၃ နှင့် ၁၅၆၈ တွင်ဆင်နွှဲခဲ့သော အယုဒ္ဓယတိုက်ပွဲများတွင်လည်းကောင်း၊ လင်းဇင်း (လာအို)မင်း ဗြစဲဆစ် ကိုတိုက်ခိုက်နှိမ်နင်းရာတွင်လည်းကောင်း နန္ဒမင်းသားသည် ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သည်ဟု မှတ်တမ်းများတွင် တွေ့ရသည်။


ဘုရင့်နောင် နတ်ရွာစံပြီးနောက် နန္ဒမင်းသားက အရိုက်အရာကို ဆက်ခံသည်။ ( နန်းတက်ပြီး မကြာမီ နန္ဒဘုရင်၏ အစွမ်းကို စမ်းသပ်လိုသော လက်အောက်ခံများ၏ ပုန်ကန်မှုများ ပေါ်ပေါက်လာသည်။ )


နန္ဒဘုရင်သည် ပုန်ကန်မှုများကို ဖိဖိစီးစီး နှိမ်နင်းခဲ့သည်။ ( သို့သော် သူ၏ သားတော် ဥပရာဇာမင်းကြီးစွာသည် အရည်အချင်းညံ့ဖျင်းပြီး သူကိုယ်တိုင်မျက်နှာလွှဲ၍ အားကိုးမရနိုင်သော သားတော်ဖြစ်နေခဲ့သည်။ )


ဘုရင့်နောင်၏ အောင်မြင်မှုများနောက်ကွယ်တွင် အားကိုးရေသာ သားကြီးသြရသ နန္ဒမင်းသား ရှိနေခဲ့သော်လည်း နန္ဒဘုရင်ကိုယ်တိုင်အလှည့်တွင်မူ သားကြီးမောင်စွာကို အားကိုး၍ မရနိုင်ခဲ့သည်မှာ တောင်ငူအင်ပါယာ၏ ကံကြမ္မာဟုပင်ဆိုရပေမည်။


နန္ဒဘုရင်လက်ထက်တွင် ယိုးဒယားတို့၏ ပုန်ကန်မှုကို ငါးကြိမ်တိတိ လုပ်ကြံသော်လည်း မအောင်မြင်ခဲ့ပေ။ ( နောက်ဆုံးအကြိမ်တွင် ဟံသာဝတီဥပရာဇာသည် ယိုးဒယားမင်းဗြနရစ်နှင့်ဆင်စီးချင်းထိုးမည်ပြုစဉ် စိန်ပြောင်းကျည်သင့်၍ နတ်ရွာစံခဲ့သည် အထိအခြေအနေဆိုးခဲ့သည်။ )


ထို့နောက်တွင်မူ နန္ဒဘုရင်သည် လက်အောက်ခံ ပြည်၊ တောင်ငူတို့၏ ပုန်ကန်ခြားနားမှုများကို မဖြေရှင်းနိုင်တော့ပေ။ ( မင်းကြီးစွာ ကွယ်လွန်ပြီးနောက် အင်းဝစား မင်းရဲကျော်စွာစုန် ကိုအိမ်ရှေ့အရာပေးသော်လည်း အကျပ်အတည်းများကို မကျော်လွှားနိုင်တော့ပေ။)


များမကြာမီ ရခိုင်ဘုရင်နှင့် တောင်ငူဘုရင် ပေါင်းကာ ဟံသာဝတီကို တိုက်ခိုက်သိမ်းယူပြီး နန္ဒဘုရင်လည်း တောင်ငူသို့ ပါတော်မူသွားခဲ့သည်။ ( ယိုးဒယားမင်းသည် နန္ဒဘုရင်ရှိရာ တောင်ငူသို့လာရောက်တိုက်ခိုက်သေးသည်။ သို့သော် နတ်သျှင်နောင်ကို မယှဉ်နိုင်ဘဲ ပြန်ဆုတ်ပြေးခဲ့ရသည်။ )


နတ်သျှင်နောင်သည် တောင်ငူတွင် နန္ဒဘုရင်ရှိနေခြင်းကို မနှစ်မြို့ပေ။ သူ၏ ခမည်းတော် တောင်ငူဘုရင်ကိုလည်း နန္ဒဘုရင်အား အပြတ်ရှင်းပစ်ရန် တောင်းဆိုခဲ့သည်ဆို၏။


သို့သော် တောင်ငူဘုရင်က -


- " ပြည်ထဲအရေး မေအးလို့သာ ငါ့နောင်တော်ကို နန်းချခဲ့ရတာ။ နှိမ်နင်းလုပ်ကြံလိုတဲ့စေတနာမပါဘူး။ မအပ်မရာတွေ မကြံစည်ပါနဲ့ သားတော်ရယ်" ဟုတုံ့ပြန်ခဲ့သည်။


သို့သော် နတ်သျှင်နောင်သည် နန္ဒဘုရင်ရှိနေသေးလျှင် တောင်ငူကို ယိုးဒယားတို့ ထပ်မံလာတိုက်မည်ကို စဉ်းစားမိပြီး ခမည်းတော်နှင့်အဆင်မပြေသည့်အခါ မယ်တော်မင်းခင်စော နှင့်ပေါင်းပြီး နန္ဒဘုရင်ကို လုပ်ကြံခဲ့သည်။


နန္ဒဘုရင်သည် ညအခါ သူ၏ မိဖုရားကြီးအဆောင်သို့ အကူးတွင် လမ်းခုလတ်၌ နတ်သျှင်နောင်၏ လက်ချက်ဖြင့် နတ်ရွာစံခဲ့သည်။ ( တောင်ငူဘုရင်သည် နောင်တော်အလောင်းကို မင်းခမ်းမင်းနားဖြင့် အသုဘချလိုသော်လည်း ဆရာတော်များက သက်တော်ပျောက်ရာနေရာတွင်သာ သဂြိုဟ်စေခဲ့သည်။ )


ငါးဆူဒါယကာ နန္ဒဘုရင်သည် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသော်လည်း နန်းလျာရွေးကာ ပြုစုပျိုးထောင်မှုအားနည်းခြင်းကြောင့် တောင်ငူအင်ပါယာကြီးကို မထိန်းသိမ်းနိုင်ခဲ့သူ အဖြစ်သုံးသပ်မိပါသည်။ ထို့ပြင် စစ်ပန်းနေသော နိုင်ငံတော်သားတို့ကို ငြိမ်းအေးမှုမပေးဘဲ မအောင်မြင်သောစစ်ဆင်ရေးများတွင် ဆက်တိုက်အသုံးချခဲ့ခြင်းကြောင့် ထီးနန်းစွန့်လွှတ်ခဲ့ရသူအဖြစ်လည်း မှတ်ယူနိုင်ပါသည်။


( ပုံကို ယိုးဒယားဆိုဒ် တစ်ခုမှယူပြီး စာစီသူမွာ ကျနော်မောင်ကျော်စွာ ကိုယ်တိုင်သာ ဖြစ်ပါကြောင်း )

Credit to Saya Min Htet Kyaw Swar

Credit to မူရင်းစာစီသူ 

လေးစားစွာဖြင့်

1 comment:

  1. ပုံက...နန္ဒဘုရင်တိုက်လို့မနိုင်တဲ့...ယိုးဒယားဘုရင်ရဲ့ပုံကြီးဗျ..မှားနေတယ်

    ReplyDelete