New Artical

၅။ အကန်းတို့အကြား သွားမပြောအပ်သော စကားကြီးလေးခွန်း

၅။ အကန်းတို့အကြား သွားမပြောအပ်သော

စကားကြီးလေးခွန်း 




သတ္တဝါသွင်ပြင် ဖြစ်စခွင် မြင်ရန်အခက်သား။ 

သစ္စာလေးအင် တရားခွင် မြင်ရန်အခက်သား။ 

ဝမ်းတိုက်ကူးဝင် သန္ဓေယှဉ် မြင်ရန်အခက်သား။ 

သမုပ္ပါဒ်ယာဉ် လှည့်အစဉ် မြင်ရန်အခက်သား။ 

ကိုယ်မြင်ပါမို့ သူ့ထံပို့ ပြောဖို့ပိုခက်သား။ 

ပမာပုံသေ နှိုင်းရချေမူ 

သန္ဓေပါကန်း မမြင်စမ်းအား 

ပန်းချီဆေးစက် မှုန်းခြယ်သက်ဖြင့် 

လေးကွက်အထား ပုံလွှာများကို 

ဤကားတောဆင် ဤခုတင်တည့် 

ဤလျှင်ဘူးသီး ဤပုတီးဟု 

နားနီးကပ်ခါ ပြောပေးပါလည်း 

သေချာတိပ ရှင်းမရပြီ 

ပြောမရချေ စမ်းကြည့်စေလည်း 

ပုံသေကားချ သိမရသို့ 

ဓမ္မရေးရာ ထိုလေးဖြာလည်း 

သေချာထိမိ သင့်ယုတ္တိဖြင့် 

အရှိတံထွာ ရှင်းပေးပါလည်း 

ပမာပေးပြ ချက်မကျ ခက်လှပါချေတကား။ 

အဲ့ဒိုးပြောပြ ဇောမကျ မောလှပါချေတကား။



🙏 ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်၏

     ကဗျာ့နန်းတော် စာအုပ်မှ ဓမ္မကဗျာများကို 

     ပြန်လည်ရေးသားပူစော်သည်။🙏


ကိုဖြိုး(ဧရာမြေ)

No comments