New Artical

၂။ ပက်လက်လှန်ထွေး တံတွေးကိုယ့်မျက်နှာ



၂။ ပက်လက်လှန်ထွေး တံတွေးကိုယ့်မျက်နှာ 

တရားမမင် အမှားခင်သည့် 

လူရှင်အပေါင်း သိစေကြောင်းဟု

 စိတ်ကောင်းဖြစ်ရေး သတိပေးစိမ့် 

မြတ်လေးနှစ်သက် ဦးထိပ်ရွက်လော့ 

ဖြစ်ပျက်နှစ်ဖြာ မရှုပါဘဲ 

တစ်ရာအသက် ရှူသူထက်လျှင် 

တစ်ရက်ရှုသူ မြတ်သောဟူ၍ 

ဆူဆူဘုရား ဟောဖော်ကြား၏။ 

မှတ်သားလိုက်နာ ရံတစ်ခါမျှ 

ထိုဓမ္မကို ရူဆပွားများ မကျင့်ငြားဘဲ 

တရားမသက် အမှားဖက်၍ 

နေ့ရက်ကိုလွန် တကူကျွန်ဟု 

သာမန်လူမျှ ဖြစ်ကုန်ကြလျက် 

နေ့ညမနား မြတ်တရားကို 

ပွားများသက်ဝင် သူတော်စင်အား 

အမြင်မှောက်မှား မထောက်ထားဘဲ

ဘာလားညာလား ငရဲပွားအောင် 

ပြောကြားရှုံ့မဲ့ မကဲ့ရဲ့နှင့် 

တကယ့်တရား တကယ်ပွား၍ 

ကြိုးစားသလောက် ပေါက်မပေါက်နှင့် 

ပြီးမြောက်မှုမှာ သူကျိုးသာတည်း။ 

ပေါက်လာလျှင်ကျော် မပေါက်သော်လည်း 

လူမော်လူစွာ သည့်ထက်သာသည့် 

အရိယာစစ် ထိုသူဖြစ်မူ၊ 

အပြစ်မသေး လွန်ကြီးလေးလိမ့်။ 

ကြံတွေးမျှော်သိ ကျောက်မဏိကား 

ပွန်းငြိအနာ ရှိတုံပါလည်း 

လမ်းမှာခင်းကျောက် ဓားသွေးကျောက်ထက်

 မြင့်မောက်မျိုးမှန် အဖိုးတန်၏။ 

ဝေဖန်ပညာ နှိုင်းချိန်ခါလျှင် 

အခါကိုလင့် အခွင့်ကိုစောင့် 

ဖြောင့်မဖြောင့်ကြည့် ကျမ်းစုံညှိလျက် 

ဖြောင့်၏မှန်၏ ကိုယ်တိုင်သိက 

မိမိတွက်တာ ကြိုးစားရာသည် 

ကိုယ်သာကိုယ်၏ ကိုးရာတည်း။



🙏 ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်၏

     ကဗျာ့နန်းတော် စာအုပ်မှ ဓမ္မကဗျာများကို 

     ပြန်လည်ရေးသားပူစော်သည်။🙏


ကိုဖြိုး(ဧရာမြေ)

No comments