New Artical

1.ရှားစောင်းလက်ပတ်၏အသုံးဝင်ပုံများ

 ရှားစောင်းလက်ပတ်၏အသုံးဝင်ပုံများ(၁)



ရှားစောင်းလက်ပတ် (Aloe vera)


(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)


ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ

ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ္တိများ ကြွယ်စွာပါဝင်သည်။အူမကြီးကို ရှင်းလင်းပေးသည့် ဝမ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။


#လေ့လာချက်များအရ

● ဆီး ၊ ဝမ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊ ● အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊ ● အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။


ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။ ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ဝင်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။


ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။


#နှုတ်ခမ်းအတွက်

ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။


#အသားအရေအတွက်

ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။


#မျက်နှာပေါ်မှအမဲစက်များအတွက်

ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားမည်။


Source: wikipedia

ကိုဖြိုး (ဧရာမြေ)

No comments