New Artical

သပြေသီးရဲ့ ဆေးဖက်ဝင်ပုံများ

 

"သပြေသီး"                                                 

မြန်မာ့ဆေးကျမ်းများအလိုရ အထွေထွေဆေးအသုံးဝင်ပုံများ👉


စားဖူးကြလားမိတ်ဆွေတို့ ကျနော်တို့မတ္တရာမှာတော့ ပေါပါတယ် ။

၀မ်းတွင်းသို့ ရွှေမှုန့်၊ကြေးမှုန့်၊သံမှုန့်မြေဖြူမှုန့်၊မြေကြီးမှုန့် ဆံပင်မွှေးများစသည်တို့၀င်ရောက်၍ ၀မ်းဗိုက်အောင့်ခြင်း ထိုးခြင်းဖြစ်ပါကသပြေသီးကို သတိရကြပါ။

(၁) သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား (၇)ရက်မျှပြုလုပ်ပြီး(၇)ရက်ပြည့် လျှင်        မန်ကျည်းဖျော်ရည်သောက်ပေးရသည်။  ၀မ်းတွင်းရှိအမူန့် အမွှားများ ဆံပင်ထွေးများ   အညစ်အကြေးနှင့် အတူပါသွားတော့သည်                               

(၂) သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိစားပြီး ၀မ်းနုတ်ပေး၍  လည်းမလိုလားအပ်သောအမှုန့်များ၊ဆံပင်ချည်ထွေးများ ကျစေပါသည်။

ဆံပင်ညှပ်သမားဆရာတစ်ဦးပြောပြသော နည်းဖြစ်ပါ သည်။ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေး၀မ်းပြုရာက၀မ်း  တွင်းသို့ ဆံပင်စများ၀င်သည်များလာကာ ဗိုက်အောင့် သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။

နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့်အတူ ဆံပင်ထွေးများ ကျသွားသည်ဟုဆိုပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ရသော ဆေးနည်းဖြစ်သည်ဟု ဆိုပါသည်။


သပြေသီး

၂၀၀ရခုနှစ်က အိန္ဒိယနိုင်ငံထုတ်ဆေးပညာဂျာနယ်တွင် သပြေသီးမှည့်သည့် ရင်သားကင်ဆာမဖြစ်ပွား စေအောင် ကာကွယ်ပေးနိုင်သည့်အပြင် ၊ရင်သားကင်ဆာဝေဒနာရှင်တို့ သပြေသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များမပြန့်ပွားအောင် ထိန်းထားနိုင်သည်ဆိုပါသည်။

၂၀၀၉ခုနှစ်တွင်လည်း အမေရိကန်ပြည်ထောင်စု ဆေးဝါးတက္ကသိုလ်မှ သပြေသီးကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ သပြေသီးသည် ရင်သားကင်ဆာမဖြစ်ပွားအောင် ထိထိ ရောက်ရောက်ကာကွယ်ပေးနိုင်ကြောင်း အဖြေထွက်ရှိ ပါသည်။


ဦးရေပြားဘောက်ထခြင်း

သပြေသီးသတ္တုရည်ကို လိမ်းပေးပါက ဘောက်ထဦး ရေပြားမှိုစွဲခြင်း ရောဂါပျောက်ကင်းစေသည်။


ဆီးလွန်ရောဂါနှင့်သပြေသီး

သပြေသီးတွင် ချိုဖန်သောအရသာရှိသည်။ သပြေသီးချိန် တွင် သပြေသီးမှည့်ကို စားပေးခြင်း၊သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်း နံက်ညစား ပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကို သက်သာပျောက် ကင်းစေပါသည်။

သပြေစေ့

ဆီးချိုရောဂါအတွက် အပင်တွင် ဆေးစွမ်းအကြီးဆုံးက သပြေသီးမှည့်၏ အစေ့ဖြစ်ပါသည်။ ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့်ပြုပြီး နေ့စဉ်လက်ဖက်စားဇွန်း(၁) ဇွန်းနှုန်း နံနက်ညသောက်ပေးပါကဆီးချို တကယ်ပျောက် သည်ဆိုပါသည်။

အိန္ဒိယ ဆေးကျမ်းများတွင် သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေး အဖြစ်တိုက်ကြွေးသည့် အပြင် မှက်၊ခြင်၊ တို့ မကိုက်စေရန် သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက်လိမ်း ကျံကြသည်။

သပြေပင်နှင့်ပတ်သက်သော များစွာသောဆေးအသုံး တို့ရှိနေပါသေးသည်။

(အစာမကြေသူများ၊ကိုယ်၀န်ဆောင်သူများနှင့်မတည့်ပါဆေးဖက်၀င်သည် ဆိုသော်လည်း               လွန်လွန်ကျွံကျွံမစားသုံးသင့်ပါ။)


ရဲမျိုးသူ(ဗောဓိမြိုင်)

Credit

No comments