New Artical

ရေယုန်အကြောင်း သိကောင်းစရာ

 
ရေယုန်အကြောင်း သိကောင်းစရာ


နှုတ်ခမ်းနားတစ်ဝိုက်မှာ မီးလောင်ဖုလိုအရည်ကြည်ဖုလေးတွေ ဖြစ်လာတဲ့အခါ ရေယုန်များလားဆိုတဲ့ အတွေး ပေါ်ချင်ပေါ်လာပါလိမ့်မယ်။ ရေယုန်ဆိုတာကို ကြားပဲ ကြားဖူးပေမဲ့ သေသေချာချာ မသိသေးသူများအတွက် ဒီဆောင်းပါးလေးနဲ့ ဗဟုသုတ ပေးချင်ပါတယ်။

ရေယုန်ဆိုတာ ဘာလဲ

ရေယုန်ဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ ပါးစပ်၊ မျက်လုံး၊ မျိုးပွားအင်္ဂါလမ်းကြောင်း၊ စအိုနားတစ်ဝိုက်နဲ့ အရေပြားပေါ်တွေမှာ ဖြစ်တတ်ပါတယ်။ ရေယုန်ဆိုတာ မပျောက်တော့တဲ့ ရောဂါတစ်ခုပါ။ အရည််ကြည်ဖုတွေ ပျောက်သွားပေမယ့် ဗိုင်းရပ်စ်ကခန္ဓာကိုယ်ထဲမှာ အမြဲ ကျန်ရှိနေပါတယ်။

ဘယ်လို လက္ခဏာတွေ ရှိလဲ

ရေယုန်မှန်း သိသာစေတဲ့ ရောဂါလက္ခဏာတွေကတော့ –

အရည်ကြည်ဖု၊ အနာ၊ ဆီးသွားရင်နာတာ၊ အမျိုးသမီးလမ်းကြောင်းမှာ အရည်ဆင်းတာတွေ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် အရှင်းပျောက်အောင်ကုလို့ မရပေမဲ့ ရောဂါလက္ခဏာတွေ သက်သာအောင် ကုသလို့ရတဲ့နည်းတွေ ရှိပါတယ်။

ရေယုန် ရောဂါပိုး ဘယ်နှမျိုး ရှိလဲ

ရေယုန်ရောဂါ အကြောင်းသိချင်ရင် သူ့ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးအကြောင်းအရင် သိသင့်ပါတယ်။ ရေယုန် ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကတော့ Herpes လို့ ခေါ်ပါတယ်။  ဒီဗိုင်းရပ်စ်က အမျိုးအစားနှစ်မျိုး ရှိပါတယ်။ HSV1 နဲ့ HSV2 ပေါ့။ HSV1 က နှုတ်ခမ်းနားတစ်ဝှိုက်မှာ ဖြစ်တတ်ပါတယ်။ HSV2 ကတော့ လိင်လမ်းကြောင်း တစ်ဝှိုက်မှာ ဖြစ်တတ်ပါတယ်။

အများစုက ရောဂါပိုး ကူးစက်တဲ့အချိန်ကစလို့ လတွေနှစ်တွေကြာတဲ့အထိ ရောဂါလက္ခဏာ မပြတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့ကျတော့ တခါကူးပြီးရုံနဲ့ နောက်ထပ်ခဏခဏ ပြန်ဖြစ်တတ်ပါတယ်။ ခဏခဏ ဖြစ်တတ်ပေမယ့် တစ်ခါနဲ့တစ်ခါ ရောဂါပြင်းထန်မှုကလည်း လျော့နည်းလာပါတယ်။

ရောဂါလက္ခဏာတွေကတော့-

    မျိုးပွားအင်္ဂါလမ်းကြောင်း၊ သားအိမ်ခေါင်းနဲ့ မွေးလမ်းကြောင်းတွေမှာ အရည်ကြည်ဖုများ၊ အနာများ ဖြစ်လာခြင်း
    အမျိုးသမီးအင်္ဂါမှ အရည်ဆင်းခြင်း
    ယားယံခြင်းနှင့် နာကျင်ခြင်း
    အကျိတ်များကြီး၍ နာခြင်း
    ဆီးသွားစဉ် နာကျင်ခြင်း
    ကိုယ်ပူခြင်း
    နုံးချိခြင်း
    ပါးစပ်၊ နှုတ်ခမ်းနားတစ်ဝှိုက်တွင် အနာများဖြစ်ခြင်း
    အရေပြားပေါ်တွင် မီးလောင်ဖုကဲ့သို့ အဖုများဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။

အများအားဖြင့် အနာတွေကျက်လာတဲ့အခါ အမာရွတ် သိပ်မကျန်တတ်ပါဘူး။

နှုတ်ခမ်းနှင့် လိင်လမ်းကြောင်းအပြင် ဘယ်လို နေရာတွေ ကူးစက်နိုင်သေးလဲ

ရေယုန်ဟာ နှုတ်ခမ်း၊ ပါးစပ်၊ လိင်လမ်းကြောင်း၊ စအိုဝကနေတဆင့်လည်း ကူးစက်တတ်ပါတယ်။ ဒါ့အပြင် အရေပြားနဲ့ မျက်စိကနေတဆင့်လည်း ကူးနိုင်ပါသေးတယ်။ ရောဂါပိုးရှိသူနဲ့တူတူ ထမင်းဟင်းပန်းကန်များ၊ တဘက်များ၊ ရေချိုးဇလုံ အစရှိသည်တို့ မျှဝေသုံးစွဲခြင်း၊ အလုပ်တူတူလုပ်ရုံမျှနဲ့တော့ မကူးစက်နိုင်ပါဘူး။

    ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
    ပုံမှန်မဟုတ်သော လိင်ဆက်ဆံနည်းများ (စအို၊ ပါးစပ်)ဖြင့် လိင်ဆက်ဆံခြင်းတို့နဲ့ ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာမပေါ်ခင်ကတည်းက တခြားသူတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ မိခင်ကနေတစ်ဆင့် ကလေးကိုလည်း ကူးစက်နိုင်ပါတယ်။ မိခင်ကနေတစ်ဆင့် ကလေးကိုလည်း ကူးစက်နိုင်ပါတယ်။ မမွေးခင် ကူးတာကတော့ ရှားပါတယ်။ မွေးလမ်းကြောင်းမှာ အနာဖြစ်နေတဲ့အချိန် မီးဖွားတဲ့အခါ ကလေးကို ကူးစက်နိုင်ပါတယ်။

ကုသနိုင်တဲ့ နည်းလမ်းတွေ ရှိလား

ရေယုန်ကို ကုသတဲ့နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ်။ အိမ်တွင်းကုထုံးတွေ၊ သောက်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ အိမ်တွင်းကုထုံးတွေကို အရင်ဖော်ပြပေးချင်ပါတယ်။

    ချိုးမယ့်ရေထဲမှာ ဆားအနည်းငယ်ခပ်ပြီးမှ ရေချိုးပါ။
    အနာဖြစ်နေတဲ့ နေရာမှာ ကျပ်စည်းတာမျိုးကို ရှောင်ပါ။
    ကိုက်တာခဲတာ အရမ်းဆိုးနေရင် အကိုက်အခဲပျောက်ဆေး သောက်ပါ။
    ရေနွှေးနွှေးလေးနဲ့ ရေချိုးပါ။
    အနာဖြစ်နေတဲ့နေရာကို ထိကိုင်ပြီးရင် လက်ကိုသေချာ ဆေးကြောပါ။
    လိင်ဆက်ဆံတာကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
    အတူနေမယ်ဆိုရင်လည်း ကွန်ဒုံးသုံးပါ။

ရေယုန်အတွက် သောက်ဆေးကတော့ Acyclovir ဖြစ်ပါတယ်။ Acyclovir က Herpes ဗိုင်းရပ်စ်ပွားခြင်းကို တားဆီးပေးပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာမပြင်းထန်အောင် ကာကွယ်ပေးပါတယ်။ ပထမဦးဆုံး စဖြစ်တဲ့လက္ခဏာအတွက် သောက်ဆေးညွှန်းပေးပေမယ့် ခဏခဏ ပြန်ဖြစ်တာကျတော့ အရမ်းမပြင်းထန်တဲ့အတွက် သောက်ဆေးတောင် မလိုတော့ပါဘူး။

နောက်ပြီး ရေယုုန် တစ်ပတ်ပြည် ့ရင်သေတယ်ဆိုု တာ လဲ မဟုုတ်ပါဘူးနော်။ တစ်ပတ်လောကဆိုုရင် ရေယုုန် အနာ သေ ပြီး ပျောက်သွားတတ်တာကိုု ပြောတာပါ။

No comments