New Artical

ဆေးကုလားမ(Tragacanth Gum Herb) ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

 


ဆေးကုလားမ(Tragacanth Gum Herb) ဆိုတာ

ဆေးကုလားမဆိုတာက အရှေ့အလယ်ပိုင်း၊ အီရတ်၊အီရန် နဲ့ အနောက်အာရှဒေသတွေမှာ ပေါက်ရောက်တဲ့ ခုံျပင်တစ်မျိုးက နေရရှိတာဖြစ်ပါတယ်။ အဆိုပါချုံပင်ရဲ့ အကိုင်း (သို့) အမြစ်ကနေ ဆေးကုလားမကို ခြစ်ထုတ်ရယူရတာ ဖြစ်ပါတယ်။ ဆေးကုလားမက စေးပျစ်ပျစ်သဏ္ဍန်ရှိပြီး အနံ့ရော အရသာပါ မရှိပါဘူး။ သစ်ပင်အစေးကို ခြစ်ထုတ်ရယူပြီး အခြောက်ခံထားတာ ဖြစ်ပါတယ်။ရေစိမ်လိုက်တဲ့ အခါမှသာ ပွလာပြီး ဂျယ်လီလိုမျိုး အနှစ်တွေဖြစ်ပေါ် လာတာဖြစ်ပါတယ်။

ဆေးကုလားကို ရှေးယခင်ကတည်း ကချောင်းဆိုးတာနဲ့ ဝမ်းလျှောတာတွေကို ကုသရာမှာ သဘာဝဆေး တစ်လက်အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ဆေးကုလားမအနှစ်ကို အပူလောင်ဒဏ်ရာတွေ အတွက်လည်းသုံးသလို ဆေးတွေထုတ်လုပ်ရာမှာလည်း အသုံးပြုကြပါတယ်။ အစားအသောက်တွေထဲမှာ ထည့်သွင်းသုံးဆောင်တာမျိုးတွေ ရှိပါတယ်။ ဆေးကုလားမနဲ့ ပတ်သက်ပြီး သိထားလို့ အကျိုးမမဲ့နိုင်တဲ့ အကြောင်း အရာလေးအချို့ ကိုမျှဝေပေးချင်ပါတယ်။

ဆေးကုလားမရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ဆေးကုလားမကို စားသောက်ဖွယ်ရာတွေကို ပျစ်စေတဲ့အရာအနေနဲ့ဖြဟ်ဖြစ်ဆေးတွေထုတ်လုပ်ရာမှာ binder အနေနဲ့ဖြစ်ဖြစ်ဆေးတွေခဲစေတဲ့အရာအနေနဲ့ဖြစ်ဖြစ် အသုံးပြုကြသလို ကုန်ထုတ်လုပ်ငန်းတွေဖြစ်ကြတဲ့ စက္ကူထုတ်လုပ်တဲ့လုပ်ငန်း၊ အလှကုန်ထုတ်လုပ်တဲ့လုပ်ငန်းနဲ့အထည်အလိပ်ထုတ်လုပ်မှုတွေမှာလည်းဆေးကုလားမကိုအသုံးပြုကြပါတယ်။ဆေးကုလားမကနေ ရရှိတဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ –

(၁)အပူရှပ်တာကို သက်သာစေခြင်း

ဆေးကုလားမမှာ အပူဒဏ်ကိုသက်သာစေတဲ့ အစွမ်းသတ္တိများစွာရှိပါတယ်။ နွေရာသီမှာ ဆေးကုလားမဖျော်ရည်သောက်သုံးပေးတာကခန္ဓါကိုယ်ကို အပူဒဏ်သက်သာစေဖို့အတွက် အထောက်အကူရရှိစေမှာဖြစ်ပါတယ်။ဆေးကုလားမက ခန္ဓါကိုယ်ရဲ့ အပူချိန်ကိုလျော့ ကျစေပြီး အေးမြအောင်လုပ်ဆောင်ပေးပါတယ်။ အပူရှပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးမှာဖြစ်ပါတယ်။ဆေးကုလားမက ပူလွန်းတဲ့ရာသီ မှာ ကလေးတွေမှာအဖြစ်များတဲ့ နှာခေါင်းသွေးလျှံတာမျိုးဖြစ်တဲ့အခါမှာလည်းသွေးတိတ်အောင်လုပ်ဆောင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

(၂) အမျိုးသားတွေမှာ စွမ်းဆောင်ရည်မြင့်တက်စေခြင်း

ဆေးကုလားမက အမျိုးသားတွေမှာ စွမ်းဆောင်ရည်တိုးတက်စေနိုင်တဲ့ အကောင်းဆုံးသော အစားအစာတစ်မျိုးဖြစ်ပါတယ်။နေ့စဉ်စားသုံးပေးမယ်ဆိုရင် အမျိုးသားတွေမှာ စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်အောင်အထောက်အပံ့ပေးမှာဖြစ်ပါတယ်။ဆေးကုလားမ အမျိုးသားတွေအတွက် ထိရောက်ပြီးဘေးကင်းတဲ့ ကာမအားတိုးဆေးတစ်ရပ်ဖြစ်ပါတယ်။

(၃) ဆီးမထိန်းနိုင်တာကို သက်သာစေခြင်း

ဆီးမထိန်းနိုင်သူတွေအနေနဲ့ ဆေးကုလားမကိုစားသုံးပေးသင့်ပါတယ်။ဆေးကုလားမက ဆီးမထိန်းနိုင်တာကို သက်သာစေတဲ့အကောင်းဆုံးသောဆေးတစ်လက်ဖြစ်ပါတယ်။ဆေးကုလားမက ဆီူလမ်းကြောင်းတစ်လျှောက်က ကြွက်သားတွေကိုပြေလျော့စေအောင်လုပ်ဆောင်ရာမှာ အထောက်အကူပြုသလို ဆီးမထိန်းနိုင်ဖြစ်တာကိုလည်း သက်သာစေပါတယ်။

(၄) အရေပြားနဲ့အလှအပ အတွက်လည်းအကျိုးပြုခြင်း

ဆေးကုလားမက အရေပြားအတွက် အရမ်းကိုအကျိုးကျေးဇူးရှိသလို အလှအပအတွက်လည်း အကျိုးပြုပါတယ်။ဆေးကုလားမမှာ အသက်အရွယ်အိုမင်းမှုကို တိုက်ဖျက်ပေးတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ မျက်နှာမှာအရွယ်မတိုင်ခင် အရေးအကြောင်းတွေမဖြစ်အောင်လုပ်ဆောင်ပေးသလို ခန္ဓါကိုယ်ကိုလည်း သွယ်လျလှပစေပါတယ်။

(၅) အမျိုးသမီးတွေမှာ ရင်သားဖွံ့ဖြိုးစေခြင်း

အမျိုးသမီးအချို့က သူတို့ရဲ့ရင်သားအရွယ်အစားနဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ်တတ်ပါတယ်။ဆေးကုလားမက ရင်သားဖွံ့ထွားစေဖို့အတွက် အရမ်းကိုထိရောက်အသုံးဝင်ပါတယ်။ ရင်သားဖွံ့ထွားလှပလိုတဲ့ အမျိုးသမီးတွေအနေနဲ့ဆေးကုလားမကိုနေ့စဉ် စားသုံးပေးမယ်ဆိုရင် ရင်သားပြည့်ဖြိုးလာမှာဖြစ်ပါတယ်။ဆေးကုလားမမှာ ရင်သားဖွံ့ထွားစေတဲ့ သဘာဝဆေးဖက်ဝင်အစားအစာတစ်မျိုးဖြစ်ပါတယ်။

(၆) ဝမ်းချုပ်တာကို သက်သာစေခြင်း

ဆေးကုလားမမှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့အာနိသင်ရှိတာကြောင့် ဝမ်းချုပ်တဲ့သူတွေအတွက်အရမ်းကိုသင့်တော်ပါတယ်။ဆေးကုလားမက ဝမ်းနုတ်ဆေးလို လုပ်ဆောင်ပေးတာကြောင့် ဝမ်းသွားရတာအဆင်ပြေစေပါတယ်။

(၇) မီးဖွားပြီးစ မိခင်တွေအတွက်အထူးသင့်တော်ခြင်း

မီးဖွားပြီးတဲ့အချိန် အမျိုးသမီးတွေကအရမ်းအားနည်းနေတတ်ပါတယ်။ဆေးကုလားမက မီးဖွားပြီးစ မိခင်ေတွေကို အားပြန်ပြည့်စေပြီး မခင်ဖြစ်လာတဲ့အခါ ကြုံတွေ့ရတဲ့ အခြားစိန်ခေါ်မှုတွေကိုလည်းဖြေရှင်းနိုင်အောင်လည်း အထောက်အကူပေးပါတယ်။ ရာသီသွေးဆင်းချိန်မျာ ရာသီသွေးအဆင်းများတာကိုထိန်းချုပ်ရာမှာလည်း အထောက်အပံ့ပေးပါတယ်။ဆေးကုလားမက မိခင်ရောကလေးငယ်အတွက်ပါ အကျိုးကျေးဇူးရရှိစေပါတယ်။

ဆေးကုလားမရဲ့ အသုံးဝင်ပုံအချို့

  • ဆေးကုလားမကိုချောင်းဆိုးတာနဲ့ဖျားနာတာတွေသက်သာအောင်စေဖို့အတွက်အသုံးပြုနိုင်သလို ဝမ်းလျှောတာကိုသက်သာစေဖို့ လည်းအသုံးပြုပါတယ်။
  • သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။
  • စေးကပ်တဲ့အစွမ်းသတ္တိရှိတာကြောင့် အံကပ်လုပ်ရာမှာအသုံးပြုလေ့ရှိပါတယ်။
  • အပူလောင်နာတွေကို လိမ်းပေးလို့ရတယ်။
  • ဝမ်းလျှောတာနဲ့ဝမ်းချုပ်တာတွေအတွက် အသုံးပြုနိုင်တယ်။
  • ကင်ဆာကျိတ်တွေမဖြစ်အောင်ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်တယ်။
  • ခံတွင်းအနာတွေကိုသက်သာစေတယ်။
  • ရင်ပူတာကိုသက်သာစေတယ်။ဆေးကုလားမကို တစ်ညလုံးရေစိမ်ထားပြီး မိုးလင်းချိန်မျာ စားပေးခြင်းဖြင့် ခန္ဓါကိုယ်ကို အပူဒဏ်ကနေသက်သာစေနိုင်တယ်။
  • ဆေးကုလားမက ခန္ဓါကိုယ်အပူချိန်ကိုကျဆင်းစေနိုင်တယ်။

ဆေးကုလားမနဲ့ပတ်သက်ပြီး သတိထားသင့်တဲ့အချက်များ

  • ဆေးကုလားမကို စားသုံးမယ်ဆိုရင် ရေကိုလုံလောက်တဲ့ ရေပမာဏနဲ့ စိမ်ပေးပါ။ ရေမဝတဲ့အခါ ဆေးကုလားမ အူပိတ်စေနိုင်သလို သီးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
  • အပင်တွေရဲ့ အစေးတွေနဲ့ ဓါတ်မတည့်တဲ့ဝေဒနာရှိသူတွေအနေနဲ့ဆေးကုလားမကိုမစားသုံးသင့်ပါဘူး။
  • ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေစားသုံးဖို့လည်း မသင့်တော်ပါဘူး။
  • quillaia bark နဲ့ ဓါတ်မတည့်တဲ့ သူတွေအနေနဲ့ ဆေးကုလားမကို စားသုံးတဲ့အခါ အသက်ရှု လမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်နိုင်တာကြောင့် မစားသုံးသင့်ပါဘူး။
  • ဆေးကုလားမကို အလွန်အကျွံစားသုံးတဲ့အခါ ဝမ်းလျှောတာ၊ဝမ်းချုပ်တာ၊ဗိုက်အောင့်တာ၊လေပွတာ၊ဓါတ်မတည့်တာကြောင့် ဖျားနာတာ၊အရေပြားမျာအနီရောင်အဖုအပိမ့်တွေထွက်တာမျိုးတွေကိုဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ဘယ်လိုစားသုံးနိုင်သလဲ

  • အချိုပွဲတွေနဲ့အခြားစားသောက်ဖွယ်ရာတွေထဲမှာ ထည့်သွင်းစားသုံးနိုင်ပါတယ်။ရေခဲမုန့်ထဲလည်းထည့်စားလို့ရပါတယ်။
  • အချိုပွဲ အသုပ်တွေထဲကိုလည်း ထည့်ပြီးစားသုံးလို့ရပါတယ်။
  • ဖျော်ရည်တွေထဲမှာလည်း ထည့်ပြီးသောက်သုံးလို့ရပါတယ်။
  • ချိစ်အနှစ်တွေနဲ့ပူတင်းတွေထဲမှာလည်း ထည့်စားလို့ရပါတယ်။
  • အချိုရည်တွေထဲမှာလည်း ထည့်ပြီးသောက်လို့ရပါတယ်။

ဘယ်လောက်ပမာဏစားသုံးနိုင်မလဲ

စားသုံးသူရဲ့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ အခြားအကြောင်း အချက်တွေအပေါ်မှာ အခြေခံပြီး ဆေးကုလားမကို စားသုံးနိုင်တဲ့ ပမာဏချင်း ကွဲပြားပါတယ်။ လက်ရှိအချိန်ထိ ဆေးကုလားမကို ဘယ်လောက် ပမာဏ စားသုံးသင့်လဲဆိုတာကို သေသေချာချာ မသိကြသေးပါဘူး။ သဘာဝဆေးတိုင်း ဥပါဒ်မဖြစ်ဘူး ဆိုတာတော့ မဟုတ်ဘူးဆိုတာကို သိနားလည်ဖို့လိုပါတယ်။ အရာရာက တန်ဆေးလွန်ဘေးပါ။ အသုံးမပြုခင်မှာ တတ်သိနားလည်သူနဲ့တိုင်ပင်ပြီးမှာ ကျန်းမာရေးနဲ့သင့်တော်တဲ့ ပမာဏလောက်ပဲစားသုံးပေးသင့်ပါတယ်။

HelloSayarwon

No comments