New Artical

ကာကွယ်ဆေးဝယ်ရန် လှူဒါန်းထားသော ကျပ်သိန်း ၇၅၀ ကျော်ကို We Love Bago က အလှူရှင်များထံပြန်အပ်

 


ကာကွယ်ဆေးဝယ်ရန် လှူဒါန်းထားသော ကျပ်သိန်း ၇၅၀ ကျော်ကို We Love Bago က အလှူရှင်များထံပြန်အပ်

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် စေတနာရှင်များက လှူဒါန်းထားသော အလှူ ငွေ ကျပ် သိန်း ၇၅၀ ကျော်ကို အလှူရှင်များထံ ပြန်လည်ပေးအပ်သွားမည်ဖြစ် ကြောင်း We Love Bago အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။


လှူဒါန်းငွေများကို ဖေဖော် ဝါရီ ၅ ရက်မှ ၁၀ ရက်နေ့ အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအ တွင်း ပဲခူးမြို့ သီရိဟံသာခန်းမ၌ လာရောက် ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျွန်တော်တို့ အလှူငွေ အားလုံးကို အလှူရှင်တွေ လက်ထဲ ပြန်အပ်နေပါတယ်။ တချို့ကျတော့ ပြန်လိုချင်ကြတယ် ဆိုတာမျိုး ပြောဆိုလာတာတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကြောင့် သူ့မျက်နှာနဲ့ လှူကြတယ်။


အခုကတော့ နိုင်ငံရေး အခြေအနေအရ ပြည်သူ့ အစိုးရ အုပ်ချုပ်တာမဟုတ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အလှူရှင်တွေ လက်ထဲပြန်အပ်ဖို့ ဆုံး ဖြတ်လိုက်တာ ဖြစ်ပါတယ် ’’ဟု We Love Bago မှ အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

လက်ရှိအခြေအနေတွင် ပဲခူးမြို့နယ်အတွင်းရှိ အလှူရှင် ၇၅ ဦးက ပါဝင်လှူဒါန်းထားရာ အလှူငွေစုစုပေါင်း ကျပ်သိန်း ၇၅,၇၇၀,၀၀၀ ရှိပြီး ယင်းငွေများ ကို အလှူရှင်တစ်ဦးချင်းအလိုက် စနစ်တကျ ပြန်လည်အပ်နှံသွား မည်ဟု ၎င်းကရှင်းပြသည်။

We Love Bago ပရဟိတအဖွဲ့အနေဖြင့် ပဲခူးမြို့ရှိ အလှူရှင်များ ထံမှ အလှူငွေများ ကောက်ခံခဲ့ရာ ပထမအကြိမ်တွင် ကျပ်သိန်း ၁,၀၀၀ ဒုတိယအကြိမ်တွင် ကျပ်သိန်း ၁,၀၀၀ ဖြင့် စုစုပေါင်းကျပ်သိန်း ၂,၀၀၀ ကို ကျန်းမာရေးဦးစီးဌာန ဘဏ်အကောင့်သို့ လှူဒါန်းခဲ့ပြီးဖြစ်သည်။

ထို့အပြင် ကာကွယ်ဆေး ဝယ်ယူရေး အတွက် ဖေဖော်ဝါရီ ၂၃ ရက်တွင် တတိယအကြိမ်စုပေါင်းလှူဒါန်းရန် မျှော်မှန်းထားရာ လက်ရှိအခြေအနေများကြောင့် ဆက်လက်လှူဒါန်းသွား ရန် မရှိတော့ပေ။

Source -7 Day

No comments