New Artical

ကျေးလက်ဟင်းလျာဒေသစာ… ကြောင်လျှာပွင့်သုပ်

 


ကြောင်လျှာပွင့်၊ သခွပ်ပွင့်၊ မလွှပွင့်နဲ့ လက်ပံပွင့်တွေဆိုတာက ကျေးလက်ဒေသ ရဲ့ သဘာဝဟင်းလျာများလို့ ဆိုရမှာပါ။ ကြောင်လျှာပင်ဆိုရင် အပွင့်သာမက အသီး၊ အရွက်၊ အညွန့်ကစပြီး အခေါက်နဲ့ အမြစ်အထိ အရာအားလုံးက ဆေးဖက်ဝင်တာ ဖြစ်လို့ ကြောင်လျှာတစ်ပင်စိုက်ထားရင် ပဥ္စငါးပါးစလုံး အသုံးချလို့ရတယ်လို့ ဆိုကြ ပါတယ်။ ကြောင်လျှာပင်ရဲ့ အရွက်၊ အမြစ်နဲ့ အခေါက်တွေကို ပရဆေးအနေနဲ့ သုံးစွဲကြ သလို အညွန့်၊ အဖူး၊ အပွင့်၊ အသီးတွေကိုတော့ ဟင်းလျာအဖြစ် စားသုံးကြပါတယ်။

 

ပါဝင်ပစ္စည်းများ

ကြောင်လျှာပွင့်-  ၂၀ ပွင့်

ဆီ-  ၅ မတ်သား / သင့်တင့်ရုံ

ပုစွန်ခြောက်မှုန့်-  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်နီ-  ၂ လုံး

ပဲမှုန့်၊ နှမ်းလှော်-  အနည်းငယ်

ဆား၊ နနွင်းမှုန့်၊ ငံပြာရည်-  သင့်ရုံ

ချက်နည်း

၁။  ကြောင်လျှာပွင့်များကို နှစ်ခြမ်းခွဲ၊ ဝတ်ဆံများဖယ်၍ အပွင့်များနူးအောင် ရေနွေး ဖြောပြီး ရေအေးမှာ  စိမ်ပါ။

၂။  ကြက်သွန်နီပါးပါးလှီးပြီး ဆီချက် ချက်ထားပါ။

၃။ ရေအေးစိမ်ထားသော ကြောင်လျှာပွင့်များကို ရေစင်အောင် ညှစ်ပြီး အနေတော် အရွယ် သင်ထားပါ။

၄။ အားလုံးပြီးက သင်ထားတဲ့ ကြောင်လျှာပွင့်များကို ပန်းကန်တစ်ချပ်ထဲ ထည့်၍ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်ဖြူး၊ ငံပြာရည်ဖျန်း၊ ဆီကျက်လောင်းပြီး ဖွဖွနယ်သုပ်ပါ။

၅။ အပေါ့အငန်မြည်း၍ နှမ်းလှော်လေးဖြူးပြီးလျှင် ကြောင်လျှာပွင့် အဆိမ့်သုပ်

လေး ရပါပြီ။ ချဉ်စပ်အရသာနှစ်သက်ပါက ငရုတ်သီးစိမ်းတောင့် ပါးပါးလှီး

ထည့်၊ သံပရာရည်ညှစ်ပြီး စားသုံးနိုင်ပါတယ်။

Ref : tastewindow

 

 

No comments