New Artical

ဒေါသဖြေနည်း (၁၁) နည်း


ဝိသုဒ္ဓိမဂ်မှာ ….ဒေါသဝင်လာရင် ဖြေဖျောက်နည်း၁၁-နည်းကို ပေးထားပါတယ်။

၁၊ မေတ္တာပွား၍ ဖျောက်ခြင်း၊

၂၊ မြတ်စွာဘုရား၏ အဆုံးအမသြဝါဒကိုဆင်ခြင်၍ ဖျောက်ခြင်း၊

၃၊ ရန်သူ၏ ကောင်းကွက်ကို ရှာ၍ ဖျောက်ခြင်း၊

၄၊ သနား၍ ဖျောက်ခြင်း၊

၅၊ မိမိကိုယ်ကို ဆုံးမ၍ ဖျောက်ခြင်း၊

၆၊ ကမ္မဿကတာဉာဏ်ဖြင့် ဖျောက်ခြင်း၊

၇၊ သည်းခံပုံ ဇာတ်တော်လာ နည်းများဖြင့်ဖျောက်ခြင်း၊

၈၊ သံသရာတစ်လျှောက်၌ဆွေမျိုးမတော်ခဲ့သူမရှိဟု ဆင်ခြင်၍ ဖျောက်ခြင်း၊

၉၊ မေတ္တာအကျိုးကို ဆင်ခြင်၍ ဖျောက်ခြင်း၊

၁၀၊ ဓာတ်ခွဲ၍ ဖျောက်ခြင်း၊( သင်သည်ဆံပင်စသည်ကို အမျက်ထွက်သလော ပထဝီဓာတ်စသည်ကို အမျက်ထွက် သလော စသည်ဖြင့် )၊

၁၁၊ ဥစ္စာပေးယူ၍ ဖျောက်ခြင်း၊  အားလုံးပေါင်း ၁၁-နည်းပါ။

ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ဒေါသရန်ငြိုးကို..အထက်က ၁၁-နည်းထဲက ကိုယ်နှစ်သက်ရာတစ်နည်းနည်းနဲ့ ဖျောက်ပါတဲ့။ မေတ္တာပွားမယ့်ပုဂ္ဂိုလ်ဟာ ဒေါသရန်ငြိုးကို ဖြစ်တဲ့နည်းနဲ့ ဖျောက်ရပါမယ်။ ဒါမှလည်းမေတ္တာပွားလို့ရမှာပါ။

ရန်ငြိုးဖျောက်နည်း ၁၁-နည်းထဲကကိုယ်နှစ်သက်ရာ တစ်နည်းနည်း သိရှိနားလည်ခြင်းဖြင့် ဒေါသပါးအောင် ကျင့်ဆောင်နိုင်ကြပါစေ၊၊

အရှင်ရဝေနွယ်  အင်းမ

No comments