New Artical

အသက်ရှည်သူတွေရဲ့ လျှို့ဝှက်ချက်


အသက်ရှည်သူတွေရဲ့ လျှို့ဝှက်ချက်

ကမ္ဘာတစ်ဝန်းရှိ ရောဂါမရှိသူတွေ၊ နာမကျန်းမဖြစ်သူတွေကို ကြည့်ပါ။ အများလက်ခံနိုင်တဲ့သဘောထားများကို မတွေ့ရသလောက်ပါပဲ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အပြုအမူတိုင်းကို လိုက်နာနေတာမဟုတ်ပေမဲ့ အသက်ရှည်တဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပါ။

😱 လူတစ်ဦးရဲ့ မျိုးရိုးဗီဇကိုပဲ ကြည့်လို့မရပါဘူး။

😱 သူ့ရဲ့ အစားအသောက်ပုံစံကိုလည်း ကြည့်လို့မရပါဘူး။

😱 အသက်ရှည်တဲ့သူတွေထဲက တချို့က ဆေးလိပ်သောက်ကြတယ်။

😱 တချို့က မျောက်သားကိုအစိမ်းစားကြတယ်။

😱 တချို့က နို့နှင့်နို့ထွက်ပစ္စည်းတွေကို စားကြတယ်။

😱 တချို့က သက်သတ်လွတ်စားကြတယ်။

😱 တချို့က ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ကြဘူး။

😱 တချို့က လမ်းလျှောက်ရုံ လျှောက်ကြတယ်။

အသက်ရှည်သူများမှာ တွေ့ရတတ်တဲ့ အပြုအမူများ
———————————————

👍🏻 များသောအားဖြင့် သူတို့ကကောင်းကောင်းအိပ်ကြသူများ ပဲဖြစ်ပါတယ်။

👍🏻 အထင်ရှားဆုံး အများလက်ခံတဲ့ သဘောထားကတော့ သူတို့ရဲ့ အတွေးပါ။

👍🏻 သူတို့တွေက သိပ်ပြီး အပြုသဘာဆောင်၊ အကောင်းမြင်သူများ ဖြစ်ကြပါတယ်။

👍🏻 သူတို့က ဘဝကို သိပ်အလေးအနက်ထားသူများ မဟုတ်သလို သိပ်လည်းပူပန်သောက မထားကြဘူး။ သူတို့က အပူအပင်မရှိ၊ ရွှင်ရွှင်ပျပျနေထိုင်တတ်ကြသူများဖြစ်တယ်။

👍🏻သူတို့က နေ့စဉ် တစ်ဦးနှင့်တစ်ဦး ကျေးဇူးတင်တတ်တဲ့ စိတ်ဓာတ်နှင့် နှုတ်ဆက်နိုင်ကြသူများလည်း ဖြစ်တယ်။

👍🏻  စိတ်နေသဘောထား (attitude) ကအမှန်တကယ်ခြားနားခြင်းကို ဖြစ်စေတယ်။ အတွေးများက ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုရှိတယ်။

👍🏻 အတွေးများက သင့်ကျန်းမာရေးကို အံ့သြလောက်အောင် သက်ရောက်မှု ရှိနိုင်ပါတယ်။

Credit:

No comments