အချိန်ကုန်သက်သာစေမည့် သန့်ရှင်းရေးမည်းလမ်းများ
အိမ်သန့်ရှင်းရေးကို မြန်မြန်ဆန်ဆန်နဲ့ သပ်သပ်ရပ်ရပ်လုပ် ဆောင်နိုင်ဖို့ ဆိုတာအိမ်ရှင်မတိုင်းသိချင်ကြတဲ့ အရာပါ။
အောက်ပါနည်းလမ်းလေးတွေကတော့ သင့်ကိုကူညီနိုင်မယ့် န ည်းလမ်းလေးတွေပါပဲ။
မွေ့ရာတွေကိုသန့်ရှင်းရေးလုပ် မယ်ဆိုရင်... မွေ့ရာရဲ့ အပေါ်ဖက်ကိုဖုန်စုပ်စက်နဲ့ သန့်ရှင်းရေးလုပ်ပြီးအယ် လ်ကိုဟော (Alcohol) တစ်ဆ၊ ရေနှစ်ဆရောထားတဲ့ စပရေး လေးနဲ့ ဖျန်းပေးလိုက်ပါ။ ဒီနည်းလမ်းလေးကရောဂါပိုးမွှားတွေ ကို လည်းသေစေနိုင်ပါတယ်။
ဖျော်ရည်စက်တွေကိုဆေးကြောချင် တယ်ဆိုရင် ရေအနည်းငယ်နဲ့ ဆပ်ပြာလေးတစ်စက်၊ နှစ်စက်လောက်ကို ဖျော်စက်ထဲထည့်လိုက်ပြီးလည်ပေး လိုက်ရုံပါပဲ။
အဝတ်အစားတွေ တောက်ပစေချင်တယ်ဆိုရင်... ဆားဖန်ခွက်တစ်ဝက်စာလောက်ကိုအဝတ် တွေနဲ့အတူအဝတ် လျှော်စက်ထဲထည့်လျှော်လိုက်ပါ။
ဟင်းအိုးတွေကို ကြာရှည်အသုံးခံချင်တယ်ဆိုရင်... အေးသွားတဲ့အချိန်ထိစောင့်ဆိုင်း ပြီးမှ ဆေးကြောပါ။
အကင်ဒယ်အိုးကိုသန့်ရှင်းရေးလုပ် ချင်တယ်ဆိုရင် ကြက်သွန်နီတစ်ခြမ်းကိုခက်ရင်းနဲ့ ထိုးပြီးအိုးပူနေတဲ့အချိန်မှာပွ တ်တိုက်လိုက်ပါ။ ဒီလိုလုပ်ခြင်းကအစားအသောက်တွေကို လ ည်းပိုအရသာရှိစေပါတယ်။
အဝတ်အထည်တွေ၊ နံရံကပ်စက္ကူတွေပေါ်ကအစွန်းအ ထင်းတွေကိုဖယ်ရှားချင်တယ်ဆိုရင် ..... ။ အစွန်းအထင်းနေရာကိုမြေဖြူနဲ့ ပွတ်တိုက်ပြီးငါးမိနစ်လောက် ထားလိုက်ပါ။ ပြီးမှ အဝတ်စိုလေးနဲ့ ပြန်သုတ်ပေးလိုက်ပါ။ အစ္စ န်းအထင်းကသိပ်များနေတယ်ဆိုရင်တေ ာ့ ဒီလိုမျိုးအကြိမ်ပေါင်း များစွာလုပ်ပေးဖို့ လိုပါလိမ့်မယ်နော်။
ရွှေထည်တွေကိုဝင်းလက်တောက်ပစေချ င်တယ်ဆိုရင်
အဝတ်ပိုင်းလေးတစ်ခုကိုဘီယာထဲ နှစ်ပြီးရွှေထည်လေးကိုပွတ်
တိုက်ပေးလိုက်ပါ။ ဒါပေမဲ့ စိန်ထည်တွေမှာတော့ ဒီနည်းလမ်း | ကိုအသုံးမပြုပါနဲ့။ ဘီယာကစိန်ထည်တွေကိုပျက်စီးစေနို င် လို့ပါ။
ဈေးနှုန်းကပ်ခွာတွေကိုအစအနမကျန် အောင် ဖယ်ရှားချ င်တယ်ဆိုရင်...၊
ဆံပင် လေမှုတ်စက်နဲ့ တစ်မိနစ်၊ နှစ်မိနစ်လောက် အပူပေးပြီးမှ ခွာလို က်ပါ။
အဝကျဉ်းတဲ့ ပုလင်းတွေကိုသန့်ရှင်းရေးလုပ်ချ င်တယ် ဆိုရင်... ကြက်ဥခွံတွေနဲ့ အတူဆပ်ပြာအနည်းငယ်ကိုပုလင်းထဲ ထည့်ပြီး ခါလိုက်ပါ။ မိနစ်အနည်းငယ်ထားပြီးရေနဲ့ ပြန်ဆေးကြောလိုက်ပါ။
အခုပြောပြသွားတဲ့ သန့်ရှင်းရေးနည်းလမ်းလေးတွေကို သဘော ကျနှစ်ခြိုက်မိတယ်ဆိုရင် ဒီစာစောင်လေးကို မျှဝေပေးသွားပါ ဦးနော်။
No comments